Subscribe Us

header ads

MSI GS66 Stealth 10SE with GeForce RTX 2060




ကွန်ပျူတာထုတ်လုပ်တဲ့ကုမ္မဏီတွေဟာ လူတွေရဲ့လိုအပ်ချက်နဲ့ကိုက်ညီမဲ့ Gaming Laptops တွေကို အမည်နာမအမျိုးမျိုးနဲ့ထုတ်လုပ်ကာ ဈေးကွက်ကိုရနိုင်သမျှရအောင်ကြိုးစားကြပါတယ်။ ပုံမှန်အားဖြင့်တော့ Gaming Laptop တွေဆိုတာ သူတို့မှာတပ်ဆင်ထားတဲ့ CPU GPU တွေဟာ သာမန်Laptop‌တွေထက် စွမ်းဆောင်ရည်မြင့်မားကြပါတယ်။ ဒါ့ကြောင့် ပိုကောင်းတဲ့အအေးပေးစနစ်တွေတပ်ဆင်ထားရပြီး Gaming Laptop တွေဟာ ကြီးမားလေးလံနေလေ့ရှိပါတယ်။ နောက်ပိုင်းနှစ်‌တွေမှာ ကွန်ပျူတာထုတ်လုပ်ရာမှာ နည်းပညာပိုင်းမြင့်မားလာမှုကြောင့် ပါးလွှာတဲ့ကိုယ်ထည်နဲ့ Gaming Laptop တွေကိုထုတ်လာနိုင်ပြီဖြစ်ပါတယ်။

Introduction

အခုကျနော် review လုပ်ပေးသွားမှာက MSI ရဲ့ များပြားလှစွာသော Gaming Laptop တွေထဲက Thin and Light အနွယ်ဝင် Gaming Laptop တစ်ခုပါ။ MSI ဟာသူ့ရဲ့ Thin and Light Gaming Laptop Series ကို Stealth လို့ခေါ်ပါတယ်။ အခုကျနော် review လုပ်သွားပေးမဲ့ Laptop ကတော့ MSI ရဲ့ Stealth Series ထဲကမှ Display 15.6in အရွယ်အစားရှိတဲ့ GS66 Stealth 10SE ပဲဖြစ်ပါတယ်။



စစခြင်းမိတ်ဆက်ရမယ်ဆိုရင် GS66 ဟာ မနှစ်ကထွက်ထားတဲ့ GS65ကိုဆက်ခံတဲ့မျိုးဆက်သစ် Gaming Laptop ဖြစ်ပါတယ်။ GS66 လို Thin and Light Gaming Laptop တွေဖန်တီးရာမှာ သေးငယ်တဲ့ကိုယ်ထည်အတွင်းမှာ ရှုပ်ထွေးတဲ့အစိတ်အပိုင်းတွေ အသေးစိတ်ဆန်ဖို့လိုတဲ့တည်ဆောက်ပုံတွေကြောင့် Thin and Light Gaming Laptopတွေဟာ အခြား Specification တူတဲ့ Gaming Laptop ထပ်ပိုပြီး ဈေးကြီးနေလေ့ရှိပါတယ် ဒါပေမယ့် သူတို့ရဲ့ စွမ်းဆောင်ရည်ကောင်းမွန်မှုနဲ့ သယ်ဆောင်ရလွယ်ကူမှုကို ပုံမှန်Gaming Laptop တွေမှာရှာမတွေ့နိုင်ပါဘူး။

Specifications


ကျနော်ကိုစမ်းသပ်ခွင့်ပေးတဲ့ GS66 10SE ဟာ Intel ရဲ့ Comet Lake H series ထဲက 6 Cores /12 Threads 10th Gen Core i7 10750H CPU ကိုတပ်ဆင်ထားပြီး GPUကတော့ Nvidia ရဲ့ RTX 2060ပါ။ 45WTDP ရှိတဲ့ 10 Gen Core i7 10750H ဟာ Intel ရဲ့ 14nm ကိုသာဆက်သုံးထားတဲ့ Comet Lake H series ပဲမို့ အရင်Gen ထက် Clock speed မြင့်လာပြီး စွမ်းဆောင်ရည်အနည်းပိုလာသည့်တိုင် IPC ကတော့မထူးခြားလာပါဘူး။ GS66 10SEမှာတပ်ဆင်ထားတဲ့ RTX 2060 GPU ဟာ Mobile RTX ဖြစ်ကာ power limit 80W ဝန်းကျင် မို့ Desktop RTX 2060 ထက်နည်းနည်းပိုနှေးပါတယ်။ သူ့မှာပါတဲ့ RTX 2060ရဲ့ performance ထက်ပိုလိုချင်တယ်ဆိုရင်လည်း external GPU တွေနဲ့တွဲလို့ရမဲ့ Thunderbolt 3 port ပါပါသေးတယ်။ Specifications တွေကတော့

CPU: Core i7-10750H (6Cores/12Threads)
Memory: 16GB DDR4 2666 MHz
Graphics: Nvidia Geforce RTX 2060 6GB GDDR6
Storage: 1TB NVMe PCIe SSD
Display: 15.6in Non-Glare Full HD IPS Level Screen, 240Hz
Dimensions (WxDxH): 356.8 x 233.7 x15.9 mm
Weight: 2.1kg
I/O Ports: Thunderbolt 3, USB Type-C 3.2,
3x USB 3.2 Gen 2 Type-A
1x HDMI Port
Intel Wi-Fi 6 AX201, Bluetooth 5.0
Wecam: 720P
Speakers: 2x 2W Dynaudio
3.5mm Audio Combo Jack
Operating System: Windows 10 Home 64 bit
Battery: 99.9WH (4 Cell Li-Po)
Power Adaptor: 230W
Price: $2000

Design and Build Quality




Design အနေနဲ့ပြောရရင် ကျနော့်အနေနဲ့သတိထားမိတာက MSI ရဲ့ Laptop ဒီဇိုင်းတွေဟာ တစ်နှစ်ထက်တစ်နှစ်ပိုတိုးတက်ကောင်းမွန်လာကိုခံစားမိစေပါတယ်။ ဒီနှစ်ထွက် MSI GS66 Stealth ဟာ မနှစ်ကထွက်တဲ့ GS65ထက် Stealth ပိုဖြစ်လာတယ်လို့တောင်ထင်ရပါတယ် ဘာလို့ဆို မနှစ်ကထွက်တဲ့ GS65 ဟာ ဘေးဘောင်လေးတွေနဲ့ ထောင့်စွန်းလေးတွေမှာရွှေရောင်ကွပ်ထားပေမဲ့ အခုGS66 မှာတော့မရှိတော့ပဲအနက်ရောင်သာကွပ်ထားပြီး anodized aluminum သုံးထားတဲ့ Body တစ်ခုလုံးဟာ အနက်ရောင်ဖြစ်လာပါတယ်။ MSI ကတော့ GS66 ကို Sharper in Core Black လို့ဆိုပါတယ်။ ဒါ့အပြင် MSIရဲ့ Dragon logo ဟာလဲ MSI Presitage Series တွေလို အရောင်ဖျော့တဲ့ဘက်ရောက်သွားပြီမို့ပိုတည်ငြိမ်တယ် Stealthier ဖြစ်တယ်လို့ခံစားရပါတယ်။





GS66 ရဲ့တည်ဆောက်ထားပုံ မြင်လိုက်တာနဲ့ premium laptop တန်းဝင်ဆိုတာသိသာပါတယ်။ ကိုယ်ထည်တစ်ခုလုံးနီးပါးဟာ anodized aluminum နဲ့ တည်ဆောက်ထားတယ်ဆိုပေမဲ့ အားနည်းချက်က ကိုယ်ထည်ဟာလက်ရာတော့အတော်ထင်ပါတယ်။ Dragon တံဆိပ်ကလွဲလို့ ကိုယ်ထည်မှာဘာtexture မှမရှိပဲ ရိုးရိုးရှင်းရှင်းနဲ့မို့ မြင်နေကျ Gaming Laptop တွေနဲ့မတူပါဘူး။ screen ရဲ့ဘောင်လေးတွေက ၂၀၂၀ ခုနှစ်ထုတ်laptop တွေထုံးစံအတိုင်းပါးပါးလေးတွေဖြစ်သွားပါတယ်။


lid တွေkeyboard တွေကိုဖိကြည့်တဲ့အခါ ညွှတ်သွားတာကိုမတွေ့ရပဲ အတော်လေးတောင့်တင်းတာကိုတွေ့ရပြီး Thin and Light Gaming Laptop တစ်ခုအနေ‌နဲ့အားရစရာပါ။ စ်ခုရှိတာက ကိုယ်ထည်မှာအားလုံးနီးပါး aluminum သုံးထားပေမဲ့ ကိုယ်ထည်အရှေ့ဘက်စွန်းနားမှာ‌တော့ ပလက်စတစ်ကိုသုံးထားတာတွေ့ရတာပါ aluminum frame တစ်ခုလုံးဆိုရင် ထုတ်လုပ်မှုစားရိတ်တက်လာမှာဆိုးလို့လား ဒါမှမဟုတ် ကြီးမားတဲ့ဘက်ထရီကြောင့်လက်တင်ထားတဲ့အချိန်ဆိုရင်ပူမှာဆိုးလို့လား သေချာမပြောတက်ပါဘူး ဒါပေမဲ့ အမြင်အရကြည့်မယ်ဆိုရင် ပလက်စတစ်လို့တော့လုံးဝမထင်ရပါဘူး။

သူ့screen ဘောင်လေးတွေက 2020ခုနှစ်မှာ အတွေ့များလာတဲ့ ခပ်ပါးပါးစတိုင်လေးမို့ အတော်လေးမိုက်တယ်ခံစားရပါတယ်။ laptop ကပါးပေမဲ့ lid ကလဲ ခပ်ပါးပါးlaptop တွေထဲမှာအတော်တောင့်တယ်လို့ဆိုနိုင်ပါတယ်။ Hinge ကိုလည်းအရင်ကထက်ပို ကောင်းတဲ့ဒီဇိုင်းကိုပြောင်းလဲပေးထားသလို screen ကိုလည်း 180° အထိလှန်ချလို့ရပါသေးတယ် အဲ‌တော့screen ကိုလှန်ချလိုက်လို့ပျက်စီးမှာကိုစိတ်ပူဖို့မလိုပါဘူး။ ဘေးဘောင်လေးသာပါးပါးလေးဆိုပေမဲ့ Webcamကိုရအောင်ထည့်ထားပါသေးတယ်။



Cooling အတွက် Air Intake အပေါက်လေးတွေက ကီးဘုတ်ရဲ့‌အပေါ်နဲ့ laptop ကိုယ်ထည်အောက်မှာရှိပါတယ်။ Exhaust ကတော့ body ရဲ့ အနောက်တည့်တည့်ကရော ဘေးဘယ်ညာနှစ်ဖက်စလုံးမှာရှိတာတွေ့ရပါတယ်။ ကိုယ်ထည်က အလျား 358.3mm၊ အနံ 248mm နဲ့ အမြင့် 19.8mmရှိလို့ Gaming Laptop လိုမဟုတ်ပဲ သာမန်Laptop တစ်လုံးလောက်သာထင်ရပါတယ်။ အလေးချိန်ကလည်း 2.1kg သာရှိပြီး တွဲသုံးမဲ့ Power Adapter ကလည်း သိပ်မကြီးမ‌လေးတာမို့ သူ့ကို‌နေ့တိုင်းအလုပ်ကိုသယ်ယူသွားဖို့က ဘာမှအခက်အခဲမရှိနိုင်ပါဘူး။
ကျနော့်အနေနဲ့ ကျောပိုးအိတ်ထဲထည့်သယ်ကြည့်ရာမှာ Gaming Laptop ကြီးသယ်နေရတယ်လို့တောင်မခံစားရပါဘူး။

Display

MSI GS66 10SE မှာ 15.6in IPS Level Screen ကိုတပ်ထားတွေ့ရပြီး 3ms response time ရှိတဲ့ 240Hz Refresh Rate screenကိုတပ်ဆင်ထားပါတယ်။ ဒုတိယ Gaming Laptop တစ်လုံးအနေနဲ့ လန်ထွက်နေတဲ့အဆင့်မှာရှိပါတယ် (GS66 10SE ထက်ပိုကောင်းတဲ့ GPU တပ်ဆင်ထားတဲ့ Model တွေမှာဆို 300Hz အထိတပ်ထားပါတယ်)။ ဒါပေမဲ့ 240 Hz လောက်အထိမြင်ရဖို့က ပေးထားတဲ့ spec အရ AAA ဂိမ်းတွေမှာတော့ မဖြစ်နိုင်ပါဘူး Esport ဂိမ်းတွေမှာသာ 240Hz ကိုကောင်းကောင်းအရသာခံနိုင်မှာပါ။ CSGO ဆော့တဲ့အခါတော့ 256 fps ရလို့ display ရဲ့စွမ်းပကားကိုကောင်းကောင်းခံစားရပြီး GSync လို Variable Refresh Rate (VRR) နည်းပညာမပါသည့်တိုင် အတော်လေးကို ချောမွေ့နေတာကိုတွေ့ရပါတယ်။


GS66 ဟာ ဂိမ်းကစားလို့အရမ်း ကောင်းရုံသာမဟုတ်ပဲ သူ့Display ကလည်းကာလာတွေလည်းမှန်ပါတယ်။ Color ပိုင်းအနေနဲ့

sRGB 99.863 %
AdobeRGB 85.766 %
DCI-P3 79.94 % အထိရှိတဲ့အတွက် Photo and Video Editing တွေအတွက်ပါ အသုံးချနိုင်မှာပါ။



Display ကာလာတွေမှန်တဲ့အတွက် Netflix Youtube တို့ကြည့်တဲ့အခါ အတော်အရသာရှိပါတယ်။ Viewing Angle ကလဲအတော်ကြီးကောင်းပါတယ် ပြင်းပြတဲ့နေအ‌လင်းရောင်အောက်မှာဆိုရင်တော့ 320nits ဝန်းကျင်သာရှိတဲ့ display ဟာ အနည်းငယ်ရုန်းကန်ရပါတယ်။


MSI True Color ကိုအသုံးပြုပြီး Display ကိုကိုယ်သုံးချင်တဲ့ ကာလာပုံစံဖြစ်အောင်စိတ်ကြိုက်ချိန်ညှိလို့ရပါတယ်။

Keyboard and Trackpad



GS66 မှာ MSI ရဲ့ထုံးစံအတိုင်း Steelseries ရဲ့ Keyboard ကိုအသုံးပြုထားပါတယ်။ စာရိုက်ရတဲ့ဖီလင်ကတော့ laptop တွေထဲမှာအတော်ကြီးကိုကောင်းမွန်ပါတယ်။


Keyboard ဟာ ကီးတစ်ခုခြင်းအရောင်ပြောင်းလို့ရတဲ့ Per-Key RGB ဖြစ်လာလို့ ဂိမ်မာတွေအကြိုက်ဖြစ်မှာပါ။ ကီးဘုတ်RGBကိုကိုယ်ကစားမဲ့ဂိမ်း FPS, MOBA, MMO စတဲ့ဂိမ်းတွေအလိုက်စိတ်ကြိုက်ထားနိုင်သလို လှပတဲ့အခြားRGB effect တွေလည်းစုံအောင်ထည့်ထားနိုင်ပါတယ်။ သင့်မှာ အခြား keyboard mouse စတဲ့ MSI peripherals တွေရှိမယ်ဆိုရင် Dragon Center ကနေ MSI Mystic ကို Sync လုပ်ပြီး RGB effect တွေကို စည်းချက်ညီညီsetup လုပ်ထားနိုင်ပါတယ်။ တစ်ခုသဘောမကျတာက keyboard ထဲကkeyတွေကိုနေရာချထားတဲ့ပုံစံပါ ဥပမာ ညာဘက်က FN နဲ့ CTRL key‌ တွေကိုသေးသေးလေးလုပ်ထားပေမဲ့ \(Backslash)key ကိုတော့ ဖောဖောသီသီ၂ခုတောင်ထည့်ထားတာပါ။


GS66 ဟာ Gaming Laptop ဆိုပေမယ့် သူ့ရဲ့Trackpad ဟာ Gaming Laptop တွေနဲ့မတူပဲ MSI ရဲ့ Creator Series ဖြစ်တဲ့ Presitageလို အတော်ကြီးကျယ်ပြန့်ကာ လက်တစ်ဝါးစာလောက်အရွယ်ကိုရှိပါတယ်။ Left Click နဲ့ Right Click ကိုသီးခြားမခွဲထားပါဘူး။ ဖန်သားနဲ့ပြုလုပ်ထားတဲ့ Trackpadဟာ ကြီးမားကျယ်ပြန့်တာကြောင့်အသုံးပြုရတာအတော်လေးအဆင်ပြေပြီး Windows Laptop တွေထဲမှာ အတော်ကြီးကောင်းတဲ့ Trackpad လို့ယူဆပါတယ်။


ပုံမှန်ဆိုရင် Gaming Laptop တွေဟာ သူတို့ရဲ့ ပုံသဏ္ဍာန်နဲ့ ကြီးမားလေးလံတဲ့ကိုယ်ထည်ကြောင့် အစည်းအဝေးခန်းတွေယူသွားဖို့ရာ မသင့်တော်သလိုထင်ရပေမဲ့ MSI GS66 ဟာ သူ့ရဲ့ ပါးလွှာကျော့ရှင်းတဲ့ပုံစံကြောင့်အစည်းအဝေးခန်းထဲယူသွားမယ်ဆိုရင်တောင် သာမန်laptop လို့သာထင်ရစေပါတယ်။ ညဘက်ဂိမ်းဆော့တဲ့ လူတွေအတွက်အံကိုက်ပါပဲ။


Ports




Port တွေအနေနဲ့ ဘယ်ဘက်မှာ Charging Port၊ USB 3.2 Gen 2 (Type-C) တစ်ခုHDMI 2.1 Port တစ်ခုနဲ့ USB3.2 Gen2 (Type-A) တစ်ခုပါပါတယ်။ ဒီ Type-C Port ဟာ Display Port အဖြစ်သော်လည်းကောင်း၊ High Speed Devices တွေနဲ့ (External GPU, External Drives, 4K Display, Docking, etc.) တွဲသုံးနိုင်တဲ့ Thunderbolt Port 3.0 အဖြစ်သော်လည်းကောင်း၊ ကိုယ့်ရဲ့ ဖုန်းကိုအားသွင်းဖို့နဲ့ Laptop ကိုဘက်ထရီနဲ့သီးသန့်အသုံးပြုချိန်မှာ အသုံးပြုချိန်ပိုရှည်ကြာစေတဲ့ 100W အထိရမဲ့ Power Delivery စနစ်ကိုပါအထောက်အပံ့ပေးပါတယ်။


ညာဘက်မှာတော့ Audio Combo Jack တစ်ခု၊ USB 3.2 Gen 2 (Type-C) တစ်ခုနဲ့ USB 3.1 Gen 2 နှစ်ခုရယ် LAN အတွက် RJ-45 jack တစ်ခုပါပါတယ်။ ဒီလို ပါးလွှာတဲ့ အရွယ်အစား Gaming Laptop မှာ ဒီလောက်စုံနေတာက အားရစရာပါ။ ဒါပေမဲ့ နေရာမလောက်လို့ထင်ပါရဲ့ SD card reader ကိုတော့မတွေ့မိပါဘူး။


Webcam and Windows Hello


တစ်ချို့ဘေးဘောင်ပါးတဲ့ Laptop တွေမှာဆိုရင် Webcam ကို နေရာပြောင်းလိုက်တဲ့အတွက် Video Call မှာ ကြည့်ရတာသဘာ၀မကျတော့တာမျိုးဖြစ်တက်ပါတယ် ဒါပေမဲ့ ကျနော်အထက်ကပြောခဲ့သလို GS66 ဟာ screenဘောင်လေးတွေပါးတယ်ဆိုပေမဲ့ Webcam ကိုပုံမှန်နေရာမှာထည့်ပေးနိုင်တာကအင်မတန်ကောင်းတဲ့အချက်ပါ။ Windows Hello ဆိုတဲ့ biometric sign-in system အတွက် Webcam ရဲ့ဘေးမှာ ကိုယ့်မျက်နှာကို scan ဖတ်ပေးနိုင်တဲ့ Infrared Camera တစ်ခုပါပါတယ်။ ဒီ Infrared Camera က မှောင်နေတဲ့အချိန်တောင်မှကောင်းစွာအလုပ်လုပ်ပြီး Windows Password ကိုရိုက်စရာမလိုပဲ loginဝင်နိုင်ပါတယ်။ ကျနော်စက်အဖွင့်အပိတ်တွေ အကြိမ်များစွာလုပ်ခဲ့ပေမဲ့ ပြဿနာမရှိပဲအကြိမ်တိုင်းကို မြန်မြန်ဆန်ဆန်login လုပ်နိုင်တာကအားရစရာပါပဲ။ ရိုးရိုးcamera ကိုမသုံးပဲ Infrared Camera ကနေ login ဝင်တဲ့အတွက် ကိုယ့်မျက်နှာမဟုတ်ရင် login ဝင်မရသလို ကိုယ့်ဓာတ်ပုံကိုသုံးပြီးဝင်ကြည့်မယ်ဆိုရင်တောင် login ဝင်မရတဲ့အတွက်အတော်လေးစိတ်ကြေနပ်စေမဲ့ features ဖြစ်ပါတယ်။ Video Call တွေအတွက် Webcam ရဲ့ ရုပ်ထွက်က အလင်းသိပ်မရှိတဲ့နေရာမှာတောင် ကောင်းကောင်းမြင်ရလို့မဆိုးလှပေမဲ့ အသံဖမ်းတဲ့ mic ကတော့စိတ်ကျေနပ်စရာမကောင်းပါဘူး။


Audio


Audio ပိုင်းကိုပြောရမယ်ဆိုရင် MSI GS66 မှာ Dynaudio ရဲ့ Duo Wave Speaker ၂လုံး ထောင့်‌၂ထောင့်မှာနေရာချထားပါတယ်။ Duo Wave Speaker ကြောင့် Laptop အောက်ခြေကနေရော အပေါ်ဘက်ကပါအသံထုတ်‌ပေးနိုင်ပါတယ်။ စစခြင်း out of the box ဆိုရင် အသံထွက်ကတော့ အလန်းကြီးမဟုတ်ပါဘူး ဒါပေမဲ့ သူမှာပါတဲ့ Nahimic Audio software ကနေ အနည်းငယ် tuning လုပ်လိုက်တာနဲ့ နားထောင်ရတာအတော်အဆင်ပြေသွားပါတယ် ဒါပေမဲ့ speaker ရဲ့အသံထွက်က flat ဖြစ်တယ်လို့ခံစားရပါတယ်။ ကျနော့်အမြင်အရ Gaming Laptop တွေမှာ speaker တွေဘယ်လောက်ကောင်းကောင်းတပ်ထားပါစေ နားကျပ်တပ်ကစားတာက ပိုအဆင်ပြေတယ်လို့ပဲယူဆပြီး Audio Jack ကထုတ်ပေးတဲ့ကောင်းတာကိုပဲပိုသဘောကျမိပါတယ်။

MSI GS66 မှာ 3.5mm Audio Combo Jack ပါပြီး Nahimic Audio တွဲဖက်အသုံးပြုပြီး Battlefiled V Multiplayer ကစားကြည့်တဲ့အခါ အနီးအဝေးအထက်အောက်ဘယ်ညာအသံတွေကို ကောင်းစွာထုတ်ပေးနိုင်ပြီး နှိုင်းယှဉ်ပြောရမယ်ဆိုရင် သူ့ရဲ့ onboard audio က $150 လောက်တန်တဲ့ အချို့သော Gaming Headset တွေက ထုတ်ပေးတဲ့အသံထက်တောင်ပိုကောင်းနေတာကိုတွေ့ရပါတယ်။ နားကျပ်တပ်ပြီးဂိမ်းဆော့မဲ့သူအတွက်ကတော့ ကျေနပ်လောက်စရာ အသံကိုကြားရမှာပါ။


Storage


GS66 မှာ 1TB WD SN730 NVME SSD ကိုထည့်‌ထားပြီး SSD ရဲ့ စွမ်းဆောင်ရည်ဟာ Read/Write နှုန်းတွေဟာ အားရစရာကောင်းပြီး ထိပ်တန်းအဆင့်မှာရှိပါတယ်။ အတိအကျကို Benchmark ပုံမှာကြည့်ပါ။ ဒီလောက်စွမ်းဆောင်ရည်ရှိတဲ့ SSD ကို ကိုယ့်ဘာသာဝယ်တပ်ရမယ်ဆိုရင် $200 နီးပါးလောက်ပေးရဖွယ်ရှိပါတယ်။ 1TB SSD ဆိုတာ SSD တစ်ခုအနေနဲ့ capacity များတယ်ဆိုပေမဲ့လို့ နောက်ပိုင်း‌ဂိမ်းတွေဟာ 100GB နဲ့ 200GB လောက်ရှိလာပြီမို့ Storage တွေအများကြီးလိုလာပါတယ်။ GS66ရဲ့ ပါးလွှာတဲ့ကိုယ်ထည်နဲ့ ကြီးမားတဲ့ Battery အရွယ်တွေကြောင့် HDD သို့ SATA SSD အတွက်နေရာမကျန်တော့ပါဘူး။ ဒီအတွက်စိတ်မပူပါနဲ့ GS66 မှာ Storage ထပ်တိုးဖို့ M2 Slot တစ်ခုအပိုပါပါသေးတယ် Storage မလောက်ဘူးထင်ရင်ထပ်တိုးနိုင်ပါတယ်။

Dragon Center, Steelseries Engine and Killer Network


Gaming Laptop တွေမှာ Utility Software တစ်ခုပါလေ့ရှိပါတယ်။ MSI မှာဆိုရင်တော့ Dragon Center ပါ သူက Gaming Mode အတွက် Setting ချိန်လို့ရမယ်၊ ဘက်ထရီခံအောင်သုံးမှာလား စွမ်းဆောင်ရည်အပြည့်သုံးမှာလားစတဲ့ Power Plan တွေချိန်လို့ရမယ်၊ စက်ရဲ့ အပူချိန်နဲ့အမြန်နှုန်းတွေ ဘက်ထရီအခြေအနေတွေကြည့်လို့ရမယ်၊ Display ရဲ့ Color Mode တွေပြောင်းမယ်၊ ပြီးတော့ MSI ရဲ့ accessories တွေနဲ့ RGB Effect တွေ Gaming Profile တွေတွဲဖက်သုံးလို့ရမဲ့ Ambient Link ပါပါတယ်။






Steelseries Engine ကတော့ GS66 မှာထည့်သွင်းထားတဲ့ Steelseries RGB keyboard ကို စိတ်ကြိုက် RGB setting ထားဖို့ပါ။ သူ့မှာ အခြားသော Steelseries ပစ္စည်းတွေနဲ့ RGB effect တွေ sync လုပ်ထားမယ်၊ keyboard ကို ဖွင့်ထားတဲ့သီချင်းသံအလိုက် ပြောင်းလဲနေမဲ့ Audio Visualizer mode၊ စိတ်ကြိုက် GIF ပုံလေးတွေကို Keyboard မှာလာပေါ်စေတဲ့ image sync၊ ဂိမ်းတစ်ခုခြင်းစီအလိုက် RGB effect တွေပြောင်းသွားမဲ့ setting တွေအပြင်အခြား RGB effect တွေလည်းအများကြီးပါပါတယ်။



Killer Network ဆိုတာကတော့ ဂိမ်းကစားတဲ့အချိန်မှာ Network ကိုဂိမ်းအတွက် lag မဖြစ်အောင် bandwidth တွေ latency တွေချိန်ညှိပေးတာပေါ့ သူက Wifiရော LAN မှာပါအလုပ်လုပ်ပါတယ်။ WiFi နဲ့ကစားကြည့်ရာမှာ LAN ကြိုးတပ်ကစားရတဲ့ဖီလင်လိုရပါတယ်။


Battery

GS66မှာ 99.9WHr ရှိတဲ့ 4Cell Li-Po battery ကိုထည့်သွင်းပေးထားပြီး MSI ကတော့ Laptop တွေထဲမှာ Battery Capacity အများဆုံးလို့ကြွေးကြော်ထားပါတယ်။ ဒီထပ်ပိုကြီးအောင်ထည့်လို့လည်းမရပါဘူး ဘာလို့လဲဆိုတော့ အမေရိကန်လေကြောင်းအာဏာပိုင်အဖွဲ့အစည်း FAA ရဲ့ PackSafe Regulation ဥပဒေအရ လေယာဉ်စီးခရီးသည်တစ်ဦးဟာ Li-On Battery ကို 100WHr အထိသာသယ်ယူခွင့်ပေးတာကြောင့်ပါ။


ဘက်ထရီစွမ်းဆောင်ရည်ကို Audio Level and Brightness 50% နဲ့ Power Balanced Mode မှာ Netflix ကြည့်တာ Nvidia GPU နဲ့ ၃နာရီခွဲလောက်ကြည့်လို့ရပါတယ်။ Intel HD Graphics ကိုသာသုံးမယ်ဆို ၈နာရီအတိရပါတယ်။ ဒီထက်နည်းတဲ့workloads တွေနဲ့ battery saving mode တွေမှာထားရင် ၈နာရီထက်ပိုခံမှာပါ ဒါဟာ 99.9WHr Battery ရဲ့အစွမ်းကြောင့်ပဲထင်ပါတယ်။ ဂိမ်းဆော့မယ်ဆို၁နာရီခွဲနီးပါးသာရပါတယ်။

Bloatware တွေဖြစ်တဲ့ MSI Dragon Center, True Color, Steelseries Engine တို့ကိုပိတ်ထားရင် Laptopဟာ ဘက်ထရီပိုခံတာကိုတွေ့ရပြီး ဒီ software တွေဟာ CPU စွမ်းဆောင်ရည်အချို့ကိုယူသုံး‌နေမှာမို့လည်းဖြစ်နိုင်ပါတယ်။

Testing Methodology and Benchmarks


CPU Benchmark အတွက် Cinebench R15၊ Cinebench R20 နဲ့ Geekbench 5 ကိုထည့်သွင်းစမ်းသပ်ထားပါတယ်။ Core i7 10750H ဟာ Single Core မှာ 5.0GHz အထိတွန်းတင်နိုင်တယ်ဆိုပေမဲ့ အချိန်အများစုမှာ Single Core ကို 4.5GHz အထိသာထားရှိတာကိုတွေ့ရပါတယ် Multi Core မှာ‌‌တော့ 4.0GHz အထိသာအများဆုံးတွန်းတင်ပေးပြီး Heavy Load သုံးထားအချိန်အများစုမှာ‌‌ တော့ 3.6~3.7GHz လောက်အထိသာတွေ့ရပါတယ်။



Gaming Performance အတွက် ဂိမ်းဆယ်မျိုးနဲ့စမ်းသပ်ထားပါတယ် အများစုက AAA Titles တွေပါ။





RT Cores တွေပါတဲ့ RTX 2060 GPU အတွက် Ray Tracing Benchmark တွေရယ် အချို့ဂိမ်းတွေကို Ray Tracing ကို Ultra ဖွင့်စမ်းထားပါတယ်။ Mobile RTX 2060 ဟာ Desktop RTX 2060 လိုတော့မမြန်ပေမဲ့ အကြမ်းဖျင်းအားဖြင့် Desktop GTX 1660Ti သို့ GTX 1070 လောက် မြန်ပြီး အချို့ဂိမ်းတွေမှာသိသိသာသာပိုမြန်ပါတယ်။


Overall Performance အတွက်ကတော့ PCMark 10 နဲ့ပါ။

Productivity အတွက် Vray ကိုထည့်သွင်းစမ်းသပ်ထားပါတယ်။
Benchmark တွေစမ်းလို့ရလာတဲ့ အသေးစိတ်ကို graph တွေနဲ့ပြထားပေးပါတယ်။ Benchmark အားလုံးကို Windows 10 Version 1909 နဲ့ GeForce Driver Version 446.14 မှာစမ်းသပ်ထားပါတယ်။

Temperatures and Noise



GS66 ဟာ ပါးလွှာတဲ့ Gaming Laptop ဖြစ်တဲ့အတွက် ပါးလွာတဲ့ laptop တွေရဲ့ထုံးစံအတိုင်း ကျနော်ကစစခြင်းအပူလွန်ကဲမှာကြောက်ရပါတယ်။ ပုံမှန်laptop တွေမှာ CPU အတွက် fan တစ်ခုနဲ့ GPU အတွက် Fan တစ်ခု သာထည့်ပေးထား‌ လေ့ရှိပါတယ်။ ဒါပေမဲ့GS66မှာ အခြားlaptop တွေထက် တမူထူးခြားတဲ့ Features ပါလာပါတယ် ဒါကတော့ Heatpipe ၇ချောင်း နဲ့ GPU Cooling အတွက် Fan ၂ခုနဲ့ CPU Cooling အတွက် fan ၁ခုကိုထည့်ပေးထားတာပါ MSI က ဒါကို Cooler Boost Trinity+ လို့ခေါ်ပါတယ် fan တွေဟာလည်းအလွန်ပါးလွှာတဲ့ 0.1mm သာအထူရှိတဲ့fan blades တွေကိုသုံးထားပါတယ်။

အကယ်၍ CPU Temperatures ဟာ 95°C လောက်အထိရောက်လာပြီဆိုရင် CPU Clock Speed ဟာ 4.1GHz~3.8GHz လောက်အထိပြောင်းသွားတာကိုတွေ့ရပါတယ်။ GPU ကတော့ Cooler Boost Trinity အစွမ်းနဲ့ Temperatures ကိုအတော်လေးထိန်းထားနိုင်ပါတယ်။ Stress Test ၃ကြိမ်လောက်စမ်းကြည့်ရာမှာ GS66ဟာ ၃ကြိမ်စလုံးကိုအောင်အောင်မြင်မြင်ကျော်ဖြတ်သွားပါတယ်။


Game ဆော့နေတဲ့အချိန် keyboard က အရမ်းမပူလာပဲ အပူဆုံးနေရာတောင်မှနွေးရုံလေးသာနွေးပါတယ်။ ဒါပေမဲ့ GS66ရဲ့ exhaust fan‌ တွေဟာ အနောက်ဘက်ရောဘေး၂ဘက်လုံးကပါ စွန့်ထုတ်တဲ့အတွက် gaming mouse သုံးရင် exhaust နဲ့လွတ်တဲ့နေရာကိုရွေးထားတာကပိုအဆင်ပြေမယ်လို့ထင်ပေမဲ့ အေးဆေးဆော့လို့ရတာတွေ့ရပါတယ်။


GS66 ရဲ့ fanဟာ silent အခြေအနေမှာ အတော်လေးတိတ်ဆိတ်ပါတယ်။ ဒါပေမဲ့ full speed မှာ အသံတော်လေးဆူပါတယ် ဒါဟာ သူ့ရဲ့ပါးလွှာတဲ့ကိုယ်ကြောင့်လား fan ၃လုံးထည့်ထားတာမို့လားတော့မရှင်းပါဘူး။ Full Speed မှာ
44.4dB
Idle 33.3dB ဆူတာကိုတွေ့ရပါတယ်။

The Good
* Sleek Design
* Great Display with 240Hz
* Plenty of IO with Thunderbolt 3 support
* Good for Gaming and Productivity
* Features Rich
* Long Battery Life

The Bad
* Fan Noise
* Keyboard Configuration is not great

Conclusion



သပ်ရပ်လှပပြီးပါးလွှာတဲ့ဒီဇိုင်းနဲ့ MSI GS66 Stealth 10SE ဟာ သင့်ကို အလုပ်အတွက်ရော ဂိမ်းကစားဖို့ပါ အကောင်းဆုံးစွမ်းဆောင်ပေးနိုင်ပါတယ်။ ဒီ Laptop ဟာ နေ့ခင်းဘက်မှာ အလုပ်လုပ်ပြီး ညဘက်ဂိမ်းဆော့မယ် ဆိုတဲ့သူတွေအတွက်အံကိုက်ပါပဲ။ ကာလာမှန်တဲ့ Display ကြောင့်ဓာတ်ပုံတွေ Video တွေကောင်းကောင်းEdit လုပ်နိုင်မှာဖြစ်သလို 240Hz ရှိတဲ့ Screen ဟာ Laptop တွေထဲမှာ အမြန်ဆုံး refresh rate မဟုတ်သည့်တိုင် သူနဲ့တွဲဖက်ထားတဲ့ GPU နဲ့အံကိုက်ပါပဲ။ AAA ဂိမ်းအများစုကိုလည်း 1080P Ultra Setting မှာ framerate ကောင်းကောင်းနဲ့အရသာခံနိုင်ပါတယ်။ ကြီးမားတဲ့ဘက်ထရီဟာ Gaming Laptop အနေနဲ့အတော်ကြီးကောင်းမွန်တာတွေ့ရပြီး သာမန်အလုပ်တွေကို အလုပ်ချိန်အတွင်းplug ထိုးစရာမလိုလောက်တဲ့စွမ်းဆောင်ရည်ရှိပါတယ်။ GS66ဟာ Thin and Light Gaming Laptop တွေထဲမှာ အကောင်းတကာ့အကောင်းဆုံးဖြစ်ချင်မှဖြစ်ပါလိမ့်မယ် ဒါပေမဲ့ သင်စိတ်ကူးထားတဲ့ Gaming Laptop ဆိုတာ ပါးရမယ်ပေါ့ရမယ် စွမ်းဆောင်ရည်ထိပ်တန်းအဆင့်မှာရှိရမယ် Gaming ဆန်တာလည်းမလိုချင်ဘူးဆိုသူတွေအတွက်မက်လောက်စရာဖြစ်နေမယ့် Gaming Laptop ဖြစ်ပါတယ်။ ကျနော့်အမြင်အရ Stealth is now Stealthier ပါပဲ။
MSI GS66 Stealth 10SE ရဲ့ဈေးနှုန်းကတော့ $2000 လို့သိရပါတယ်။

Review တွေအတွက် ကျနော့်မှာနာရီပေါင်းများစွာစမ်းသပ်ထားရပါတယ်။ ဒီလို review တွေရေးပြီးချိန်မှာ မိတ်ဆွေတို့ရဲ့ Like တစ်ချက် Share တစ်ခုဟာ နောက်စာတွေဆက်ရေးဖို့ကျနော့်ကိုများစွာအားတက်စေတာမို့ သဘောကျနှစ်သက်တယ်ဆိုလို့ရှိရင် Page လေးကို Like ‌‌and Share လုပ်ပေးခြင်းဖြင့်ကူညီပါလို့တောင်းဆိုလိုက်ပါတယ်။ ကျနော့်ကို Review Unit ပေးတဲ့ MSI Gaming ကိုလည်းအထူးကျေးဇူးတင်ပါတယ်။


#EnThueTech
#Review
#Gaming #Laptop
#MSI #Stealth #GS66



Post a Comment

0 Comments