ပြီးခဲ့နှစ်တွေမှာ Gaming Laptop ဆိုရင် Intel နဲ့ Nvidia GeForce GPU တွေကိုသာမြင်ရလေ့ရှိပေမဲ့ နောက်ပိုင်း AMDရဲ့ စွမ်းဆောင်ရည်ကောင်းမွန်တဲ့ Ryzen CPU တွေနဲ့ Navi GPU ထွက်လာတဲ့အခါမှာတော့ ကွန်ပျူတာထုတ်လုပ်တဲ့ကုမ္မဏီတွေဟာ သူတို့ရဲ့ Gaming Laptop တွေကို AMD Line Up တွေနဲ့ပါပွဲထုတ်လာကြတာတွေ့ရပါတယ်။ ကုမ္မဏီတွေအများစုက AMD Processors တွေသုံးထားတဲ့Laptop တွေကို သူတို့မှာနဂိုရှိပြီးလား Line Up တွေထဲမှာ Model သာခွဲထည့်ပြီး ထုတ်လုပ်ကျပေမဲ့ MSI ကတော့ AMD Processor နဲ့ Graphics တွေသုံးထားတဲ့ Gaming Laptop တွေကို ၂၀၁၉မှာ Alpha ဆိုတဲ့ Lineup အသစ်နဲ့စတင်ပွဲထုတ်ပါတယ်။ ဒီနှစ် ၂၀၂၀မှာတော့ Alpha Series တွေထက်ပိုဈေးသက်သာတဲ့ Bravo Series ကိုပွဲထုတ်လာပါတယ်။ တစ်ခုထူးခြားတာက MSI ဟာ Alpha Seriesနဲ့ Bravo Series မှာ Gaming Series မှာ မူလသုံးနေကြ Dragon တံဆိပ်ကိုမသုံးပဲ အမေရိကန်တိုင်းရင်းသားတွေရဲ့ ဒဏ္ဏာရီထဲက Thunderbird ကို logo အနေနဲ့သုံးထားတာပါ။ အတောင်ပံတွေဖြန့်ထားတဲ့ Thunderbird logo ရဲ့ အဓိပ္ပာယ်ကတော့ ခွန်အား၊ တီထွင်ဆန်းသစ်မှုနဲ့ သာယာဝပြောခြင်းကိုဆိုလိုပါတယ်။
Introduction
Specifications
သူ့မှာသုံးထားတဲ့ AMD Ryzen 7 4800H ဟာ 8 Cores 16 Threads CPU ဖြစ်ပြီး Desktop Ryzen 3000 series တွေလို TSMC 7nm FinFet နဲ့ထုတ်ထားတာမို့ စွမ်းဆောင်ရည်ကတော့ လုံးဝအားရစရာပါပဲ။ Ryzen 7 4800H ဟာ Base Clock 2.9 GHz နဲ့ Boost Clock 4.2GHz အထိရှိပါတယ်။ Rendering လုပ်နေချိန်မှာတော့ Core အားလုံးဟာ 3.9 GHz အထိတက်လာတာတွေ့ရပြီး Single Core စွမ်းဆောင်ရည်တွေအလေးပေးတဲ့ Game ကစားတဲ့အခါ 4.1~4.2GHz မှာသာအမြဲရှိနေဝာာကိုတွေ့ရပါတယ် ဒါက သာမန် 15.6လက်မ Gaming Laptop တွေထက်ပိုကြီးတဲ့ ကိုယ်ထည်ကြောင့် အပူကိုများများပိုထိန်းထားနိုင်တာလို့ပဲမြင်ပါတယ်။ မူလ TDP 45W ရှိတဲ့ ဒီCPU ကို manufacturer တွေအနေနဲ့ 35~54W အထိချိန်ညှိလို့ရလို့သိရပါတယ်။ ကျနော်စမ်းသပ်ကြည့်ရာမှာတော့ Rendering မှာ CPU Load 100%နဲ့ဆိုရင် CPU ဟာ 70W အထိသုံးနေတာကိုတွေ့ရပါတယ်။ APU ဖြစ်တဲ့ Ryzen 7 4800H မှာ igp လည်းပါဝင်ပြီး ဘက်ထရီချွေတာဖို့လိုတဲ့အခါဖွင့်သုံးနိုင်ပါတယ်။Memory ပိုင်းအနေနဲ့ ဒီဘက်ခေတ်မှာ ပုံမှန်ဂိမ်းကစားဖို့က ဂိမ်းတွေက 8GB နဲ့အထက်လိုအပ်ပြီး 16GB ဆိုတာစံနှုန်းတစ်ခုလိုဖြစ်နေပါပြီ။ Bravo 17 မှာ 3200MHz ရှိတဲ့ 8GB DDR4 Memory ၂ချောင်းတပါတည်းပါဝင်ပါတယ်။ 16 GB ဆိုတာ သင်ဂိမ်းကစားဖို့ Upgrade လုပ်ရသာသက်သာစေသလို 3200MHz ဆိုတာကလဲ သူနဲ့တွဲဖက်မဲ့ Ryzen CPU တွေနဲ့ပိုမိုကိုက်ညီမှုရှိနေစေပါတယ်။
Bravo 17 8DDR ရဲ့ Specifications တွေကတော့
CPU: AMD Ryzen 7-4800H (8Cores/16Threads)
Memory: 16GB DDR4 3200 MHz
Graphics: AMD Radeon RX 5500M 4GB GDDR6
Storage: 512TB NVMe PCIe SSD
1x 2.5" SATA HDD Slot Available
Display: 17.3in 144Hz Full HD IPS Level Screen with FreeSync Premium
Dimensions (WxDxH): 397 x 260 x 23 mm
Weight: 2.2kg
I/O Ports: 1x USB Type-C 3.2 Gen 1 ,
3x USB Type-A 3.2 Gen 1
1x HDMI Port
1x RJ45
Connectivity: Wi-Fi 6, Bluetooth 5.1
Webcam: 720P
Speakers: 2x 2W
Audio Jack: 1x 3.5mm Mic-in
3.5mm Headphone-out (HiFi)
Operating System: Windows 10 Home 64 bit
Battery: 51WH (3 Cell Li-Po)
Power Adaptor: 180W
Price: $1150
Design and Build Quality
Design အနေနဲ့ပြောရရင် ဈေးသက်သာတဲ့ Bravo Series တွေဟာ Alpha Series တွေလောက်ဆွဲဆောင်မှုမှာအားနည်းသလိုရှိပါတယ် ဒါပေမဲ့ ဒီလို စျေးတန်းနဲ့ Gaming Laptop တွေထဲမှာ ကျေနပ်လောက်စရာ အရည်အသွေးနဲ့တည်ဆောက်ပုံတွေကိုပိုင်ဆိုင်ထားပါတယ်။ သူ့ရဲ့ပုံစံက ကျနော့်အမြင် Dragon Logo နေရာမှာ Thunderbird Logo ပြောင်းထားတာကလွဲရင် ကျန်တဲ့နေရာမှာ MSI GF75 နဲ့ တူတူပဲလို့မြင်ပါတယ်။ကိုယ်ထည် ကအနက်ရောင်ဖြစ်ပြီး နေရာတစ်ခုလုံးနီးပါးဟာ brush aluminum နဲ့ တည်ဆောက်ထားပါတယ်။ ဒါပေမဲ့ အားနည်းချက်က ကိုယ်ထည်ဟာလက်ရာတော့အတော်ထင်ပါတယ်။ Lid မှာ ပြောင်လက်နေတဲ့ Thunderbird တံဆိပ်ကလွဲလို့ ကိုယ်ထည်မှာဘာtexture မှမရှိပဲ ရိုးရိုးရှင်းရှင်းပါပဲ။ screen ရဲ့ဘောင်လေးတွေက ၂၀၂၀ ခုနှစ်ထုတ် laptop တွေထုံးစံအတိုင်းပါးပါးလေးတွေဖြစ်သွားပါတယ်။ lid တွေ keyboard တွေကိုဖိကြည့်တဲ့အခါ ညွှတ်သွားတာကိုမတွေ့ရပဲ အတော်လေးတောင့်တင်းတာကိုတွေ့ရတာအားရစရာပါ။ တစ်ခုရှိတာက ကိုယ်ထည်မှာအားလုံးနီးပါး aluminum သုံးထားပေမဲ့ အနားသတ်လေးတွေကတော့ ပလက်စတစ်ကိုသုံးထားတာတွေ့ရတာပါတယ်။
Display
Display အနေနဲ့ပြောရရင် Bravo 17 A4DDR မှာ AU Optronics ရဲ့ (B173HAN04.9)Panel ကိုသုံးထားပါတယ်။ ကျနော်အနေနဲ့ ဒီ display မှာ ကြိုက်တဲ့အချက်တွေ မကြိုက်တဲ့အချက်တွေ ရောပြွန်းနေပါတယ်။ Bravo 17 ရဲ့ 17.3လက်မ Full HD Display ဟာ Laptop အနေနဲ့အရွယ်ကြီးတဲ့အထဲပါတာမို့ သူ့ထက်Screen သေးတဲ့ Laptop တွေထက်ဂိမ်းကစားရတာ အရမ်းsmooth ဖြစ်ပြီးအားရစရာအတော်ကောင်းပါတယ်။ ဒါ့ဟာသူ့ရဲ့ Refresh Rate 144Hz ကြောင့်အပြင် အရမ်းမိုက်တဲ့ Features ဖြစ်တဲ့ FreeSync Premium ကြောင့် ဂိမ်းတွေကို Tearing တွေ Stuttering တွေမဖြစ်ပဲကောင်းကောင်းကစားစေနိုင်တာကိုတော့ ဒီလိုဈေးတန်းLaptop တစ်ခုအနေနဲ့ကျ နော်သိပ်သဘောကျပါတယ်။ AMD FreeSync Premiumဆိုတာက GPU က ထွက်တဲ့ FPS အတိုင်း Screen ကပြပေးနိုင်တဲ့ Variable Refresh Rate (VRR) နည်းပညာတစ်ခုဖြစ်ပါတယ်။ AMD FreeSync Premium မှာ Display ဟာ FHD resolution မှာ Refresh Rate အနည်းဆုံး 120Hzဖြစ်ဖို့လိုသလို 100fps ကနေ 45 fps Frame Rate ကျသွားတဲ့အချိန်မှာ Frame တွေကို၂ဆတိုးပြပြီး Tearing မဖြစ်အောင်ထိန်းပေးတဲ့features တွေပါပါတယ်။
နောက်တစ်ခုက Screen ဟာ IPS Level လို့ဆိုပေမဲ့ Viewing Angle သိပ်မကောင်းပါဘူး ဒါက အပေါ်ကရခဲ့တဲ့ Features တွေနဲ့ သူ့ရဲ့ဈေးကြောင့်အပြစ်မြင်စရာမရှိပါဘူး။ သို့ပင်သော်ငြား Color ပိုင်းအနေနဲ့
sRGB 50.96%
AdobeRGB 44.16%
DCI-P3 41.03% သာရှိတဲ့အတွက် Color Gamut တွေက သာမန်Screen လောက်သာရှိတာမို့ Photo and Video Editing တွေရွေးချယ်သင့်တဲ့ Laptop တစ်ခုလို့တော့မမြင်ပဲ ဂိမ်းကစားဖို့သာရည်ရွယ်သင့်ပါတယ်။ ကာလာပိုင်းကိုစိတ်တိုင်းမကျပေမဲ့ YouTube နဲ့ Netflix ကရုပ်ရှင်တွေ Video တွေကိုတော့ သူ့ရဲ့ကျယ်ပြောတဲ့ Screen မှာကောင်းကောင်းအရသာခံနိုင်ပါတယ်။ သို့ပေမဲ့ ပြင်းပြတဲ့နေအလင်းရောင်အောက်မှာဆိုရင်တော့ 250nits ဝန်းကျင်သာရှိတဲ့ display ဟာ သိပ်အဆင်မပြေပါဘူး။
Keyboard and Trackpad
ပုံမှန်အားဖြင့် MSI ရဲ့ Gaming Laptop တွေမှာ Steelseries ရဲ့ Keyboard တွေကိုအသုံးပြုထား လေ့ရှိပေမဲ့ Bravo 17 မှာတော့ Steelseries ကိုမသုံးထားပါဘူး။ Keyboard ဟာ ပုံမှန်Laptop တွေလို Screen နဲ့ နီးကပ်မနေပဲ ကိုယ်ထည်ရဲ့ အလယ်ဘက်မှာသာထားရှိတာကိုတွေ့ရပါတယ်။ ကောင်းတဲ့အချက်က Keyboard ဟာကိုယ်ထည် အလယ်လောက်ရောက်သွားတဲ့အတွက် Heat Pipe တွေရဲ့ အပူကနေကင်းဝေးသွားပြီမို့ Keyboard ပေါ်လက်တင်ပြီးဂိမ်းအကြာကြီးဆော့တာတောင် လက်ဖဝါးမှာချွေးစေးပြန်တာတွေမရှိတော့ပါဘူး။ ဒီအချက်ဟာဂိမ်းဆော့တဲ့အချိန်မှာအတော်လေးအဆင်ပြေစေမဲ့အရာပါ။Keyboard မှာ Key တွေရဲ့စာသားအားလုံးဟာ အနီရောင်တွေဖြစ်ပြီး အောက်ခြေဘေးပတ်လည်ကို အနီရောင်အနားသတ်ထားပါတယ်။ ဈေးသက်သာတဲ့ဘက်ကိုဦးတည်ထားတဲ့အတွက် Keyboard မှာ RGB Lightတွေမပါပဲ မီးရောင်ကအနီသာပါဝင်တာကိုတွေ့ရပါတယ်။ Key တွေကိုနေရာချထားတဲ့နေရာမှာ ဘယ်ဘက်ခြမ်းမှာ Windows Key နေရာကို FN key နဲ့အစားထိုးထားတာကိုတွေ့ရပါတယ်။ အကယ်၍ကိုယ်က Windows Keyကို မူလနေရာမှာပြန်ထားလိုတယ်ဆိုရင်တော့ Dragon Center သို့ BIOS ကနေပြောင်းလဲနိုင်ပါတယ်။
Steelseries Keyboard ကိုမသုံးထားပေမဲ့ Bravo 17မှာ စာရိုက်ရတဲ့ဖီလင်ကတော့ အတော်ကြီးကိုကောင်းမွန်သလို Key တစ်ခုနဲ့တစ်ခုအကြားအကွာအဝေးကလဲကောင်းမွန်ပြီး စာလုံးတွေမှားရိုက်မိတာမျိုးလဲမရှိပါဘူး။ Key တစ်ခုခြင်းရဲ့တုံ့ပြန်မှုတွေကလဲကောင်းမွန်ပြီးနှိပ်ကြည့်ရာမှာဆူညံနေတာမျိုးမရှိပါဘူး။ အရွယ်ကြီးတဲ့ Laptop မို့ ညာဘက်ခြမ်းမှာ Numpad အပြည့်အစုံပါဝင်တဲ့အတွက် စာရင်းဇယားတွေကိုင်တွယ်ရမဲ့သူတွေအတွက်ကျေနပ်စရာဖြစ်ပါတယ်။
Bravo 17 ရဲ့ Trackpad ဟာ အရွယ်အစားအားဖြင့် အနည်းငယ်သေးတယ်လို့ဆိုနိုင်ပြီး Alpha 17 လိုသီးခြား key တွေမပါပါဘူး။ Windows Precision Driver နဲ့ Trackpad ကိုအစဉ်ပြေပြေသုံးနိုင်ပါတယ်။ ဒါပေမဲ့ left နဲ့ Right Click ကိုနှိပ်ရတဲ့အခါအနည်းငယ်အသံဆူတာကိုတွေ့ရပါတယ်။
Ports
Port တွေအနေနဲ့ ဘယ်ဘက်မှာ Charging Port၊ HDMI 2.1 Port တစ်ခုနဲ့ USB 3.2 Gen 1 ၂ခုပါပါတယ်။Webcam
Audio
Audio ပိုင်းကိုပြောရမယ်ဆိုရင် MSI Bravo 17 မှာ 2w Speaker ၂လုံးကို Laptop ရဲ့အောက်ဘက် ဘယ်ညာထောင့်တစ်ခုစီမှာနေရာချထားပါတယ်။ သူ့စျေးတန်းနဲ့သူဆိုရင် Speaker တွေရဲ့အသံထွက်ကျေနပ်စရာဖြစ်ပြီး အရင်ကစမ်းခဲ့တဲ့ Dynaudio Speaker သုံးထားပါတယ်ဆိုတဲ့ GS66 ထက်အများကြီးအသံထွက်ပိုကောင်းပါတယ်။ ဒါပေမဲ့ သီးခြား Woofer မပါလို့ Base အသံတော့နည်းနေတာတွေ့ရပြီး သူမှာပါတဲ့ Nahimic Audio software ကနေ အနည်းငယ် tuning လုပ်လိုက်တာနဲ့ ပိုနားထောင်လို့ကောင်းသွားပါတယ်။Bravo 17 မှာ သီးခြား Headphone နဲ့ Mic အတွက် 3.5mm Audio Jack တစ်ခုစီပါဝင်ပြီး Combo Jack မဟုတ်လို့ Gaming Headset အများစုနဲ့အဆင်ပြေပြေသုံးနိုင်မှာပါ။ ဒီဈေးတန်းမှာ အရမ်းမိုက်တဲ့ Features တစ်ခုက Headphone အတွက် MSI က 24 bit 192KHz အထိရတဲ့ HiRes Audio ကိုထုတ်ပေးနိုင်တယ်လို့ဆိုထားတာပါ။ အဲဒီအတွက်ကျနော့်ရဲ့ Hi-Res Headphones တစ်ခုနဲ့ စမ်းသပ်ကြည့်တဲ့အခါ Bravo 17 ဟာ HiRes သီချင်းတွေကို ကျနော့်Desktopထက် သိသိသာသာနားထောင်လို့ကောင်းနေတာမို့ အတော် လေးသဘောကျမိပါတယ်။
သူမှာမူလပါဝင်တဲ့ mic ဟာ ပုံမှန်အခြေအနေမှာဆို ကြည်လင်တဲ့အသံကိုဖမ်းပေးနိုင်ပြီး စိတ်ကျေနပ်စရာကောင်းပေမဲ့ Cooler Boost ဖွင့်ထားချိန်မှာတော့ mic ရဲ့အသံကို Fan တွေရဲ့ဆူညံသံကလွမ်းမိုးသွားတာပါတယ်။ ဒါဟာ ဂိမ်းဆော့တဲ့အချိန်မှာ ကြုံရနိုင်ချေများပြီး နားကျပ်နဲ့ဂိမ်းဆော့လေ့ရှိသူတွေက ဒါကိုစိတ်ပူစရာမရှိပါဘူး။
Storage
Bravo 17 4DDR မှာ 512GB ရှိတဲ့ Kingston RBUSNS8154P3512GJ5 NVME SSD ကိုထည့်ထားပါတယ်။ SSD ရဲ့ စွမ်းဆောင်ရည်ဟာ Read/Write နှုန်းတွေဟာ NVME SSD တွေထဲမှာ မြန်နှုန်းမကောင်းလှပေမဲ့ သာမန် SATA SSDတွေထက် ၂ဆလောက်တော့ပိုမြန်ပါသေးတယ်။ စွမ်းဆောင်ရည်အတိအကျကို Benchmark ပုံမှာကြည့်ပါ။ SSD ရဲ့ Capacity ဟာ 512GB သာရှိလို့ သာမန်သုံးစွဲသူအတွက်အဆင်ပြေလောက်ပေမဲ့ ဂိမ်းတွေအများကြီးထည့်ထားဖို့ရာ မလုံလောက်ပါဘူး။ အရွယ်ကြီးတဲ့ Laptop မို့ Storage မလောက်ဘူးထင်ရင်ထပ်တိုးဖို့အတွက် 2.5in SATA HDD သို့ SSD တပ်ဖို့နေရာတစ်ခုရှိနေပါသေးတယ်။Battery
Bravo 17 မှာ 51WH ရှိတဲ့ 3Cell Li-Po battery ကိုထည့်သွင်းပေးထားပြီး Battery Capacity မများတာရယ် Gaming အတွက်သာရည်ရွယ်တဲ့ Laptop ဖြစ်တာမို့ ဘက်ထရီသိပ်မခံလောက်ဘူးထင်ပေမဲ့ Video ကြည့်မယ်ဆိုရင် Balance Modeနဲ့ဆို ၅နာရီခွဲလောက်ခံပြီး အားပြန်သွင်းရင်တော့ ၃နာရီလောက်ကြာတာကိုတွေ့ရပါတယ်Dragon Center
MSI App Player
Testing Methodology and Benchmarks
CPU Benchmark အတွက် Cinebench R15၊ Cinebench R20 နဲ့ Geekbench 5 ကိုထည့်သွင်းစမ်းသပ်ထားပါတယ်။ 8 Cores 16 Thread ရှိတဲ့ Ryzen 7 4800H ဟာ Laptop အနေနဲ့ဆို Performance အရမ်းကောင်းတယ်ဆိုနိုင်ပြီး ဒီLaptop အတွက် overkill ဖြစ်နေတယ်လို့ပြောရလောက်အောင် လိုတာထက်ပိုတဲ့စွမ်းဆောင်ရည်တွေရှိပါတယ်။ Cinebench မှာ Ryzen 7 4800H ဟာ လက်ရှိ Intel ရဲ့ Mobile CPU တွေအားလုံးထက်မြန်ပါတယ် သို့ပင်သော်ငြား အချို့ single thread performance မှာ Intel ကိုမမှီသေးပါဘူး။ Ryzen 7 4800H ရဲ့ Clock Speed တွေက အချို့သော Benchmark တွေမှာဆို Single Core မှာ 4.3GHz အထိရပြီး ဂိမ်းဆော့နေချိန်မှာဆို ကြေညာထားတဲ့အတိုင်း 4.2GHzအထိရပါတယ်။Multi Core မှာတော့ 3.9GHz အထိသာအများဆုံးတွန်းပေးတာတွေ့ရပါတယ်။ စွမ်းဆောင်ရည်ကိုသိရအောင် MSI GS66တုန်းက Result တွေနဲ့ပါနှိုင်းယှဉ်ပြထားပါတယ်။
Gaming Performance အတွက် ဂိမ်း၁၂မျိုးနဲ့စမ်းသပ်ထားပါတယ်။ AAA Titles တွေအများစုပါသလို ဒီလမှထွက်ထားတဲ့ Marvel's Avengers ဂိမ်းကိုပါထည့်သွင်းစမ်းသပ်ထားပါတယ်။ RX 5500M ဟာ အလယ်အလတ်စွမ်းဆောင်ရည်သာရှိလို့ AAA ဂိမ်းတွေကို 1080P Ultra Settingမှာ ကစားဖို့က သိပ်အဆင်မပြေပါဘူး။
ဘက်ထရီစွမ်းဆောင်ရည်ကို Audio Level and Brightness 50% နဲ့ Power Balanced Mode မှာ Netflix ကြည့်တာ ၅နာရီခွဲလောက်ကြည့်လို့ရပါတယ်။ ဒီထက်နည်းတဲ့workloads တွေနဲ့ battery saving mode တွေမှာထားရင် ပိုခံမယ်လို့ထင်ပါတယ်။ ဂိမ်းဆော့မယ်ဆို၁နာရီဝန်းကျင်သာရပါတယ်။
Temperatures and Noise
Bravo 17မှာသုံးထားတာက 8 Cores 16 Threads ရှိတဲ့ Ryzen 7 4800Hပါ။ စစခြင်းကျနော်စိတ်ပူတဲ့အချက်က သူ့ရဲ့Cooling က Ryzen 7 4800H ကိုမထိန်းနိုင်မှာဆိုးရိမ်ခဲ့ပေမဲ့ ထင်ထားတာထက်အများကြီးအဆင်ပြေနေပါတယ်။ ဂိမ်းကစားတဲ့အခါ CPU က Clock Speed က 4.1GHz~4.2GHz ကြားမှာအမြဲလိုလို ထိန်းထားနိုင်စွမ်းရှိတာကိုတွေ့ရပါတယ်။ဆူညံမှုဘက်ကိုပြောရရင် Bravo 17ဟာ ရဲ့ fanဟာ ရိုးရိုးအခြေအနေမှာရော ဂိမ်းဆော့နေတဲ့အချိန်မှာပါ အတော်လေးတိတ်ဆိတ်ပါတယ်။ အပူပိုစွန့်ထုတ်နိုင်အောင် Cooler Boost ကိုဖွင့်သုံးမယ်ဆိုရင် အသံအများကြီးပိုဆူလာပါတယ် ဒါပေမဲ့လည်း အရင်စမ်းခဲ့တဲ့ GS66ထက်အများကြီး တိတ်ဆိတ်ပါတယ်။ အသေးစိတ်ကို ပုံမှာပြထားပါတယ်။
The Good
- Very Powerful Mobile CPU
- Very Smooth Gameplay with 144Hz FreeSync Premium
- Brush Aluminum Chassis
- Thin and Light Weight 17in Gaming Laptop
- 16GB of Memory with this price
- Nice Audio
- Good Battery Life
The Bad
- Weak Display (Color Gamut, Ghosting)
- A Little bit Small and Noisy Trackpad
Conclusion
Bravo 17 ဟာ စွမ်းအားကောင်းလှတဲ့ Processor ကြောင့် ဒီလိုဈေးတန်း Gaming Laptop မှာ မမြင်ဖူးတဲ့စွမ်းဆောင်ရည်ကိုသယ်ဆောင်လာပါတယ် ကျေးဇူးပါ AMD ရေ။ Graphics ပိုင်းအနေနဲ့ RX5500M ဟာသိပ်စိတ်တိုင်းကျစရာမဟုတ်ပေမဲ့ ဒီဈေးတန်းနဲ့ရောင်းတဲ့ Nvidia GPU သုံး Gaming Laptop တွေရဲ့ Graphics စွမ်းဆောင်ရည်က ဒီလောက်ပဲတွေ့ရပါတယ်။ 144Hz Refresh Rate FreeSync Premium နဲ့ Audio တွေကတော့ ဒီဈေးမှာမရနိုင်တဲ့ Features ဖြစ်ပြီး သင့်အတွက်အပိုဆုလာဘ်ပါပဲ။ စွမ်းအားကောင်းတဲ့ Processor နဲ့ အရွယ်သိပ်မကြီးတဲ့ ဘက်ထရီပါပေမဲ့လည်း သင့်တင့်တဲ့ဘက်ထရီစွမ်းဆောင်ရည်လည်းရှိပါတယ်။ နောက်တစ်ခုက ဒီဈေးနဲ့ Memory အနေနဲ့ 16GB တပါတည်းပါဝင်တာကလည်း သင့်ကိုငွေကုန်သက်သာစေနိုင်ပါသေးတယ်။ Bravo 17 A4DDR ဟာ ဈေးသက်သက်သာသာနဲ့ အရွယ်ကြီးမားတဲ့ Screen မှာ ဂိမ်းကိုညက်ညက်ညောညောအရသာရှိရှိ ဘာမှupgrade မလုပ်ပဲလက်တင်ကစားမယ်ဆိုသူတွေအတွက် အကြိုက်ဖြစ်စေမယ့် Gaming Laptop ဖြစ်ပါတယ်။ ကာလာမမှန်တဲ့ Display ကြောင့် Photo/Video Editingလုပ်ဖို့အဆင်မပြေပေမဲ့ စွမ်းအားကောင်းတဲ့ Ryzen 7 CPU က Engineering Software တွေကိုသုံးဖို့ရာလည်းသင့်တော်ပါလိမ့်မယ်။ MSI Bravo 17 A4DDR ရဲ့ဈေးနှုန်းကတော့ $1150 လို့သိရပြီး လက်ရှိ promotionအရ Cash Back $50 နဲ့ AMD Loot Box ပါဝင်တယ်လို့သိရပါတယ်။
#EnThueTech
#Review
#Gaming #Laptop
#MSI #Bravo #Bravo17
0 Comments