Subscribe Us

header ads

Bandwidth ၂ဆထက်ပိုတဲ့ Micron ရဲ့ DDR5


Micron ဟာ DDR5 memory ကို စျေးကွက်ထဲအမြန်ရောက်ရှိလာအောင်ကြိုးစားနေပါတယ်။ အဲဒီအတွက် Mircom ဟာ သုံးစွဲသူတွေရဲ့ မျိုးဆက်သစ်computing products တွေမှာ ဒီဇိုင်းနဲ့အရေအသွေးမြင့်မားလာစေရန်အတွက် များပြားလှတဲ့နည်းပညာအရင်းအမြစ်တွေကို စောလျင်စွာရရှိအောင်ဖန်တီးပေးထားပါတယ်။

ဘာလို့ DDR5 ကိုလိုအပ်သလဲ

CPU တွေဟာ ပိုကြီးလာပါတယ် CPU Core အရေအတွက်တွေပိုများလာတဲ့အခါ bandwidth တွေဟာ တိုး၍တိုး၍ကန့်သတ်ခံလာရပါတယ်။ Mainstream CPU တွေမှာဆိုရင်လည်း Intel မှာဆို Quad Core ကနေ 10 Cores အထိရှိလာသလို AMD ဆိုရင်လည်း 16 Cores CPU တွေအထိရှိလာပါပြီ။ ဒါပေမဲ့ Intel နဲ့ AMD CPU တွေဟာ 10 Coresတို့ 16 Cores တို့အထိရှိလာပေမဲ့ Memory ပိုင်းအရတော့ Dual Channel ဖြင့်သာကန့်သတ်ခံထားရပါတယ်။


မျိုးဆက်သစ် Computing ဖြစ်လာဖို့ရာမှာ ပိုမိုမြန်ဆန်တဲ့ DRAM ရရှိဖို့လိုပါတယ်။ ခေတ်သစ်CPU တွေရဲ့ စွမ်းဆောင်ရည်အပြည့်အဝကိုရှိနိုင်ဖို့ရာအတွက် ကျနော်တို့ဟာ မြောက်မြားလှစွာသော memory bandwidth တွေလိုအပ်ပြီး DDR5မှာတွေ့ရတဲ့ဒီဇိုင်းပြောင်းလဲမှုတွေဟာ DDR4မှာကြုံတွေ့နေရတဲ့အခက်အခဲတွေကိုဖြေရှင်းနိုင်ပါလိမ့်မယ်။

၂ဆတိုးလာတဲ့ Memory အစုအဝေး

DDR5မှာ memory module တစ်ခုခြင်းစီဟာ ၂ဆတိုးလာပါမယ် ဒါ့ကြောင့် memory သိပ်သည်းဆတိုးလာပါမယ် communication စွမ်းဆောင်ရည်လည်းတိုးလာပါမယ်။

ဒီလိုဒီဇိုင်းပြောင်းလဲမှုဟာ DDR5 bus length ကို 16အထိရှိလာစေပြီး memory bus ရဲ့ ထိပ်ရောက််မှုတိုးလာစေသလို DDR4 ထက် data rate ပိုမြင့်မားလာစေပါတယ်။ ဒါ့အပြင် DDR5 ဟာ onboard ECC ကိုပါအထောက်ပံ့ပေးတာမို့ ပိုမိုယုံကြည်စိတ်ချရပြီး DDR5 module အားလုံးမှာသုံးလာနိုင်မယ်လို့ဆိုပါတယ်။ လောလောဆယ်မှာတော့ ECC ဟာ workstation နဲ့ Enterprise အဆင့် DDR4 Module တွေမှာသာတွေ့ရသေးတာပါ။



DDR5 အပြောင်းအလဲမှာဘာတွေထူးလာမှာလဲ

DDR4 မှာတုန်းက memoryဟာ refresh တစ်ကြိမ်မှာ memory bank တစ်ခုခြင်းစီ lock လုပ်ထားခဲ့ပါတယ်။ ဆိုလိုတာက တစ်ချို့အချိန်လေးမှာသုံးမရခဲ့ပါဘူး။ DDR5 မှာတော့ တစ်ချို့ memory bank တွေrefresh လုပ်နေချိန်မှာ အခြား memory bank ၃ခုကတော့ဆက်အလုပ်လုပ်နေမှာပါ။

ဒီအကျိူးသက်ရောက်မှုက 75% memory bank တွေဟာ refresh လုပ်နေချိန်မှာ အလုပ်လုပ်နေခြင်းက သုံးစွဲသူကိုသိသာထင်ရှားတဲ့စွမ်းဆောင်ရည်ကိုပေးနိုင်ပါတယ်။ ဒါဟာ Memory latency ကိုပါလျော့‌နည်းစေသလို memory bandwidth ပါတိုးလာစေပါတယ်။

DDR5 မှာ DIMM တစ်ခုခြင်းစီကို သီးခြား 40bit channel ကိုအသုံးပြုထားမို့ DDR4 ထက် လုပ်ဆောင်နိုင်စွမ်းလည်း၂ဆတိုးလာပါတယ်။ ဒါဟာ သုံးစွဲသူတွေအတွက် memoryကနေ အမြဲတမ်းအမြင့်ဆုံးစွမ်းဆောင်ရည်ရရှိနိုင်ဖို့ရာ DDR5 ကကူညီပေးနိုင်ပါတယ်။


DDR5 မှာ စွမ်းအင်စီမံခန့်ခွဲမှုကို motherboard အစား Module တွေကသာကိုင်တွယ်မှာဖြစ်ပါတယ်။ သူ့ရဲ့ power stage တွေကို ပိုထိမ်းချုပ်လာနိုင်ကာ ပိုမိုသန့်စင်တဲ့ power နဲ့ signalling အပိုင်းတွေတိုးတက်လာပါတယ်။

Bandwidth တိုးလာတာထက်ပိုတဲ့ DDR5

DDR5 မှာ bandwidth လေးပဲတိုးလာတာမဟုတ်ပါဘူး။ memory cycle တစ်ခုခြင်းစီမှာပါ ပိုမိုထိရောက်တဲ့စွမ်းဆောင်ရည်ရှိလာပါတယ်။ Micron ရဲ့ စမ်းသပ်ချက်အရ DDR4 နဲ့ DDR5 modules တွေကို 3200 MT/s မှာ အလုပ်စေရာမှာ DDR5 က 36% bandwidth အထိတိုးမြှင့်ရရှိလာတယ်လို့ဆိုပါတယ်။ ဒါဟာ DDR4 နဲ့ DDR5 တို့ရဲ့ speed အတူတူမှာကိုဖြစ်ပါတယ်။


DDR5 ဈေးကွက်ထဲရောက်တဲ့အခါ 4800 MT/s ရှိတဲ့ ဖြန့်ချီဖို့ကြံရွယ်နေပြီး 3200MT/s ထက် 87%စွမ်း‌ဆောင်ရည်ပို‌ကောင်းပါတယ်။ Micron အနေနဲ့ 6400 MT/s အထိရှိတဲ့ DDR5 Moduleတွေကိုပါထုတ်သွားဖို့ စီစဉ်နေပါပြီ။




Micron အနေနဲ့ DDR5 ကိုဈေးကွက်ထဲ စောနိုင်သမျှစော‌အောင်ဖြန့်ချီလိုနေပြီး PC အသုံးပြုသူတွေအတွက်ဒါကသတင်းကောင်းပါပဲ။ DDR5 ဟာ ယခင်မျိုးဆက်‌ထက်သိသာတဲ့စွမ်းဆောင်ရည်ကိုပေးနိုင်မှာဖြစ်သလို software ဖန်တီးသူတွေအတွက်လည်း စိတ်လှုပ်ရှားစရာကောင်းတဲ့ရွေးချယ်မှုတွေကိုမိတ်ဆက်ပေးနိုင်ပါလိမ့်မယ်။

Source: OC3D





Post a Comment

0 Comments