Apple ဟာ သူ့ရဲ့ Mac ကွန်ပျူတာတွေမှာ Intel CPU တွတပ်ဆင်ထားတာကိုသိကြမှာပါ။ ယနေ့ WWDC20မှာ Apple ဟာ Intel ကိုစွန့်ခွာပြီး မကြာခင်အနာဂတ်မှာ Apple Silicon အမည်ရတဲ့ ကိုယ်ပိုင်ဒီဇိုင်းပြုလုပ်ထားတဲ့ ARM နည်းပညာအခြေခံ chip တွေကိုသာသုံးသွားတော့မယ်လို့ဆိုပါတယ်။
ကုမ္မဏီရဲ့ Chipဒီဇိုင်းအကြီးအကဲဖြစ်သူ Johny Srouji က Apple ဖန်တီးထားတဲ့ CPU တွေဟာ Laptop PC မှာတပ်ဆင်ထားတဲ့ chip တွေထက်စွမ်းဆောင်ရည်ပိုကောင်းမယ်လို့ဆိုပါတယ်။
ဘက်ထရီသက်တမ်းပိုကြာကြာသုံးနိုင်မယ် graphics စွမ်းဆောင်ရည်ကောင်းမယ် ပိုပြီးလုံခြုံလာမယ်လို့ဆိုပါတယ်။
CEO Tim Cook ကတော့ Apple Silicon ပါဝင်တဲ့ ပထမဆုံး Mac ကွန်ပျူတာကို ဒီနှစ်ကုန်မှာစတင်ထုတ်ဝေမယ်လို့ဆိုပြီး Intel အသုံးပြုထားတဲ့ Mac တွေကိုတော့ ပိုထုတ်သွားမယ်လို့ဆိုပါတယ်။ Apple Silicon ကို လုံးလုံးလျားလျားပြောင်းလဲဖို့ အချိန်၂နှစ်ခန့်ယူရလိမ့်မယ်လို့ဆိုပါတယ်။
Apple Silicon ပါဝင်တဲ့ Mac ကွန်ပျူတာတွေမှာ ပါဝင်လာမဲ့ Mac OS ဟာ 10.16 Big.Sur လို့ဆိုပါတယ်။ Apple ကထုတ်ခဲ့သမျှ app အားလုံးဟာ chip အသစ်ပေါ်မှာ ကောင်းကောင်းအလုပ်လုပ်မယ်လို့ဆိုပါတယ်။ software ရေးသားသူတွေအနေနဲ့ကတော့ xCode နဲ့ recompile လုပ်ပေးရမယ်လို့ဆိုပါတယ်။ Universal 2 လို့ခေါ်တဲ့ Binary အသစ်ကို Intel Mac မှာရော Apple Silicon Mac မှာရော အသုံးပြုနိုင်မယ်လို့ဆိုပါတယ်။ Word Excel PowerPoint Lightroom Photoshop စတဲ့apps တွေကိုဆက်သုံးနိုင်ဖို့ Microsoft တို့ Adobe တို့က ဖန်တီးနေတယ်လို့ဆိုပါတယ်။
ယခင် Mac OS app တွေအတွက် Rosetta 2 လို့အမည်ရတဲ့ emulation software ကိုသုံးသွားမှာဖြစ်ပြီး Intel code တွေကို ARM အခြေခံMac တွေမှာ အသုံးပြုနိုင်စေမှာပါ။ Emulation ဖြစ်တဲ့အတွက် Power PC မှ Intel အကူးအပြောင်းလို စွမ်းဆောင်ရည်မထိခိုက်အောင်ကြိုးပမ်းထားတယ်လို့ဆိုပါတယ်။
Big Sur မှာ Linux နဲ့ Docker အတွက် virtualization ပါဝင်ပါတယ်။ iPhone နဲ့ iPad က apps တွေကို Developer တွေဘာမှအပြောင်းအလဲလုပ်စရာမလိုပဲနဲ့ Mac ပေါ်တင်သုံးနိုင်မှာပါ။
Developer တွေအတွက် A12Z Bionic chip,16GB Ram နဲ့ Beta macOS Big Sur ပါဝင်တဲ့ Mac mini Developer Transition Kit ကိုဖန်တီးထားတယ်လို့ဆိုပါတယ်။
ဒါ့အပြင် Apple ဟာ သူတို့ဖန်တီးထားတဲ့ Apple Silicon Mac နဲ့ high-end AAA ဂိမ်း Shadow of the Tomb Raider ဂိမ်းကို Metal API အသုံးပြုပြီး ချောချောမွေ့မွေ့ကစားပြသွားတာကိုတွေ့ရပါတယ်။
Apple ဟာ အခုမှ Mac ကွန်ပျူတာပေါ်က processor architecture ကို ကူးပြောင်းခဲ့တာမဟုတ်ပါဘူး။ Motorola 68000 series ကနေ Power PC ကိုလည်းကောင်း၊ Power PC မှ Intel x86ကိုကူးပြောင်းခြင်းကိုတော့ 2005 ခုနှစ် WWDC ပွဲမှာကြေငြာခဲ့တာဖြစ်ပါတယ်။
Source: Apple WWDC 2020, Venturebeat and Tom's Hardware
0 Comments