Introduction
ကျနော်တို့ ကွန်ပျူတာဆင်တဲ့အချိန်မှာ အတော်များများက ဘယ်ဟာ ဘာသုံးမယ်ဆိုရည်ရွယ်ချက်တွေရှိပေမဲ့ Motherboard ရွေးချယ်ရာမှာတော့ များပြားလှတဲ့ motherboard တွေအကြားစဉ်းစားရခက်လှပါတယ်။ 3rd Gen Ryzen CPU တွေထွက်ရှိလာချိန်မှာ AMD ဟာ ဒီCPU တွေရဲ့စွမ်းဆောင်ရည်အကောင်းဆုံးရရှိစေဖို့X570 Motherboard တွေကိုပါထုတ်ပေးခဲ့ပါတယ်။ 3rd Gen Ryzen CPU တွေဟာ မျိုးဆက်သစ် PCIE 4.0 အထောက်အပံ့ပေးထားပြီး ဒီ PCIE 4.0 အထောက်အပံ့ကြောင့်ပဲ X570 chipset သုံး Motherboard တွေရဲ့ ဈေးနှုန်းဟာ ယခင်မျိုးဆက်ဟောင်း AM4 motherboard တွေထက် ဈေးနှုန်းအများကြီးပိုပါတယ်။ ဒါ့ကြောင့် ဘက်ဂျက်ချွေတာလိုတဲ့ ကွန်ပျူတာဆင်မဲ့သူတွေဟာ X570 motherboard ကိုမရွေးချယ်ကြပဲ 3rd Gen Ryzen CPU တွေတပ်သုံးလို့ရတဲ့ယခင်မျိုးဆက်ဟောင်း motherboard တွေနဲ့တွဲသုံးကြတာကိုတွေ့ရပါတယ်။အခုဆိုရင် ကျနော့်လက်ထဲမှာ Asus ရဲ့ Entry Level X570 Motherboard ဖြစ်တဲ့ Prime X570-P motherboard ရောက်နေပါပြီ။ ဒီ motherboardဟာ Asus ရဲ့ Prime motherboard series တွေထဲက Prime X570-P/CSM လို့ခေါ်ပါတယ် CSM ဆိုတာက Corporate Stable Model လို့ခေါ်ပါတယ်။ CSM ပါတဲ့ motherboard တွေက စထွက်ပြီး၃နှစ်အထိပစ္စည်းလက်ကျန်ရှိတယ်လို့သိရပါတယ်။
Asus X570 Motherboard များ
ဒီ Motherboard အကြောင်းမပြောခင်မှာ Asus ရဲ့ X570 Chipset သုံး Motherboard တွေအကြောင်းအနည်းငယ်ပြောပြလိုပါတယ်။ Asus ဟာ consumer တွေအတွက် X570 Chipset သုံး Motherboard Series ၃မျိုးထုတ်ပါတယ်။ROG
အမြင့်ဆုံးပါ PC Enthusiast တွေနဲ့ AAA ဂိမ်းတွေကစားမဲ့ gamer တွေအကောင်းတကာ့အကောင်းဆုံးfeatures တွေကိုထည့်ထားပါတယ်။ဈေးလဲကြီးပါတယ်။
ROG Strix
သူကတော့ Hardcore Gamer တွေနဲ့ Esport Gamer တွေအတွက်လို့ဆိုပါတယ်။ ROG ထက် features နည်းနည်းလျော့သွားပါတယ်။
TUF Gaming
သူ့ကျတော့ သာမန်ဂိမ်းကစားသူနဲ့ ပထမဆုံးစက်ဆင်မဲ့သူတွေအတွက်ပါ။ ဘက်ဂျက်အသားပေးပါ။
Prime
သူ့ကျတော့ ဂိမ်းဆော့မဲ့လူတွေအတွက်ရော အလုပ်လုပ်ဖို့ရောရည်ရွယ်ပါတယ်။ အရောင်တွေကလည်း Gaming အသားပေးတဲ့ အရောင်တွေကနေ ပိုပြီးတည်ငြိမ်တဲ့ အဖြူနဲ့အမဲကိုဦးတည်ထားပါတယ်။Gaming Featuresတွေမပါတော့ပေမဲ့ ဈေးကတော့ Level တူ TUF Gaming ထက်ပိုများပါတယ်။
Design and Features
အမြင်ပိုင်းအရကြည့်မယ်ဆိုရင် Asus Prime X570-P/CSM ဟာ အမြင်ပိုင်းအရသင့်ကိုရင်ခုန်စေလောက်အောင် လှပတဲ့ Motherboard ဖြစ်မနေပါဘူး။ Asus Prime Series Motherboard တွေဟာ အဖြူရောင်နဲ့အနက်ရောင်ကိုသာအခြေခံတည်ဆောက်ထားတာမို့ လှပမှုထက်ရိုးရှင်းသပ်ရပ်မှုကိုဦးစားပေးထားတာကိုတွေ့ရပါတယ်။ X570motherboard တွေဟာ ပုံမှန်ဆိုရင် $300 $400လောက်ဈေးကြီးလေ့ရှိပေမဲ့ ဒီလို$200ဝန်းကျင် Motherboard ကိုဘယ်လိုတည်ဆောက်ထားသလဲဆိုတာကြည့်လိုက်တဲ့အခါပထမဆုံးသတိထားမိတာက ဒီ motherboard မှာ IO port အပေါ်ကိုဖုံးအုပ်ပေးထားတဲ့ IO Shroud ကိုထည့်သွင်းမထားတာကိုတွေ့ရပါတယ်။ သူ့ထက်ပိုကောင်းတဲ့ Prime X570 Pro လို နောက်ပိုင်း Prime Pro ဘုတ်တွေမှာလို IO Shroud မပါလာတဲ့အတွက် IO Shield ဟာလည်း ဘုတ်ပေါ်မှာ တစ်ပါတည်းမပါလာတော့ပါဘူး။ ဒါက ဘက်ဂျက်ဦးစားပေးထားတဲ့သဘောမို့ ထုတ်လုပ်မှုစားရိတ်သက်သာအောင် လုပ်လိုက်တယ်လို့ပဲမြင်ပါတယ်။
Back IO ports
ပုံမှန် ဒီလိုဈေးတန်း X570 motherboard တွေရဲ့ Back IO port တွေမှာ USB 3.0 port ၄ခုနနဲ့ USB 2.0 port ၂ခုလောက်သာပါလေ့ရှိပေမဲ့ Asus Prime X570-P/CSM မှာတော့ USB 3.2 port ၆ခုနဲ့ USB 2.0 port ၂ခုအထိထည့်သွင်းပေးထားတာမို့ high speed IO port တွေအများကြီးတပ်သုံးလိုတဲ့သူတွေအတွက် အတော်လေးကိုအဆင်ပြေတာကိုတွေ့ရပါတယ်။ ဘတ်ဂျက်ဘုတ်ဆိုတဲ့အတိုင်း Network ပိုင်းအတွက် WiFi မပါပဲ Realtek RTL8111H Network Adapter ပါမယ်။
Internal
ကိုယ်က Casing မှာ Fan တွေအများကြီးထည့်ချငိတယ်ဆိုလည်း Asus Prime X570-P မှာ DC/PWM fan header ၄ခုအထိပါပါတယ်။ AIO တပ်သုံးမယ်ဆိုလည်း AIO Pump header ပါပါသေးတယ်။ fan header တွေ AIO Pump Header တွေအပူလွန်တာ over current ဖြစ်ခြင်းကနေကာကွယ်ဖို့ တစ်ခုခြင်းစီမှာ သီးခြား IC တွေထည့်သွင်းတည်ဆောက်ထားပါတယ်။
CPU Socket and BIOS
AM4 Socket သုံးတဲ့ ဒီဘုတ်မှာ CPU အနေနဲ့ 3rd Gen Ryzen CPU တွေကိုသုံးနိုင်သလို 2nd Gen Ryzen ကိုလည်းတပ်သုံးလို့ရနိုင်ပါတယ်။ ဒါပေမဲ့ X570 Chipset က 1st Gen Ryzen CPU တပ်သုံးဖို့ခွင့်မပြုထားပါဘူး။ 2nd Gen Ryzen CPU သုံးမယ်ဆိုရင်လည်း BIOS update လုပ်ပေးဖို့တော့လိုပါတယ်။ တစ်ခုပြောစရာရှိတာက CPU တပ်ထားစရာမလိုပဲ memory stick ကနေတိုက်ရိုက် update လုပ်ခွင့်ရှိတဲ့ BIOS flashback ကို မထည့်ပေးပါဘူး။ ဒါကြောင့် 2nd Gen Ryzen CPU ကိုတပ်သုံးမယ်ဆိုရင် မတပ်ခင်မှာ တစ်ခြားနည်းလမ်းနဲ့သာ BIOS Update လုပ်ရမှာဖြစ်ပါတယ်။
Memory
Memory ပိုင်းအနေနဲ့ X570 motherboard တစ်ခုဖြစ်တာမို့ DDR4 Dual Channel ကိုအထောက်အပံ့ပေးထားပြီး Slot ၄ခုပါပါတယ်။ Memory Slot ၄ခုမှာ Slot တစ်ခုကို 32GB စီစိုက်လို့ရတဲ့အတွက် 128GB အထိအထောက်အပံ့ပေးပါတယ်။ ပုံမှန် X570 motherboard တွေလိုပဲ DDR4 4400MHz အထိမြန်တဲ့ Memory Module တွေတပ်နိုင်ပါတယ်။ဖြည့်စွက်ပြီးပြောရရင် ကျနော့်အနေနဲ့ Asus Motherboard တွေမှာ သဘောကျစရာအချက်တစ်ခုရှိနေပါတယ်။ AMD ရဲ့ Ryzen CPU တွေအတွက် Memory Profile အခေါ်အဝေါ်ကို Direct Over Clock Profile (D.O.C.P) လို့ခေါ်တာကိုအတော်လေးသလောကျပါတယ်။ D.O.C.P ဆိုတာ Asus က သီးခြားပေးထားတဲ့ AMD ရဲ့Memory Profile ဖြစ်ပြီး Asus မဟုတ်တဲ့ အချို့သော motherboard ထုတ်လုပ်သူတွေက Intel ရဲ့ Memory Profile နာမည်ဖြစ်တဲ့ eXtreme Memory Profile (XMP) လို့သာ BIOS ထဲမှာဖော်ပြပါတယ်။ ဒါ့ကြောင့် Asus AMD Motherboard ကိုပြောင်းသုံးမယ်ဆိုရင် D.O.C.P ဆိုတာ XMP နဲ့ အတူတူပဲလို့မှတ်ထားသင့်ပါတယ်။
Audio
Audio ပိုင်းအနေနဲ့ Realtek S1200A Codec ကိုသုံးထားပေးပြီး TUF Gaming X570-Plus နဲ့အတူတူပါပဲ။ Audio ပိုင်းအနေနဲ့က24bit 192kHz အထိထုတ်ပေးနိုင်ပြီး 32bit တော့မရပါဘူး။VRM
ဒီmotherboard မှာ အသုံးပြထားတဲ့ Voltage Regulator Module (VRM)ကိုထိန်းချုပ်ထားတဲ့ PWM Chipကတော့ ASP1106 ဖြစ်ပြီး Vcore+SOC configurationကတော့ 4+2 နဲ့ဖြစ်ပါတယ်။ ASP1106ဟာ Asus ရဲ့ High End motherboard တွေမှာသာတွေ့ရတဲ့ PWM IC ဖြစ်ပါတယ်။ ဒါပေမဲ့ Vcore အတွက် ဒီPWM IC ဟာ signal 4ခုသာ ထွက်ရှိပြီး Doubler တွေနဲ့ ပြန်ခွဲထုတ်ထားတာမို့ Choke တွေ Mosfet တွေကိုတော့ ၂ဆအနေနဲ့မြင်ရမှာဖြစ်ပါတယ် SOC အတွက်လဲဒီမတိုင်းပါပဲ။ ဒါကြောင့် ရုတ်တရက်ကြည့်လိုက်မယ်ဆိုရင် 8+4 configuration နဲ့ 12 Phase ပုံစံဖြစ်လာပါတယ်။ Asus က သူရဲ့ RoG ဘုတ်တွေကလွဲရင် Prime Series နဲ့ TUF series တွေမှာ VRM နဲ့ အပူကိုစောင့်ကြည့်နိုင်စွမ်းကို မထည့်သွင်းထားတဲ့အတွက် Software မှာကြည့်ရင်တော့ဘာမှမြင်ရမှာမဟုတ်ပါဘူး။ VRM ရဲ့ Heatsink တွေက surface area ပိုကြီးတဲ့ပုံစံဖြစ်အောင်အလယ်မှာပိုင်းထားပေးသလို ဒီဇိုင်းကလဲသပ်ရပ်တယ်လို့ဆိုနိုင်ပါတယ်။Storage
Storage ပိုင်းအနေနဲ့ ပုံမှန်ဘုတ်တွေအတိုင်း SATA 6Gb/s port ၆ခုပါမယ်။ M2 Slot ၂ခုပါမယ်3rd Gen Ryzen CPU တွေနဲ့သုံးမယ်ဆိုရင် ဒီSlot ၂ခုလုံးက မျိုးဆက်သစ် NVMe PCIe 4.0 ကို Supportပေးပါတယ်။ NVMe PCIe 4.0ရဲ့ Bandwidth က 64Gb/s အထိရှိတာမို့ PCIE 3.0 SSD တွေထက်၂ဆလောက်ပိုမြန်တဲ့ SSD တွေကိုသုံးလို့ရပါမယ်။ ဒါပေမဲ့ Asus Prime X570-P/CSM motherboardဟာ ဈေးသက်သာတာကိုဦးတည်ထားတာမို့ NVME drive အတွက် Heatsink မထည့်ထားပေးတဲ့အတွက် ဒီလိုဘုတ်နဲ့တွဲသုံးမယ်ဆိုရင် ကိုယ်ဝယ်လိုက်တဲ့ NVME SSD မှာ Heatsink ပါတာကိုရွေးသင့်ပါတယ်။X570လို့ဆိုပေမဲ့ သူ့မှာ Multi GPU အထောက်အပံ့အတွက် SLI chip ကိုထည့်သွင်းတည်ဆောက်မထားလို့ 2 Way AMD CrossfireX နည်းပညာကိုသာအသုံးပြုခွင့်ရမှာဖြစ်ပါတယ်။ ဒါပေမဲ့ အခုခေတ်ပေါ် Graphics Card တွေဟာ တစ်ကတ်ထဲနဲ့စွမ်းဆောင်ရည်တွေအတော်ကောင်းလာသလို ဂိမ်းအများစုကလည်း multi GPU အထောက်အပံ့တွေနည်းတာကြောင့် အမြင့်ပိုင်းGPU သုံးတဲ့သူတွေတောက် multi GPU ကိုစိတ်ဝင်စားမှုနည်းလာချိန်မှာ ဒီလိုဘက်ဂျက်ဘုတ်အတွက် SLI မပါတာက ထူးပြီးပြောစရာရှိလိမ့်မယ်လို့မမြင်ပါဘူး။ နောက်တစ်ခုက ဒီဘက်ခေတ် motherboard တွေမှာပါလာလေ့ရှိတဲ့
Graphics Card ကိုပိုမိုမြဲအောင် အင်အားဖြည့်ထားတဲ့ safe slot ကိုတော့ Budget Motherboard တွေရဲ့ထုံးစံအတိုင်း No.1 PCIE x16 Slot မှာသာရှိတာတွေ့ရပါတယ်။
RGB Headers
နောက်ပိုင်းဘုတ်တွေမှာမပါမဖြစ်လို့ပြောလို့ရတဲ့ RGB lighting အတွက် 5V Addressesable RGB Header တစ်ခုနဲ့ 12V RGB Header ၂ခုပါဝင်ပါတယ်။AURA and Armoury Crate
Asus ထုံးစံအတိုင်း သူ့ရဲ့ RGB တွေကို AURA software နဲ့ထိန်းချုပ်ရမှာဖြစ်ပြီး နောက်ထပ်အသစ်ထွက်ရှိလာတဲ့ Software ဖြစ်တဲ့ Armoury Crate နဲ့လည်းထိန်းချုပ်နိုင်မှာပါ။ သင့်မှာ အခြား Asus product တွေ ဒါမှာမဟုတ် Aura အထောက်အပံ့ရတဲ့ အခြား Third party ပစ္စည်းတွေပါ လက်ဝယ်ရှိမယ်ဆိုရင်တော့ Aura/Armoury Crate software တစ်ခုတည်းနဲ့ RGB effect တွေကိုထိန်းချုပ်ခွင့်ရမှာဖြစ်ပါတယ်။
ကျနော့်မှာ AURA ထောက်ပံ့တဲ့ Casing LED Strip AIO cooler Memory Keyboard တွေရှိနေတာမို့ ဒီပစ္စည်းတွေအားလုံးကို Aura RGB effect တစ်ခုတည်းနဲ့ထိန်းနိုင်သွားပါတယ်။ ဒါပေမဲ့ Asus Prime X570-P ဟာ ဘက်ဂျက်ဘုတ်မို့ motherboard ရဲ့ တစ်ခုတည်းသော lighting ဖြစ်တဲ့ PCH ပေါ်က lighting ကိုတော့ RGB effect ရအောင်ပြောင်းလို့မရတာတွေ့ရပါတယ်။ ဒါကလည်း ဈေးကြီးလှတဲ့ X570 Chipsetကို သုံးထားရတဲ့အတွက် ဒီလိုနေရာမှာ ဝိတ်လျော့လိုက်တာက သိပ်ပြီးမထူးဆန်းဘူးလို့ပဲထင်ပါတယ်။
နောက်ပိုင်းထွက်ရှိလာတဲ့ Asus ရဲ့ Utility Software ဖြစ်တဲ့Armoury Crate ဟာအတော်လေးမိုက်ပါတယ်လို့ဆိုနိုင်ပြီး ကျနော်အပေါ်မှာပြောခဲ့သလို RGB effect တွေကိုထိန်းချုပ်နိုင်တဲ့အပြင် Driver Update တင်တာတွေ Firmware မြင့်တာတွေပါတစ်ခါတည်းလုပ်နိုင်ပါတယ်။
Control Center Express
ရုံးသုံးITသမားတွေကြိုက်မဲ့ Control Center Express Software တစ်ခုလဲပါပါတယ်။ ကိုယ့်ရဲ့ Network ထဲမှာ ဘယ်စက်တွေချိတ်ထားလဲ၊ ဘာတွေသုံးနေလဲ သူတို့ရဲ့Hardware တွေကိုစောင့်ကြည့်နိုင်တယ် ကန့်သတ်တာတွေလုပ်နိုင်တဲ့ softwareဖြစ်ပါတယ်။AI Suite
ဒီဘုတ်မှာ ကိုယ့်ကွန်ပျူတာရဲ့ စွမ်းဆောင်ရည်ကို ထိမ်းချုပ်လို့ရမဲ့ AI Suite ဆိုတာပါပါတယ်။ အပူချိန်တွေစောင့်ကြည့်မယ်၊ Fan Speed တွေချိန်မယ်၊ Overclock လုပ်မယ်၊ BIOS update စတာတွေကိုဆောင်ရွက်နိုင်ပါတယ်။Testing Methodology
Benchmark မူလ Clock Speed ရော PBO ဖွင့်ထားတာရော Overclock လုပ်ထားတဲ့ result အတွက်ရော တပါတည်းနှိုင်းယှဉ်ပြထားပေးပါတယ်။ Gaming Benchmark တွေမှာတော့ ကျနော်လက်ရှိသုံးနေတဲ့ ယခင်မျိုးဆက်ဟောင်း Prime Motherboard ဖြစ်တဲ့ Asus Prime X370 Pro နဲ့ အခြား Specificationsတွေ Setting အတူတူမှာစမ်းပြထားပြီး အချို့နေရာတွေမှာ Asus Prime X570-P/CSM က မဆိုစလောက်လေးပိုမြန်နေတာကိုတွေ့ရပါတယ်။ ဒါဟာ မျိုးဆက်သစ် Motherboard ဟာ ယခင်မျိုးဆက်ဟောင်းထက် စွမ်းအင်စီမံခန့်ခွဲမှုအပိုင်းမှာပိုသာလွန်တာကြောင့်လည်းဖြစ်နိုင်ပါတယ်။Test Setup
AMD Ryzen 7 3700X @4.3 GHz all cores OC
2x8GB Gskill Trident Z RGB 3000 MHz (16-18-18-38)
EVGA GTX 1070 FTW (Geforce Driver 441.87)
Cooler Master ML240R RGB AIO
Corsair TX750M PSU (80+Gold)
256GB Transcend SSD 370S (OS)
2x4TB WD HDD (Game Drive)
Windows 10 Pro 1909
Overclocking
Memory ကို DOCP profile ဖွင့်သုံးတဲ့အခါမှာ ကနော့် Memory ရဲ့ Default Voltage ဟာ BIOS မှာ 1.35v လို့ပြပေမဲ့ 1.35v နဲ့ဆို လုံးဝ Boot မတက်ပဲ 1.39 အထိတင်လိုက်မှသာ 3000MHz အထိrunလို့ရသွားတာကို တွေ့ရပါတယ် ဒါက ကျနော့် Memory Kit ကြောင့်လား ဒီmodel ဘုတ်တိုင်းဖြစ်တာလား ကျနော်ရတဲ့ board ကြောင့်လားဆိုတာတော့မရှင်းပါဘူး။ ဒါပေမဲ့ နောက်ပြီး Vcore Voltage ကို 1.32v နဲ့ Overclocking လုပ်ကြည့်တဲ့အခါ Boot တက်တယ် Stable ဖြစ်တာတွေ့ရပါတယ်။ Overclocking လုပ်တဲ့အခါ ကျနော့် Ryzen 7 3700X တုန်းမှာလိုပဲ 4.3GHz အထိအေးဆေးလုပ်လို့ရတာတွေ့ရပါတယ်။ ဒါပေမဲ့ ပိုမိုများပြားတဲ့ Core Voltage ကြောင့် CPU Temperature ကအနည်းငယ်ပိုလာတာကိုတော့ Graphမှာတွေ့ရမှာဖြစ်ပါတယ်။Synthetic Benchmarks
• Cinebench R15• Cinebench R20
• Geekbench 5
• SiSoftware Sandra
• V-Ray နဲ့
• Blender Benchmarks စတာတွေကို သုံးပြီးတိုင်းတာပြသွားမှာဖြစ်ပါတယ်။
Gaming Benchmarks
Gaming အတွက် CPU ကို 4.3GHzအထိ Overclockလုပ်ထားတာ ရော ပုံမှန် Clock Speed နဲ့ရောစမ်းထားပါတယ်။ Asus Prime X370 Proနဲ့ အချို့ဂိမ်းတွေမှာ တူတူလောက်ဆိုပေမဲ့ အချို့မှာတော့ ဆော့တဲ့အချိန်မသိသာပေမဲ့ ကိန်းဂဏန်းအရ FPS ပါးပါးလေးပိုများလာတာကိုတွေ့ရပါတယ်။ AAA ဂိမ်းပေါင်း၁၁ခုနဲ့စမ်းပြထားပြီး အများစုကထွက်ထားတာမကြာသေးတဲ့ ဂိမ်းတွေပါ။ ဂိမ်းတွေအားလုံးကို Ultra Setting နဲ့စမ်းပြထားပါတယ်။ ကျနော့် လက်ရှိ graphics card က လွန်ခဲ့တဲ့ ၃နှစ်ကျော်ကထွက်ထားတဲ့ GTX 1070နဲ့ resolutionကို 1080P မှာပဲစမ်းထားပါတယ်။
Temperatures
Temperature ကိုတော့ Idle State, Gaming နဲ့ Rendering မှာစမ်းသပ်ပြထားပါတယ်။ စမ်းသပ်ခြင်းအားလုံးကို တိတိကျကျရရှိအောင် နာရီပေါင်းများစွာ ကြိမ်ဖန်များစွာ စမ်းသပ်ပြီး အချို့နေရာတွေမှာတော့ တိကျတဲ့အဖြေအတွက် ၃ကြိမ်အထိစမ်းပြီးရတဲ့ result တွေဖြစ်ပါတယ်။The Good
CheapBest VRM on its range
Features Rich
The Bad
No IO ShroudNo Integrated Heatsink for PCI-E SSD
Conclusion
ကျနော့်အနေနဲ့ ဒီ motherboard ကို လူ၂မျိုးကိုညွန်းချင်ပါတယ်။ တစ်မျိုးက အခုမှ Ryzen 3000 series နဲ့ စဆင်မဲ့သူ ပိုက်ဆံလည်းအများကြီးမသုံးချင်ဘူး ပုံမှန်လူတွေရွေးနေကြ B450 motherboard တွေလည်းမသုံးချင်ဘူး Ryzen 3000 ရဲ့ features တွေကိုလည်းအပြည့်အဝသုံးချင်တဲ့သူ နောက်တစ်မျိုးက လက်ရှိမှာ Ryzen 3000 series CPU တွေသုံးနေပြီး ကိုယ့်ရဲ့ Motherboard အဟောင်းကို Upgrade လုပ်မယ်ဆိုတဲ့သူတွေပါ။ ဒီလိုလူတွေအနေနဲ့ Asus ရဲ့ Prime X570 P/CSM ကိုသုံးသင့်ပါတယ်လို့ညွန်းလိုပါတယ်။ ဒီဘုတ်က အမြင်ပိုင်းသာ အရမ်းလှတပတထဲမှာ မပါသည့်တိုင်အောင် IO တွေစုံတယ် features လေးတွေကောင်းတယ် Overclocking အတွက် အရမ်းအရေးကြီးလှပါတယ်ဆိုတဲ့ VRM ကို လည်း Asus က အမြင့်ဆုံးဘုတ်တွေမှာသာတွေ့ရတဲ့ VRMအမျိုးအစားနဲ့အတူတူသုံးပေးထားတာ ဒီလိုဈေးနဲ့အခြား motherboard ဘုတ်မှာမရနိုင်တဲ့ အားသာချက်ပါပဲလို့ ပြောချင်ပါတယ်။ လောလောဆယ် ဒီmotherboard ရဲ့ဈေးနှုန်းက $200ဝန်းကျင်လို့ပဲသိထားရပါသေးတယ်။ ကျနော့်ကို ဒီmotherboard လေးစမ်းသပ်အသုံးပြုခွင့်ပေးတဲ့ ASUS Republic of Gamers Myanmar ကိုလည်းအရမ်းကျေးဇူးတင်ပါတယ်လို့ပြောချင်ပါတယ်။
#EnThueTech
#Review
#Motherboard
#Asus
#AMD #X570
0 Comments