Subscribe Us

header ads

MPU Card နဲ့ Wallet ဖြည့်ကြမယ် ဂိမ်းတွေဝယ်ကြမယ်



မိတ်ဆွေတို့ အခု steam မှာ Summer Sale ဆိုပြီးစျေးတွေချနေပါပြီ ဂိမ်းတွေကိုလည်း ပိုမိုသက်သာစွာနဲ့ ဝယ်ယူနိုင်ပါပြီ။ Steam Gift ကတ်တွေဝယ်ယူတဲ့နေရာမှာ သင့်မှာ Master Card တွေ Visa ကတ်တွေရှိနေရင်ပြဿနာမရှိပါဘူး။ ဒါပေမဲ့ ဒီကတ်တွေမရှိဘူးဆိုရင် အပြင်ကနေ Wallet Card ဝယ်ပြီး သင့်ရဲ့ Steam အကောင့်ထဲငွေဖြည့်ရပါမယ်။ နောက်ထပ်တစ်ခုက ကိုယ်မဟားဒယားလိုချင်နေပါတယ်ဆိုတဲ့ဂိမ်းတွေက Steam Store မှာမရှိတဲ့ Battle.Netက Call of Duty Modern Warfare တို့ Microsoft Store က Forza Horizon 4 စတဲ့အခြား Client တွေက ဂိမ်းတွေဖြစ်နေပြန်ရင်လဲ Steam တစ်ခုထဲနဲ့မပြီးပဲ ဆော့ဖို့အခက်အခဲ ဖြစ်နေဦးမှာပါ။

အခုကျနော်ပြောပြသွားမဲ့နည်းလမ်းကတော့ မသိသေးတဲ့သူတွေအတွက် ထွက်သမျှ Game အတော်များများကို ဝယ်လို့ရမဲ့ Store ပေါင်းစုံက Gift Card တွေကို Master Card/Visa Card တွေမရှိပဲ ကျနော်တို့ တော်တော်များများမှာရှိနေတဲ့ MPU Card နဲ့ လွယ်လွယ်ကူကူအိမ်ကနေ ထိုင်ရာကမထ ချက်ချင်းလက်ငင်း ဘယ်ကနေဘယ်လိုဝယ်မလဲဆိုတာပါ။
အခုပြောပြသွားမဲ့ အကြောင်းအရာက ၂၀၁၈လောက်က Page မှာတင်ပြီးသားဆိုပေမဲ့ လူများများမတွေ့လိုက်တဲ့အတွက် အနည်းငယ် editပြန်လုပ်ပြီး တင်ပေးလိုက်ပါတယ်။

ကဲ စဝယ်ဖို့လုပ်ရအောင် (ပုံတွေထဲမှာလဲရှင်းပြထားပါတယ်)

အဆင့် (၁)
Photo Credit: MPU - Myanmar Payment Union

ပထမဆုံးအနေနဲ့ သင့်မှာ MPU Card တစ်ခုရှိနေရပါမယ်။ လူတော်တော်များများမှာရှိနေတက်တဲ့ AYA Card/KBZ Card/CB Bank စတဲ့ရိုးရိုး MPU Debit/Credit Card တွေ ကိုပြောတာပါ။ ကတ်ထဲမှာ Gift Card ဝယ်ဖို့ပိုက်ဆံတော့ရှိဖို့လိုသပေါ့။

အဆင့်(၂)
သင့်ရဲ့ MPU Card ကို အွန်လိုင်းမှတစ်ဆင့်ငွေပေးချေနိုင်ဖို့ E-commerce လျှောက်ထားရပါမယ်။ သင့်ရဲ့ cardက E-commerceလျှောက်ထားပြီးသားဆိုရင် ဒီအဆင့်(၂)ကိုကျော်သွားလိုက်ပါ။
E-commerceလုပ်နိုင်တဲ့ ဘဏ်ပေါင်း၂၉ဘဏ်လောက်ရှိပါတယ်။ E-commerce ကို သက်ဆိုင်ရာ ဘဏ်ခွဲတွေမှာသွားရောက်လျှောက်ထားနိုင်သလို အွန်လိုင်းကနေလဲတိုက်ရိုက်လျှောက်ထားနိုင်ပါတယ်။

Onlineကနေ လျှောက်ရမဲ့link
ဒီမှာ ကတ်ပေါ်က ၄လုံးတွဲဂဏန်းတွေကို ဖြည့်သွင်းပါ



မိမိအချက်အလက်တွေဖြည့်ရမဲ့link
https://www.mpu-ecommerce.com/Payment/OnlineEnrollment/OnlineEnrollment

ကတ်နံပတ် ဖြည့်ပြီးရင်ဒီlink ထဲရောက်ပါမယ်။ MPU card ရဲ့ expiry date၊ မိမိနာမည်၊ email၊ မွေးနေ့နဲ့မှတ်ပုံတင်အမှတ်(သို့မဟုတ်)Passport နံပတ်ကိုဖြည့်ပါ။ ပြတဲ့ captchaအတိုင်းရိုက်သွင်းပေးပြီး အပေါ်ကဖြည့်သွင်းထားတာမှန်ကန်ကြောင်း I declare that above information is correct ကို အမှန်ခြစ်ပေးပါ။


ဒါဆို E-commerceလျှောက်လို့ပြီးပါပြီ လျှောက်ပြီးသွားရင် အလုပ်ဖွင့်ရက်(ဘဏ်ဖွင့်ရက်ပေါ့ဗျာ) ၃ရက်လောက်စောင့်ရပါမယ် ဒါဆိုအလုပ်ဖွင့်ရက်အတွင်း ဘဏ်မှသင့်ထံ MPU ကတ်လျှောက်ထားစဉ်က ဖုန်းနံပတ်ကိုလှမ်းဆက်ပါလိမ့်မယ် ထွေထွေထူးထူးတော့မဟုတ်ပါဘူးE-commerceလျှောက်ထားသလားဆိုတာရယ် သင့်ရဲ့ကတ်နံပတ်တို့ emailတို့ကိုသေချာအောင်ဖုန်းဆက်မေးမှာပါ ဖုန်းဆက်သွယ်မရရင် email နဲ့လဲ အကြောင်းကြားပါလိမ့်မယ် emailထဲမှာပါလာတဲ့ဖုန်းကိုပြန်ဆက်ပေးလိုက်ပါ E-commerceလျှောက်ထားတယ်ပေါ့လေ။ ကဲ ဘဏ်ကနေ E-commerceရပါပြီလို့အကြောင်းကြားလာပြီဆိုရင် စသုံးလို့ရပါပြီ။
MPU JCB Card တွေကတော့ E-commerce လျှောက်ပြီးသားဆိုရင် Steam ပေါ်ကတိုက်ရိုက်ဝယ်လို့ရတယ်လို့ဆိုပါတယ်။

အဆင့်(၃)
www.prepaidcard.com.mm ကိုသွားပါ။



အကောင့်ဖွင့်ပါ ဘာမှမခက်ခဲပါဘူး နာမည်၊ဖုန်းနံပတ်၊ email (E-commerceလျှောက်ထားတဲ့emailကိုပြန်သုံးရင်အလုပ်မရှုပ်တော့ဘူးပေါ့)


အကောင့်ဖွင့်လိုက်ပြီးရင် email မှာအကောင့်ကို confirm ပေးရပါမယ်။ အကောင့်ဖွင့်ပြီး သင်လဲE-commerce ရပြီးသားဆိုရင် သင်စဝယ်နိုင်ပါပြီ

Steam Wallet ကိုဝယ်ဖို့ကျ‌နော်ဘာလို့ ဒီWebsite ကိုညွန်းရသလဲဆိုရင် ဒီမှာ Steam Wallet အပြင် PSN, Xbox, Battle.net နဲ့ EA Origin Cardအပြင် အခြား Netflix၊ HBO၊ Spotify စတဲ့ကတ်တွေ အစုံအလင်ရနိုင်လို့ညွန်းပေးရခြင်းဖြစ်ပါတယ်။ ဒေါ်လာဈေးအတက်အကျကြောင့်ကတ်ဈေးက ပိုဈေးကြီးနေတက်သလိုသက်သာနေတက်တာမို့ ကိုယ်နဲ့ဘယ်ဟာအဆင်ပြေမလဲဆိုတာကတော့ ကိုယ့်ဘာသာချင့်ချိန်ကြဖို့ပြောချင်ပါတယ်။

အဆင့်(၄)

အကောင့်ဖွင့်ပြီးဖြစ်လို့
www.prepaidcard.com.mm မှာ log in လုပ်ပါ။ ကိုယ်ဝယ်ချင်တဲ့ card ကိုရွေးပြီး ADD TO CART ကိုနှိပ်လိုက်ပါ။


ကျနော်ကတော့ Steam Wallet 10တန်ကတ်နဲ့စမ်းပြထားပါတယ်။ ပြီးရင် Delivery Informationထဲက အပေါ်ဆုံးဖြစ်တဲ့ Delivery to your payment account email ကိုနှိပ်ပေးပါ(အပေါ်မှာပြောခဲ့သလို E-commerceလျှောက်ခဲ့emailကိုသုံးထားခဲ့ရင် mailတစ်ခုထဲနဲ့သုံးလို့ရတာမို့ အလုပ်မရှုပ်တော့ဘူးပေါ့)။ ပြီးရင် Confirm Your Order ကိုနှိပ်ပါ။


ပြီးရင် Proceed to Checkout ကို ရောက်ပါမယ် coupon code ပေးထားတာရှိနေရင် ဖြည့်ပေးပါ မရှိရင်ကျော်သွားပါ I agree Terms and Policies ကိုအမှန်ခြစ်ပေးပါ ပြီးရင် Secure Checkout ကိုနှိပ်လိုက်ရုံပါပဲ။


ဒါဆိုရင် Myan Pay website ထဲကိုရောက်သွားပါပြီ။ ညာဘက်အပေါ်ထောင့်က checkout with MPU Card ကိုနှိပ်ပါ။


box လေးပွင့်လာပါမယ် နာမည် email ဖုန်းနံပတ်ကိုထည့်သွင်းပါ
ပြီးရင် checkout ကိုနှိပ်ပါ။


ပြီးရင်review your information ကိုရောက်ပါပြီ။ ဒီနေရာမှာ gift card အတွက် လက်ရှိပေါက်စျေးအပြင် MPU free 200ကျပ်အပြင် Bank fee 0.5% ပါထပ်ပေးရပါမယ်။

I agree MPU Card's Usage Agreement and Terms of Use ကိုနှိပ်ပါ Confirm Payment ကိုနှိပ်ပေးပါ။


အဆင့်(၅)


MPU website ရဲ့ Payment acceptance and authentication ကိုရောက်သွားပါပြီ။ MPU Card နံပတ်တွေ Expire Date တွေကိုဖြည့်ပါ။



Get OTP ကိုနှိပ်ပါ။ OTP ကို E-commerceလျှောက်ခဲ့emailလိပ်စာထံပို့ပေးပါမယ် ချက်ချင်းကို mailထဲဝင်လာမှာပါ OTP နံပတ်၆လုံးကိုကူးပါ ခုနက OTP အကွက်ထဲထည့်ပေးပါ CONFIRM PAYMENT ကို နှိပ်ပါ။

အဆင့်(၆)


emailထဲကိုဝင်ပါ MyanPay Service မှ Transaction ပြီးမြောက်ကြောင်းပြောလာပါလိမ့်မယ်။ ဒါအပြင့် သင့်အကောင့်ထဲကို prepaidcard.comကနေ Steam Wallet Gift Card ပို့ပေးတဲ့emailပါတစ်ပါတည်း ရောက်လာပါလိမ့်မယ်။ Gift Card က နံပတ်၅လုံးတွဲ၃ခုပါ ဒီနံပတ်တွေကို Copy ကူးပါ။

အဆင့်(၇)

Steam Wallet Card ရပြီမို့ Steam Client ထဲကိုဝင်ပါ ဘယ်ဘက်အပေါ်ထောင့်က Games ကိုနှိပ်ပါ
ပြီးရင် Activate a Product on Steam ကိုနှိပ်ပါ။



next တွေ I agree ကိုနှိပ်သွားပါ။


ဒါဆိုရင် ငွေဖြည့်ခြင်းပြီးမြောက်ပါပြီ Steam မှာ သင့်အနေနဲ့ဂိမ်းတွေဝယ်ယူနိုင်ပါပြီ။


အခုစမ်းပြထားတာက Steam တစ်မျိုးထဲပါ အခြားကတ်တွေကိုလဲသင့်တော်သလိုဝယ်ယူနိုင်ပါတယ်။
prepaidcard.com.mm မှာ Steam Gift Card တွေအပြင် အခြားကတ်တွေလဲအတော်လေးစုံလင်လှတာမို့ တစ်ချက်လောက်ဝင်ရောက်ကြည့်လိုက်ပါ တွေ့ရသလောက်ကတော့
Playstation PSN/Playstation Plus Card
Window Stores Card (GoW and Forza)
Xbox Gift Card
Xbox Live Gold Membership Card
Nintendo eShop Game Card
Battle.net (Call of Duty Modern Warfare/ Starcraft Remastered/ Overwatch )
WoW/LOL Game Card
EA Origin Card ( Battlefield Vတို့လို EA Origin Games)
iTunes/GooglePlay Gift Card တွေအပြင် Neflix၊ HBO နဲ့ Spotify လိုအခြားကတ်တွေလဲရှိပါသေးတယ်။

မိတ်ဆွေတို့အနေနဲ့ အခြားမသိသေးသူတွေ သိနိုင်အောင်လို့ ဒီ postလေးကို like and share လေးလုပ်ရင်း မျှဝေပေးကြပါဦးလို့ တောင်းဆိုပါတယ်။

ဒီဆောင်းပါးကို ခွင့်ပြုချက်မယူဘဲ အခြားတစ်နေရာမှာ လုံးဝပြန်လည်ဖော်ပြခွင့်မပြုပါကြောင်း အသိ‌ပေးအပ်ပါတယ်။

Ae Mon Min Han

#EnThueTech
#Guides
#Steam #GiftCard

Post a Comment

0 Comments