Subscribe Us

header ads

CES 2020 မှာ Intel ဘာတွေကိုပြောသွားလဲ



ဒီနှစ် CESမှာ နည်းပညာဘီလူးကြီးIntel ဟာ သူ့ရဲ့ processor အသစ်တွေရဲ့စွမ်းဆောင်ရည်တွေအစား A.I ဘက်ကိုဘယ်လိုအထောက်ပံ့ပေးသလဲဆိုတာတွေ VR တွေ ခေါက်သိမ်းလို့ရတဲ့laptopတွေ Tiger Lake အကြောင်း နဲ့ သူ့ရဲ့ အသစ်ဖန်တီးထားတဲ့ GPU အကြောင်းပြောသွားပါတယ်။ 

A.I

Intel အနေနဲ့ Artificial Intelligence ကိုဘယ်လိုအာရုံစိုက်နေတယ် အသစ်ထွက်လာမဲ့ CPU တွေမှာ A.I ကိုဘယ်လိုအထောက်အပံ့ပေးထားလည်းဆိုတာပြောသွားပါတယ်။ 


A.I နည်းပညာကိုအသုံးပြုပြီး Adobe Photoshop မှာ ဓာတ်ပုံမှာနောက်ခံကို ဘယ်လိုမြန်မြန်ဖယ်နိုင်သလဲဆိုတာရယ် Adobe Premiere pro မှာ landscapeနဲ့ရိုက်ထားတဲ့ စကိတ်သမားကို A.I နဲ့ဘယ်လို သေသေသပ်သပ် Portrait format ကိုပြောင်းပေးနိုင်တယ်ဆိုတာကိုပြသွားပါတယ်။ 

Project Athena

Intel ဟာ ကျနော်တို့‌နေ့စဥ်အသုံးပြုနေတဲ့laptop တွေကို brand မျိုးစုံ စွမ်းဆောင်ရည်မျိုးစုံဖြစ်နေတာတွေကို စံနှုန်းတစ်ခုအနေနဲ့သတ်မှတ်ဖို့ပြင်ဆင်နေပါတယ်။ ဒါကို Project Athena လို့ခေါ်ပါတယ်။ Project Athena တန်းဝင်တဲ့laptopတွေမှာ 10th Gen Core i5 or i7 CPU၊ Memory 8GB နဲ့အထက် Storage 256GB NVME နဲ့အထက်ရှိရမယ်သတ်မှတ်ထားပါတယ်။ ဒါတင်မကသေးပါဘူး
  • Sleep to Wake /Fingerprint Unlock/Laptop အဖုံးဖွင့်ခြင်း စတဲ့mode တွေကနေ စက်ပွင့်လာဖို့ အချိန်တစ်စက္ကန့်ထက်ပိုပြီးနည်းရမယ်
  • ဘက်ထရီအပေါ်တစ်သမတ်တည်းတုံ့ပြန်မှုရှိရပါမယ်။
  • Adaptive Intelligence ဟာ သင်ဘယ်လိုအလုပ်လုပ်သည်ကိုသိရှိပြီးစွမ်းဆောင်ရည်လိုအပ်ချက်များအတွက် အလိုအလျောက်ချိန်ညှိပေးနိုင်စွမ်းရှိရမယ်။
  • ပုံမှန်ဗွီဒီယိုပြန်ဖွင့်ခြင်းကို ၁၆ နာရီနှင့်အထက်နှင့် လက်တွေ့မှာ Wireless Web Browsingလုပ်နိုင်ချိန် ၉ နာရီနှင့်အထက်ရှိရမယ်။ 
  • USB-C မှတဆင့်အမြန်အားသွင်းစနစ်ဖြင့် အနည်းဆုံး ၄ နာရီစာဘက်ထရီကို မိနစ် ၃၀ အတွင်း အားသွင်းနိုင်ရမယ်။
  • Thunderbolt 3, Wi-Fi 6 နှင့် Gigabit LTE(Optional) စတာတွေပါရမယ်။
  • Ultraslim two-in-one သို့မဟုတ် ပုံမှန်ဒီဇိုင်းများမှာဆို အနည်းဆုံး‌ သေးငယ်တဲ့ဘောင်သုံးဖက်နှင့်အတူ ပါရမယ်။
  • Far-field မိုက်ခရိုဖုန်းများ၊ backlit keyboard၊ precision touchpad နှင့် pen တို့ကိုအထောက်ပံ့ပေးရမယ်။ 

2020ခုနှစ်အတွင်းမှာ Project Athena တန်းဝင်တဲ့laptop အမျိုး၅၀ခန့်ရှိလာမယ် ဈေးနှုန်းက $500နဲ့ $1500ကြားလို့ Intel ကဆိုပါတယ်။ ပွဲထဲမှာတော့ Acer Swift 3၊ HP Elite Dragonfly၊ Dell XPS 13စတဲ့ laptopတွေကို ပြသသွားပါတယ်။ 

Foldable and Dual Screen Laptops

ခေါက်သိမ်းလို့ရဲ့ mobile ပစ္စည်းတွေဟာ Samsung Galaxy Fold နဲ့ Huawei တို့လိုဖုန်းတွေမှာသာရှိမနေတော့ပဲ PC ဘက်ကိုပါရောက်လာပြီဖြစ်ပါတယ်။ 


ပွဲမှာတော့ Thinkpad X1 Fold နဲ့ Concept Laptop တွေဖြစ်တဲ့ Dell ရဲ့ Ori နဲ့ Intel ရဲ့ Horseshoe Bend ဆိုတဲ့ Laptop တွေကိုပြသသွားပါတယ်။ 

Tiger Lake 

ပုံမှန်laptopတွေမှာ မားသားဘုတ်ကlaptop ရဲ့ နေရာအများစုကိုယူထားတာကိုသိကြမှာပါ။ ဒါပေမဲ့ အခု Intel ရဲ့ Tiger Lake မှာတော့ CPU Memory တွေအားလုံးပါတဲ့ motherboard ကြီးဟာ ဆယ်လက်မပေတံလောက်ပဲရှိတော့တာမို့ laptop တွေအတွက် ဘက်ထရီနဲ့အချိန်ကြာကြာပိုသုံးလာမှာပါ။ 


အဆိုပါချစ်ပ်တွေမှာ လက်ရှိ Thunderbolt 3ထက် ၄ဆပိုမြန်လာမဲ့ Thunderbolt 4, WiFi 6, Intel ရဲ့ နောက်ဆုံးပေါ် Xe Graphics တွေပါဝင်လာပါမယ်။ 

Comet Lake H

CES 2020 မှာ Intel ဟာ 10th Gen Comet Lake H CPU line up တွေကိုပါပြောပြသွားပါတယ်။ အဆိုပါ CPU တွေဟာ စွမ်းဆောင်ရည်ပိုကောင်းပြီး TDP ပိုများတဲ့ 45W CPU တွေဖြစ်ပါတယ်။ 8 Cores 16 Threads အထိရရှိနိုင်မှာဖြစ်ပြီး clock speed အနေနဲ့ 5GHz အထက်ကိုကျော်လွန်ရရှိလာမှာပါ။ 


Comet Lake H ကို ကြေညာလိုက်တဲ့အတွက် H series Ice Lake CPU တွေကိုမြင်တွေ့ရဖွယ်မရှိတော့ပါဘူး။ ဒါ့ကြောင့် Comet Lake H မှာ AVX-512, DL-Boost နဲ့ Gen 11 Xe Graphics တွေကိုမြင်တွေ့ရဖွယ် မရှိတော့ပါဘူး။ Comet Lake Hမှာ Thunderbolt 3, WiFi 6, Optane Memory ကိုအထောက်ပံ့ပေးသွားမယ်လို့သိရပါတယ်။ Comet Lake H CPU တွေကို Comet Lake CPU အသုံးပြုထားတဲ့ Laptop အားလုံးမှာရရှိမှာမဟုတ်ပဲ i5၊ i7 နဲ့ i9 model တို့မှာသာ ရရှိနိုင်မှာဖြစ်ပါတယ်။ 

DG1 Graphics

Intelရဲ့ဖော်ပြချက်တွေအရ GD1 ဆိုတဲ့ graphics card ကိုလည်းမိတ်ဆက်ပေးသွားပါတယ်။ အဆိုပါကတ်နဲ့ Destiny 2 ဂိမ်းကိုအဆင်‌ပြေပြေကစားပြသွားပြီး Spec ကိုတော့ပြောမသွားပါဘူး။ 


Developer တွေကို အရင်ဆုံးပေးမယ်လို့ဆိုပြီး သုံးစွဲသူတွေလက်ထဲရောက်ဖို့က နောင်နှစ်ထိစောင့်ရဖွယ်ရှိပါတယ်။ 

Photos Credit: Intel, OC3D and The Verge

#EnThueTech 
#News #Intel

Post a Comment

0 Comments