မနေ့က နည်းပညာဘီလူးကြီးIntel ဟာ သူ့ရဲ့Blueprint Series 11th Gen Core Processor livestream မှာ 11Gen Core Processor တွေနဲ့ CPU မှာတပါတည်းပါဝင်လာမဲ့ Xe Graphics ကို မိတ်ဆက်ပေးသွားခဲ့ပါတယ်။
Evo
Intel ရဲ့ product line ကတော့ ကုန်ပစ္စည်းအသစ်တွေကို ဆက်လက်ထုတ်နေမှာပါဖြစ်သလို branding logo ကိုလည်းအပြောင်းအလဲလုပ်လိုပုံရပါတယ်။ Tiger Lake CPU တွေကိုကြေညာရင်း Intel ဟာ Evo ဆိုတဲ့ brand နာမည်အသစ်ကိုပါကြေညာသွားပါတယ်။ Evo ဆိုတာ Intel ရဲ့ Project Athena ကိုဆက်လောက်ဖော်ဆောင်မဲ့ အစီအစဉ်တစ်ခုဖြစ်ပါတယ်။Evo ရဲ့ ဝိသေသလက္ခဏာတွေကတော့
* ဘက်ထရီအပေါ်တစ်သမတ်တည်းတုံ့ပြန်မှုရှိရပါမယ်။
* Sleep to Wake mode ကနေ စက်ပွင့်လာဖို့ အချိန်တစ်စက္ကန့်ထက်ပိုပြီးနည်းရမယ်
* လက်တွေ့မှာ Full HD Display တပ်ထားတဲ့စက်ဟာ ဘက်ထရီမှာသက်တမ်း ၉ နာရီနှင့်အထက်ရှိရမယ်။
* အမြန်အားသွင်းစနစ်ဖြင့် Full HD Display သုံးထားတဲ့စက်ရဲ့ အနည်းဆုံး ၄ နာရီစာဘက်ထရီကို မိနစ် ၃၀ အတွင်း အားသွင်းနိုင်ရမယ်။
* ဘက်ထရီအပေါ်တစ်သမတ်တည်းတုံ့ပြန်မှုရှိရပါမယ်။
* Sleep to Wake mode ကနေ စက်ပွင့်လာဖို့ အချိန်တစ်စက္ကန့်ထက်ပိုပြီးနည်းရမယ်
* လက်တွေ့မှာ Full HD Display တပ်ထားတဲ့စက်ဟာ ဘက်ထရီမှာသက်တမ်း ၉ နာရီနှင့်အထက်ရှိရမယ်။
* အမြန်အားသွင်းစနစ်ဖြင့် Full HD Display သုံးထားတဲ့စက်ရဲ့ အနည်းဆုံး ၄ နာရီစာဘက်ထရီကို မိနစ် ၃၀ အတွင်း အားသွင်းနိုင်ရမယ်။
Tiger Lake CPU များ
Intel ဟာ သူ့ရဲ့ 14nm ကိုသုံးစွဲနေတာ CPU Generation အတော်များနေပြီဆိုတာသတိထားမိမှာပါ။ 10nm ကိုပြောင်းဖို့လုပ်နေတယ်ဆိုပေမဲ့လည်း တစ်လောက10nm silicon တွေကိုထုတ်လုပ်ရာမှာ အမှားအယွင်းတွေရှိခဲ့လို့ လမ်းပြမြေပုံတစ်ခုလုံးအလွဲလွဲအချော်ချော်တွေဖြစ်ခဲ့ပြီးပါပြီ။ ဒီလိုလွဲချော်တာကိုကုစားဖို့ Intelဟာ 10nm ကို မွန်းမံထားတဲ့ 10nm SuperFin ကိုမိတ်ဆက်လာခဲ့ပါတယ်။10nm SuperFin မှာ မူလ10nm ကိုများစွာမွန်းမံထားပြီး gate pitch ပိုတိုးထားခြင်း၊ crystal structure တွေကိုပြန်လည်ပြုပြင်ထားခြင်းနှင့် current ပိုမိုစီးကူးနိုင်အောင် အပြောင်းအလဲတွေလုပ်ထားပါတယ်။ ဒီလိုအပြောင်းအလဲတွေက 10nm SuperFin ကို မူလ10nm FinFET ထက် transistor စွမ်းဆောင်ရေ 17~18%အထိတိုးမြှင့်ပေးလာနိုင်မယ်လို့သိရပါတယ်။ ဒါကြောင့် 10nm SuperFin မှာမူလ 10FinFETထက် ပိုမိုမြင့်မားတဲ့clock speed နဲ့ စွမ်းဆောင်ရည်တွေကိုပေးစွမ်းနိုင်မှာပါ။
Tiger Lake မှာ ပါဝင်လာတဲ့ features တွေကတော့
CPU Architecture အသစ်
Intel lris Xe Graphics အသစ်
AI Capability အသစ်
Media and display engineအသစ်
Hardware Haddon securityအသစ်
Integrated thunderbolt 4 အသစ်
Pcie Gen 4 Interface အသစ်
Intel Wi-Fi 6အသစ်
Manufacturer တွေ TDPကို 7Wမှ 28Wအတွင်း စိတ်ကြိုက်ချိန်ညှိလို့ရမဲ့ Scalable performance
တွေပါဝင်တယ်လို့သိရပါတယ်။
Tiger Lake Processors ပေါင်း၉ခုကိုIntel ကပြသခဲ့ပြီး UP3 အုပ်စုမှာ ၅ခုနဲ့ UP4 အုပ်စုမှာ ၄မျိုးပါဝင်ပါတယ်။ UP3 ဆိုတာ အရင်က U Series ဖြစ်ပြီး UP4 ကတော့ Y Series ပါပဲ။ U Seriesက TDP 12~28Wကြားမှာရှိပြီး UP4 ကတော့ 7~15W ကြားမှာရှိနေပါတယ်။
Tiger Lake ထဲမှာ အဆင့်အမြင့်ဆုံးကတော့ Core i7 1185G7 ဖြစ်ပြီး 4 Cores 8 Threads ဖြစ်ကာ 12MB L3 Cacheပါဝင်ပြီး 96EU နဲ့ 1.35GHz ရှိတဲ့ Iris Xe Graphics ကိုထည့်သွင်းထားပါတယ်။ Base frequencyကတော့ 3GHz ဖြစ်ကာ Turbo mode မှာ 4.8GHz Boost လုပ်ပေးနိုင်ပါတယ်။
Xe Graphics
Intel ဟာ Core i7 1185G7 မှာပါဝင်တဲ့ Xe Graphics ကို Ryzen 7 4800U နဲ့ယှဉ်ပြသွားပြီး နာမည်ကျော်ဂိမ်း ၁၄ခုမှာအသာရတယ်လို့ဆိုပါတယ်။1080P မှာ ဂိမ်း၂၅ခုလောက်ကစားလို့ဖြစ်တယ်လို့ဆိုပြီး Overwatch, Grid 2019, GTAVကို
60fps အထက် Rocket League, Dota 2, CSGO, Valorent နဲ့ LOLတို့မှာတော့ 100FPS အထက်ရတ
ယ်လို့ဆိုပါတယ်။ တကယ်ဟုတ်မဟုတ်က ထွက်လာမှReviewer တွေစမ်းကြည့်တာကိုကြည့်ပြီးဆုံးဖြတ်တာပိုကောင်းပါတယ်။
60fps အထက် Rocket League, Dota 2, CSGO, Valorent နဲ့ LOLတို့မှာတော့ 100FPS အထက်ရတ
ယ်လို့ဆိုပါတယ်။ တကယ်ဟုတ်မဟုတ်က ထွက်လာမှReviewer တွေစမ်းကြည့်တာကိုကြည့်ပြီးဆုံးဖြတ်တာပိုကောင်းပါတယ်။
Source: Hot Hardware and Trustedreviews
#EnThueTech
#News
#Intel #CPU #Tigerlake
0 Comments