Subscribe Us

header ads

7nm node နှောင့်နှေးသွားမှုနှင့်အတူ လမ်းပျောက်နေတဲ့ Intel



Intel ဆိုတဲ့ Semiconductor ကုမ္မဏီဟာ processor တွေကို ကိုယ်ပိုင်ဒီဇိုင်းထုတ်ပြီး ကိုယ်ပိုင်ထုတ်လုပ်နိုင်တဲ့ IDM- Integrated Device Manufacturers ဖြစ်ပါတယ်။ လက်ရှိမှာတော့အခြေအနေတွေဟာ Intel အတွက်အတော်ဆိုးနေပါတယ်။ သူတို့ရဲ့ 7nm process ဟာ 12လနောက်ဆုတ်သွားပြီး လမ်းပြမြေပုံကနေ သွေဖယ်သွားခဲ့ပါတယ်။ 

ယနေ့အချိန်မှာတော့ Intel ဟာ 10nm Desktop CPU တွေကို စျေးကွက်ထဲရောက်အောင်မလုပ်နိုင်သေးပါဘူး။ မျှော်လင့်ချက်မြင့်မြင့်မားမားနဲ့ထားရှိခဲ့တဲ့ 7nm Process ဟာလည်း ပြဿနာရှိတဲ့ process node တစ်ခုဖြစ်လာခဲ့ပါပြီ။ 


Intel အနေနဲ့ 10nm ကိုကူးပြောင်းမယ်လို့ပြောကြားလာခဲ့တာ နှစ်ပေါင်းမနည်းတော့ပါဘူး သေးငယ်တဲ့ကြန့်ကြာမှုတွေဟာ Intel အတွက် အများကြီးပိုကြာသွားစေနိုင်ပါတယ်။ 

Intel CEO Bob Swan ကတော့ အဆိုပါပြဿနာကို Silicon Yields အရေအတွက်လျော့နည်းသွားရာမှ Defect Mode ဖြစ်သွားတယ်လို့ဆိုခဲ့ပြီး ပြဿနာရဲ့အရင်းအမြစ်ကို ရှာတွေ့ခဲ့ပြီးဖြစ်ကာ ပြုပြင်နေပြီလို့သိရပါတယ်။ 

Intel အနေနဲ့ 7nm သို့ ပြောင်းလဲရာမှာ အတားအဆီးတွေရှိလာလိမ့်မယ်လို့ မြင်ခဲ့ဟန်မပေါ်ပါဘူး။ သို့ပင်သော်ငြား Intel ရဲ့ 7nm အခြေခံCPUတွေဟာ ၂၀၂၂နှစ်ကုန် သို့ ၂၀၂၃ အစောပိုင်းမှာသာ စျေးကွက်ထဲဝင်ရောက်လာဖွယ်ရာရှိတော့တာပါ။ အဆိုပါအချိန်လောက်မှာဆိုရင် ပြိုင်ဘက်ကုမ္ပဏီဖြစ်တဲ့ AMDဟာ TSMC ရဲ့ 5nm node နဲ့ စျေးကွက်ဝင်နေလောက်ပါပြီ။ 

Intel မှ သူတို့တွင် "အရေးပေါ်အစီအမံများ" ရှိပြီး ကုမ္မဏီအနေဖြင့် ကုမ္မဏီတွင်းနှင့် ပြင်ပ process နည်းပညာများကို အသုံးချနိုင်စွမ်းရှိကြောင်း အတည်ပြုခဲ့ပါတယ်။ မျိုးဆက်သစ် Ponte Veccihio GPU architecture အတွက် Intel အနေဖြင့် ကိုယ်ပိုင် packaging technique များနှင့်အတူ ပြင်ပ process နည်းပညာများအသုံးပြုပြီး ပြင်ပfoundries များသို့ အပ်နှံရန် အစီအစဉ်ရေးဆွဲနေတယ်လို့ဆိုပါတယ်။ 


Ponte Veccihio architecture အတွက် ပြင်ပ foundries ကိုသာအပ်နှံခဲ့မယ်ဆိုရင် Intel အနေနဲ့ သူတို့ရဲ့ကိုယ်ပိုင် process node အပေါ်မှာ ယုံကြည်မှုနည်းပါးနေတာကို တွေ့ရမှာဖြစ်ပါတယ်။ တချိန်က Intel ရဲ့ fabrication facility တွေဟာ ကုမ္ပဏီအတွက် ဂုဏ်ဆာစရာဖြစ်ခဲ့ပြီး အခုမှာတော့ ဝန်ထုပ်ဝန်ပိုးတစ်ခုနဲ့ပိုပြီးတူလာခဲ့ပါပြီ။ 


Intel ရဲ့ 7nm node နှောင့်နှေးမှုနှင့်အတူ လက်ရှိမှာလည်း ပြိုင်ဘက် AMD ရဲ့ စတော့‌ရှယ်ယာဈေးက Intel ထက်ကိုကျော်လွန်သွားပြီဖြစ်ပြီး ဒါဟာ သမိုင်းတလျှောပထမဦးဆုံးအကြိမ်လို့သိရပါတယ်။ 

Source: anandtech and OC3D
Photos: anandtech, OC3D and Yahoo Finance

Post a Comment

0 Comments