Subscribe Us

header ads

12th Gen Alder Lake CPU များအတွက် Branding Logo အသစ်များပေါက်ကြား

 


7nm တွေ Delay ဖြစ်သွားတာနဲ့ပတ်သက်လို့ ဒီတပတ်ဟာဆိုရင်ဖြင့် Intel အတွက်စိတ်မချမ်းမြေ့စရာတွေချည်းပါပဲ။ သို့ပေသော်ငြား Intel ရဲ့ product line ကတော့ ကုန်ပစ္စည်းအသစ်တွေကို ဆက်လက်ထုတ်နေမှာပါဖြစ်သလို branding logo ကိုလည်းအပြောင်းအလဲလုပ်လိုပုံရပါတယ်။

USPTO ကိုပို့လာတဲ့အမှတ်တံဆိပ်ဖိုင်မှာ Intel ရဲ့ ပုံမှန်မြင်နေကျlogo ထက် အပြောင်းလဲတွေလုပ်ထားတာတွေ့ရပြီး Core i3 အမှတ်တံဆိပ်နဲ့ ပုံမှန်တွေ့နေကျမဟုတ်တဲ့ Evo Powered By Core လို့ရေးသားထားတာတွေ့ရပါတယ်။ Evo ဆိုတာ Evolutionary ကိုပြောတာဖြစ်ပြီး Intel ရဲ့ ဆန်းသစ်ထားတဲ့ Product Design ကိုဆိုလိုဟန်ရှိပါတယ်။

Alder Lake ဆိုတာ လက်ရှိထွက်ထားတဲ့ Lakefield Laptop CPU တွေနဲ့အတော်ကြီးဆင်ပါတယ်။ Lakefield မှာတုန်းက ARM ရဲ့ big.LITTLE လိုခပ်ဆင်ဆင်တူတဲ့ Single Core အတွက် High Power Sunny Cove core သုံးထားပြီး Multi Core အတွက် ပါဝါစားသက်သာတဲ့ Tremont Core ၄ခုကိုသုံးထားပါတယ်။ Desktop CPU ဖြစ်တဲ့ Alder Lake အတွက်ကတော့ စွမ်းဆောင်ရည်ကောင်းတဲ့ Golden Cove core ၈ခု နဲ့ ပါဝါစားသက်သာတဲ့ Gracemont Core ၈ခုကိုသုံးမှာဖြစ်ပါတယ်။

Alder Lake တွေမရောက်လာခင်မှာ 11 Gen အတွက် 10nm Tiger Lake (Laptop) နဲ့ 14nm Rocket Lake S (Desktop) ကိုဖြန့်ချီသွားမှာဖြစ်ပြီး ၂၀၂၁ခုနှစ်လောက်မှာတွေ့မြင်ရမှာဖြစ်ပါတယ်။

Source: Hot Hardware

#EnThueTech
#News
#Intel #CPU #Alderlake

Post a Comment

0 Comments