Subscribe Us

header ads

Microsoft Flight Simulator (2020)


Microsoft ဟာ လေကြောင်းဝါသနာရှင်တွေမျှော်လင့်စောင့်စားနေတဲ့ Microsoft Flight Simulator 2020ကို ဩဂုတ်လ ၁၈ရက်နေ့မှာထွက်ရှိမယ်လို့ကြေညာလိုက်ပါပြီ။ အလွန်လှပတဲ့ ရုပ်ထွက်နဲ့ လေယာဉ်အမျိုးအစားပေါင်း၃၀ နဲ့ လေဆိပ်ပေါင်း ၄၀ အထိကိုစထွက်တဲ့နေ့မှာတင်ကစားနိုင်မယ်လို့ဆိုပါတယ်။

PC အတွက်ကတော့ Microsoft Flight Simulator 2020ကို Windows Storeနဲ့ Xbox Game Pass ကနေတဆင့်ကစားနိုင်မှာဖြစ်ပြီး Steam သို့ Epic မှာ ဖြန့်ချီမယ်လို့ကြေညာသွားခြင်းတော့မရှိခဲ့ပေမဲ့ Xbox One အတွက်တော့ ဩဂုတ်လ၁၉ရက်နေ့မှာ ဖြန့်ချီပေးမယ်လို့ဆိုပါတယ်။


Microsoft Flight Simulator (2020)ကို version ၃မျိုးနဲ့ ဖြန့်ချီသွားမှာဖြစ်ပြီး

Standard Edition ($59.99)
လေယာဉ်အမျိုး၂၀ နဲ့ လေဆိပ်ပေါင်း ၃၀

Deluxe Edition ($89.99)
လေယာဉ်အမျိုး၂၅ နဲ့ လေဆိပ်ပေါင်း ၃၅

Premium Edition ($119.99)
လေယာဉ်အမျိုး၃၀ နဲ့ လေဆိပ်ပေါင်း ၄၀ ပါဝင်လာမယ်လို့သိရပါတယ်။


Microsoft Flight Simulator မှာ ပြောင်းလဲနေမဲ့ရာသီဥတု၊ 4K Graphics နဲ့ HDR ကိုလည်းအထောက်အပံ့ပေးထားပြီး အမြင့်ဆုံး PC Requirements က 8 Cores CPU, Radeon VII or RTX 2080, 32GB Memory, 150GB SSD လိုအပ်တာကိုတွေ့ရပါတယ်။

Photos Credit: Xbox and Windows Central

Post a Comment

0 Comments