Subscribe Us

header ads

Backlight Bleeding သို့ LCD Screen များရဲ့ ပြဿနာ

LCD မျက်နှာပြင်ဟာ ကိုယ်ပိုင်အလင်းမထုတ်နိုင်ပါဘူး ဒါကြောင့်သူကိုအနောက်မှာ အလင်းပေးဖို့ CCFL သို့ LCD တစ်ခုခုနဲ့အနောက်ကနေထိုးထားပေးရပါတယ်။ Backlight Bleeding ပြဿနာဆိုတာက အလင်းကို ၁ဝဝရာခိုင်နှုန်းပိတ်မထားနိုင်တဲ့အခါ ပိုနေတဲ့အလင်းကအပြင်အစွန်းဘက်ကိုလျှံထွက်လာတဲ့ပြဿနာတစ်ခုပါ။ Backlight Bleeding ကပုံမှန်အားဖြင့်ဆိုလို့ရှိရင် မှောင်နေ သို့ မဲနေတဲ့ Background တစ်ခုကိုပြတဲ့အခါ အလင်းပေါက်အရာလေးတွေကို မြင်နေရခြင်းပါ။


စိတ်မကောင်းစရာပါပဲ LCD monitors အများစုဟာ Backlight Bleeding ပြဿနာတွေနည်းနည်းလေးတော့ရှိနေကြပါတယ် ဘာကြောင့်လဲဆိုတော့ LCD Panel တွေရဲ့အလင်ဖောက်နိုင်မှုရယ် မော်နီတာထုတ်လုပ်စဉ်က အသုံးပြုထားတဲ့ material တွေကအလင်းကိုလုံးပိတ်ဆို့ထားနိုင်ခြင်းမရှိတာကြောင့်ဖြစ်ပါတယ်။ ဒါကြောင့်က Backlight Bleeding ဖြစ်တဲ့အခါသာမန်မျက်လုံးနဲ့အလွယ်တကူမြင်ရတာဖြစ်ပါတယ်။

Monitorသို့ LCD TV မှာ Backlight Bleeding ဖြစ်မဖြစ်ကိုဘယ်လိုကြည့်ရမလဲဆိုတော့ အနက်ရောင်နောက်ခံပုံတစ်ခုခုကို ထားပေးခြင်းအားဖြင့် ဘယ်နားမှာ Bleeding ဖြစ်နေသလဲဆိုတာတွေ့ရမှာပါ။
အောက်ကပြထားတဲ့ပုံမှာတော့ Monitor ရဲ့အပေါ်ဘယ်ဘက်ထောင့်နဲ့ အောက်ညာဘက်ထောင့်နားမှာ Backlight Bleeding ဖြစ်နေတာကိုတွေ့ရမှာဖြစ်ပါတယ်။


Backlight Bleeding ဖြစ်မှုကိုလျော့ချခြင်း

သာမန်အားဖြင့် LCD Screen တွေမှာ Backlight Bleeding ကိုလုံးဝပျာက်သွားအောင်လုပ်လို့မရပါဘူး။ ဒါပေမဲ့သက်သာအောင်လုပ်လို့ရမဲ့နည်းလမ်းလေးတွေရှိပါတယ်။
  • မော်နီတာဝယ်ဖို့လုပ်နေတယ်ဆိုရင်တော့ ပိုက်ဆံမရှင်းခင် ဆိုင်မှာအရင်စစ်ဆေးပြီး ကိုယ်အနေနဲ့ Bleeding ဖြစ်တာ အနည်းဆုံး Display ကိုဝယ်ယူတာကပိုကောင်းပါတယ်။
  • နောက်တစ်ခုက monitor မဝယ်ခင်မှာ Review တွေကိုကြည့်ပြီး ရှောင်တာပါ ဒါကBacklight Bleedingဖြစ်တဲ့ Model တွေ
  • Warranty Claim ပါ Backlight Bleeding ဆိုးဆိုးဝါးဝါးဖြစ်နေတယ်ဆိုရင် Warranty သက်တမ်းကျန်နေသေးရင် ဆိုင်ကိုအကျိုးအကြောင်းပြောပြပြီး Warranty Claim လိုက်တာပိုကောင်းပါတယ်။
  • Backlight Bleedingအတော်လေးနည်းစေရင်တော့ monitor ကို တစ်စစီဖြုတ်ပြီး black electrical tape လိုအလင်းပိတ်နိုင်တဲ့အရာတ္တုတွေကိုသုံးပြီး panel နားမှာကပ်ပေးထားဖို့လိုပါတယ်။
သတိပြုရန်။ monitor ကို တစ်စစီဖြုတ်တာဟာ Warranty ပျက်ပျယ်နိုင်တာမို့ ဆိုင်ကပြန်လဲပေးမှာမဟုတ်တဲ့အတွက် လုပ်မယ်ဆိုရင် ကိုယ့်ကိစ္စကိုယ်ရှင်းပါ။ သင့်မော်နီတာက Warranty Claim လို့အဆင်မပြေဘူးဆိုမှ ဒီနည်းလမ်းကိုစဉ်းစားတာကောင်းပါတယ်။

  • Brightness လျော့ပါ screen ရဲ့အလင်းကိုလျော့လိုက်တာက Backlight Bleeding ကိုသက်သာစေပါတယ်။ သို့ပေမဲ့ လင်းထိန်နေဖို့လိုတဲ့ HDR ဖွင့်သုံးမယ်ဆိုရင်တော့အဆင်ပြေမှာမဟုတ်ပါဘူး။
  • LCD Screen ကိုနူးညံ့တဲ့ အဝတ်စနဲ့သုတ်ပေးတာကလည်း သေချာပေါက်ကောင်းမယ်လို့ တော့အာမမခံနိုင်ပေမဲ့ Backlight Bleeding ကိုသက်သာစေပါတယ်။
ကိုယ့်အနေနဲ့ Backlight Bleeding ဖြစ်တာကိုလုံးဝမလိုချင်ဘူးဆိုရင်တော့ OLED Monitor တွေကိုသုံးမှရမှာပါ။ OLED screen တွေမှာ pixel တစ်ခုခြင်းစီက မီးလုံးတစ်ခုစီမို့ Backlight ထိုးပေးစရာမလိုတဲ့အတွက်ဖြစ်ပါတယ်။ OLED screen တွေဟာစျေးအရမ်းကြီးပါတယ်။
OLED စျေးနှုန်းတွေကိုသိအောင်ဖော်ပြပေးလိုက်ပါတယ်

ASUS ProArt PQ22UC 21.6in OLED Monitor ($3999)


Dell UP3017Q 30in OLED Monitor($3999)

Dell Alienware AW5520QF 55in 4K 120Hz OLED Gaming Monitor ($3999)



Source: pchardwarehelp, anandtech & GamingScan
Photo Credit: Asus & Dell

#EnThueTech
#Monitor #LCD #OLED

Post a Comment

0 Comments