တစ်နေ့က နည်းပညာဘီလူးကြီးIntel ဟာ သူ့ရဲ့အနာဂတ်မှာထုတ်လုပ်သွားမဲ့ ကုန်ပစ္စည်းတွေနဲ့ အသုံးပြုလာမဲ့ နည်းပညာတွေအကြောင်းကို Architecture Day 2020 မှာ မိတ်ဆက်ပေးသွားခဲ့ပါတယ်။
Tiger Lake CPU များ
Intel ဟာ သူ့ရဲ့ 14nm ကိုသုံးစွဲနေတာ CPU Generation အတော်များနေပြီဆိုတာသတိထားမိမှာပါ။ 10nm ကိုပြောင်းဖို့လုပ်နေတယ်ဆိုပေမဲ့လည်း တစ်လောက10nm silicon တွေကိုထုတ်လုပ်ရာမှာ အမှားအယွင်းတွေရှိခဲ့လို့ လမ်းပြမြေပုံတစ်ခုလုံးအလွဲလွဲအချော်ချော်တွေဖြစ်ခဲ့ပြီးပါပြီ။ ဒီလိုလွဲချော်တာကိုကုစားဖို့ Intelဟာ 10nm ကို မွန်းမံထားတဲ့ 10nm SuperFin ကိုမိတ်ဆက်လာခဲ့ပါတယ်။ Intel ကတော့ သူ့ရဲ့ 10nm SuperFin ကို "node တစ်ခုအတွင်း အကြီးမားဆုံးမွန်းမံမှု " လို့ဆိုပါတယ်။Tiger Lake CPU တွေဟာ ပထမဆုံး 10nm SuperFin transistor တွေကို Tiger Lake မှာသုံးလာမယ်လို့ဆိုပြီး လက်ရှိ Ice Lake တွထက်ပိုမိုတဲ့ စွမ်းဆောင်ရည်တွေပေးစွမ်းနိုင်လိမ့်မယ်လို့ဆိုပါတယ်။
ဒါ့အပြင် ဆက်လက်ဆောင်ရွက်နေတဲ့ Enhanced SuperFin နည်းပညာအကြောင်းကိုပါပြောပြသွားပြီး နောက်ထွက်လာမဲ့ 10nm product တွေမှာသုံးသွားမယ်လို့ဆိုပါတယ်။ Intel အနေနဲ့လည်း သုံးစွဲသူတွေနဲ့ ဝန်ထမ်းတွေကို စိတ်ရှုပ်ထွေးစေတဲ့ 1xnm++ လို့နာမည်ပေးတဲ့ပုံစံကိုလည်းရှောင်ကြဉ်သွားမယ်လို့ဆိုပါတယ်။
Videocardz ကသတင်းမှာတော့ Intelရဲ့ graphics လမ်းပြမြေပုံကို တွေ့ရပါတယ်။ အဆိုပါမြေပုံမှာ gaming graphics card ကို Xe-HPG လို့သုံးထားပါတယ်။ အသေးစိတ်အချက်လက်တွေကိုမသိရသေးပေမဲ့ hardware အခြေပြု Ray Tracing နဲ့ GDDR6 တို့ ပါဝင်လာဖွယ်ရှိနေပါတယ်။
Xe-HPG graphics card တွေကို Intel ရဲ့ ကိုယ်ပိုင်foundry ကနေမထုတ်လုပ်ပဲ ပြင်ပ silicon foundryကနေ ထုတ်လုပ်သွားဖွယ်ရှိနေပါတယ်။ ဘယ်သူထုတ်ပေးမလဲဆိုတာတော့မသိရသေးပါဘူး။
Intel graphics card တွေရဲ့ စွမ်းဆောင်ရည်ပိုင်းနဲ့ပတ်သက်ပြီး နည်းနည်းလေးပဲသိထားရပြီး အချိန်ကြာလာတာနဲ့အမျှ ပိုမိုသိရှိလာပါလိမ့်မယ်။ GPU ဈေးကွက်မှာ Intelဟာ AMD နဲ့ Nvidia ကိုယှဉ်ပြိုင်ရမှာဖြစ်လို့ ဈေးနှုန်းအရပိုမိုဆွဲဆောင်မှုရှိဖို့လိုအပ်ပါတယ်။ GPU လမ်းပြမြေပုံထဲမှာ အခြားgraphics card တွေလည်းပါဝင်ပြီး Server/Enterprise PC ဈေးကွက်အတွက်ဖြစ်ပုံရပါတယ်။
Source: Videocardz and OC3D
#EnThueTech
Xe Graphics
Intel ဟာ သီးခြားgraphics card တွေကိုဖန်တီးနေခဲ့တာ နှစ်အတန်ကြာနေပါပြီ။ ကြည့်ရသလောက်ကတော့ gaming ဈေးကွက်အတွက် GPU တွေကို၂၀၂၁မှာပို့ဆောင်သွားမယ်လို့ယူဆရပြီးXe-HPG graphics card တွေကို Intel ရဲ့ ကိုယ်ပိုင်foundry ကနေမထုတ်လုပ်ပဲ ပြင်ပ silicon foundryကနေ ထုတ်လုပ်သွားဖွယ်ရှိနေပါတယ်။ ဘယ်သူထုတ်ပေးမလဲဆိုတာတော့မသိရသေးပါဘူး။
Intel graphics card တွေရဲ့ စွမ်းဆောင်ရည်ပိုင်းနဲ့ပတ်သက်ပြီး နည်းနည်းလေးပဲသိထားရပြီး အချိန်ကြာလာတာနဲ့အမျှ ပိုမိုသိရှိလာပါလိမ့်မယ်။ GPU ဈေးကွက်မှာ Intelဟာ AMD နဲ့ Nvidia ကိုယှဉ်ပြိုင်ရမှာဖြစ်လို့ ဈေးနှုန်းအရပိုမိုဆွဲဆောင်မှုရှိဖို့လိုအပ်ပါတယ်။ GPU လမ်းပြမြေပုံထဲမှာ အခြားgraphics card တွေလည်းပါဝင်ပြီး Server/Enterprise PC ဈေးကွက်အတွက်ဖြစ်ပုံရပါတယ်။
Source: Videocardz and OC3D
#EnThueTech
0 Comments