Ryzen 5000 လို့နာမည်ပေးရတာလဲ
Zen 3 ကပုံမှန်အတိုင်းဆိုရင် Ryzen 4000 လို့ပဲပေးရမှာပါ ဒါပေမဲ့ 4000ကိုကျော်ပြီး 5000လို့နာမည်ပေးခဲ့ပါတယ်။ ပထမတစ်ချက် က တလောလောက်ကထွက်ထားတဲ့ Zen 2 APU တွေ ဥပမာ Ryzen 7 4750G တို့နဲ့အမှတ်မှားမှာဆိုးလို့ပြောပါတယ်။ နောက်တစ်ခုကတော့ တရုတ်ပြည်မှာ 4ဂဏန်းက Unlucky လို့ပြောကြပါတယ်။ ဒါကြောင့် PC ဈေးကွက်ကြီးကြီးမားမားရှိတဲ့တရုတ်ပြည်အတွက် 4000 ကိုရှောင်လိုက်တယ်လို့ယူဆရပါတယ်။ဒီလိုSeries တွေကျော်လိုက်တယ်ဆိုတာ လုပ်ရိုးလုပ်စဥ်ပါပဲ။ အရင်ကIntel ဟာလည်း Core Series ထဲက 5th Gen Broadwell CPUတွေကို OEM သီးသန့် CPU တွေအဖြစ်သာထုတ်ခဲ့တာတွေ့ခဲ့ရဖူးပါတယ်။ Nvidia ဆိုရင်လည်း Geforce 700 Series Kepler GPU ကနေ Geforce 900 Series Maxwell ကိုကူးပြောင်းဖူးပါတယ် Geforce 800 series က Mobile တွေမှာသာတွေ့ရပါတယ်။
Shadow of The Tomb Raider မှာ 28%ပိုမြန်လာတယ်ဆိုတာဘယ်လိုမျိုးလဲ
ပုံအရ ဒီဂိမ်းရဲ့ in-game benchmarkမှာ 3900XT ဟာ 10900Kထက် 1080Pမှာ FPS အများကြီးပိုနှေးပါတယ်။
AMD ထုတ်တဲ့ Graph မှာလည်း Intel Core i9 10900Kနဲ့ယှဉ်ရင် 5%ပဲပိုမြန်လာတာပြထားပါတယ်။
သူကအဓိကပြချင်တာ ယခင် Gen တုန်းက Intel နဲ့ယှဉ်ရင်အများကြီးဟနေပေမဲ့ IPC အများကြီးတက်လာလို့အခုမကွာဘူးလို့ဆိုလိုတာပါ။
ဈေးတွေကို ကြည့်လိုက်မယ်ဆိုရင် 1st Gen မှာဈေးအကြီးဆုံးဖြစ်ပြီး 2nd Gen နဲ့ 3rd Gen မှာဈေးတူပေမဲ့ 2nd Gen မှာ ပိုမြင့်တဲ့ 2800X ဆိုပြီးမရှိခဲ့ပါဘူး။ 5th Gen Ryzen 7 ဟာ 3rd Gen ထက်ဈေးပိုကြီးပေမဲ့ 1st Gen တုန်းကလောက် ဈေးမကြီးသေးသလို သူပေးတဲ့ Performance က ပြောသလောက်နီးနီးရခဲ့မယ်ဆိုတန်တယ်လို့ပြောလို့ရပါတယ်။
ဈေးကြီးရတဲ့နောက်တစ်ချက်က Architecture ပိုင်းမှာ အပြောင်းအလဲတွေဖြစ်လာလို့ထင်ပါတယ်။ Ryzen 3000 တုန်းက CCD တစ်ခုမှာ CCX ၂ခုကို Infinity Fabric နဲ့ဆက်ထားပါတယ်။ Infinity Fabric နဲ့ CCX တွေပြန်ဆက်ရတယ်ဆိုတာက ဈေးပိုသက်သာအောင်လို့ပါ။ CPU တွေထုတ်တဲ့အချိန်မှာ Defect တွေပါလာတက်ပါတယ်။ Defect များရင် တကယ်သုံးရမဲ့ Silicon Yield နည်းသွားပါတယ်။
အခုRyzen 5000 မှာ Latency ပိုနည်းအောင် Performance ပိုထွက်အောင် Fabrication နဲ့ Architecture ပိုင်းမှာအပြောင်းအလဲလုပ်ထားရတဲ့အတွက် Silicon Yield နည်းမယ်လို့ယူဆရပြီး ထုတ်လုပ်တဲ့စားရိတ်ပိုကြီးနိုင်ပါတယ်။ အခု5000 Series မှာ CCD တစ်ခုမှာCCXတစ်ခုပဲပါပါတော့တာမို့ Yield ပိုကုန်နိုင်လို့ ဈေးပိုကြီးသွားတယ်လို့မြင်ပါတယ်။ နောက်ထပ်သိထားရတာက Ryzen 5000 ရဲ့ 7nm ဟာ TSMC ရဲ့မူလ7nm ကို Enhanced လုပ်ထားတဲ့ 7nm+ ဟာ Silicon Yield 70% အထိသာရပြီး အမြတ်နည်းတယ်လို့ဆိုပါတယ် Zen2 တုန်းက 7nm Processဟာ 94%Yield ရတယ်လို့သိထားပါတယ်။ Architecture အပြောင်းအလဲကြောင့် R&D မှာပိုမိုကုန်ကျမှုလည်းရှိနိုင်ပါတယ် ဒါကလည်းဈေးတက်သွားနိုင်တဲ့တစ်ချက်ပါ။
CPU တွေဘယ်လိုထုတ်လုပ်ထားတယ်ဆိုတာကို အောက်ကလင့်မှာဖတ်နိုင်ပါတယ်။
Clock Speed ကဘာလို့အများကြီးမတိုးလာရတာလဲ
CPU က Clock Speed ဘယ်လောက်မှမတက်လာပဲနဲ့ အများကြီးပိုမြန်လာတယ်ပြောတယ် AMD က ဂျင်းထည့်တာလား။ CPU မြန်တယ်မမြန်ဘူးဆိုတာ လူတော်တော်များများက Clock Speed ပဲကြည့်ကြတာများပါတယ်။ တကယ်က ဒီထက်အများကြီးပိုရှုပ်ထွေးပါတယ်။ Clock Speed ဆိုတာ CPU မြန်မမြန်ဆုံးဖြတ်ပေးတဲ့အရာအများကြီးထဲကတစ်ခုသာဖြစ်ပါတယ်။ ဒါကလည်းအရင်က Intel သုံးတဲ့သူများတဲ့အတွက် Gen ၅ခုစာလောက်မှာတောင် IPC တိုးတက်မှုမရှိတာကြောင့် IPC ကိုသတိမမူမိတာလဲဖြစ်နိုင်ပါတယ်။IPC ဆိုတာဘာလဲ
IPC ဆိုတာ Instructions per clock/cycle ကိုရည်ညွန်းပါတယ်။ Clock Speed ဆိုတာ တစ်စက္ကန့်အတွင်း CPUတစ်ခုဟာ Cycle ဘယ်နှခုပြီးမြောက်စေနိုင်တယ်လို့ဆိုချိန်မှာ IPC ကတော့ Cycle တစ်ခုခြင်းမှာအလုပ်ဘယ်လောက်ပြီးမြောက်မလဲဆိုတာဆိုလိုခြင်းဖြစ်ပါတယ်။ ဥပမာပြောရရင် တစ်နာရီဝေးတဲ့ခရီးကိုလူငါးယောက်ကိုပို့ရမယ်ဆိုရင် ကားတစ်စီးနဲ့ဆိုင်ကယ်တစ်စီးတို့ဟာ တူညီတဲ့အချိန်မှာ အရောက်သွားနိုင်တယ်ဆိုပေမဲ့ ဆိုင်ကယ်မှာ လူနှစ်ယောက်သာစီးလို့ရပြီး ကားမှာတော့၅ယောက်ဆန့်ပါတယ်။Clock Speed နည်းပြီး IPC ပိုကောင်းတဲ့ CPU ဟာ Clock Speed ပိုမြင့်ပေမဲ့ သူ့လောက်IPC မကောင်းတဲ့ CPU ကိုကောင်းကောင်းယှဉ်နိုင်ပါတယ်။ ဥပမာတစ်ခုပြောရမယ်ဆိုရင် ဟိုးအရင် Ryzen အရှေ့ကထွက်ခဲ့တဲ့ AMD FX Series CPU တွေဟာ 5GHz ကိုသာသာယာယာဆွဲတင်လို့ရပါတယ် သို့ပေသော်ငြား လက်ရှိ Ryzen တွေကို IPC အရမယှဉ်နိုင်တဲ့အတွက် Clock Speed ပိုများပေမဲ့ Ryzen တွေကိုမယှဉ်နိုင်ပါဘူး။
IPC ကိုတိုင်းတဲ့အကြမ်းဖျင်းနည်းကတော့ တူညီတဲ့ Core အရေအတွက်ရှိတဲ့ CPU တွေကို တူညီတဲ့ Clock Speed မှာထားပြီး Benchmark လုပ်တာပါ။ CPU အများစုက အနည်းဆုံး 4GHz ဝန်းကျင်မှာအလုပ်လုပ်နိုင်တဲ့အတွက် 4 GHz မှာထားပြီးစမ်းကြပါတယ် နမူနာအနေနဲ့ Techspot ရဲ့ Chart တစ်ခုကိုပါဖော်ပြပေးလိုက်ပါတယ်။
CPU တွေထုတ်လုပ်တဲ့အခါမှာ nm ပိုသေးလာလေ CPU မှာ transistor တွေပိုထည့်လာနိုင်လေဖြစ်ပြီး Clock Speed နဲ့ IPC စွမ်းဆောင်ရည်ပိုကောင်းလာပါတယ်။ ဒီလိုပိုထည့်လာနိုင်ဖို့ကလည်း nm ပိုသေးအောင်လုပ်ဖို့လိုလာသလို transistor တွေရဲ့တည်ဆောက်ပုံဒီဇိုင်းကိုပါပြောင်းလဲပေးမှာသာ transistor တွေပိုဝင်ဆန့်လာတာပါ။
ဥပမာ ယခင် ပထမမျိုးဆက် Ryzen 1000 series CPU တွေမှာ 14nm နဲ့ ဒုတိယမျိုးဆက် Ryzen 2000 series မှာ 12nm ကိုအသုံးပြုခဲ့ပါတယ်။ သို့ပေမဲ့ ဒုတိယမျိုးဆက် Ryzen 2000 series CPU တွေတည်ဆောက်ခဲ့ရာမှာ ပထမမျိုးဆက်ရဲ့ 14nm ဒီဇိုင်းကို မပြောင်းလဲပဲ 12nm အဖြစ်သာပြောင်းလိုက်တာပါ ဒီလိုသာပြောင်းလဲခဲ့တဲ့အတွက် ဒုတိယမျိုးဆက်မှာ transistor တွေတိုးမလာသလို IPC လဲသိသိသာသာတိုးမလာခဲ့ပါဘူး။ Transistorတွေတိုးမလာပေမဲ့ 14nm ကနေ 12nm ဖြစ်သွားတာမို့ Transistor တစ်ခုနဲ့တစ်ခုကြားမှာ နေရာလွတ်ပိုရလာပြီး electron တွေက လွတ်လပ်စွာပိုစီးကူးလာနိုင်ပါတယ် အဲဒီတော့ CPU ရဲ့ Clock Speed ကိုတော့ ပိုများလာအောင်လုပ်လိုက်နိုင်ပါတယ်။ ဒါကြောင့်မို့ ပထမမျိုးဆက်ထက် ဒုတိယမျိုးဆက်က Clock Speed ပိုမြင့်လာလို့ပိုပြီးမြန်လာခဲ့ပါတယ်။ IPC ပိုင်းအနေနဲ့မထူးခြားပါဘူး။ 3rd Genမှာတော့ 7nm ဖြစ်သွားတဲ့အပြင် Architecture ပိုင်းပါပြောင်းလဲပေးခဲ့လို့ IPC တွေတိုးတက်လာပြီး Clock Speed နည်းပေမဲ့ Intel ကိုကပ်လိုက်လာနိုင်ခဲ့ပါတယ်။ 5th Gen မှာတော့ IPCပါ အများကြီးတိုးတက်လာတာမို့ Intelကို အနိုင်ရပြီလို့ AMD ကဆိုလိုခြင်းဖြစ်ပါတယ်။
ဈေးဘာလို့ကြီးရတာလဲ
MSRP ဈေးအရဆိုရင်
1st Gen
1st Gen
Ryzen 7 1700X ($399)
Ryzen 7 1800X ($499)
2nd Gen
Ryzen 7 2700X($329)
3rd Gen
Ryzen 7 3700X($329)
Ryzen 7 3800X($399)
5th Gen
Ryzen 7 5800X($449)
Ryzen 7 1800X ($499)
2nd Gen
Ryzen 7 2700X($329)
3rd Gen
Ryzen 7 3700X($329)
Ryzen 7 3800X($399)
5th Gen
Ryzen 7 5800X($449)
ဈေးတွေကို ကြည့်လိုက်မယ်ဆိုရင် 1st Gen မှာဈေးအကြီးဆုံးဖြစ်ပြီး 2nd Gen နဲ့ 3rd Gen မှာဈေးတူပေမဲ့ 2nd Gen မှာ ပိုမြင့်တဲ့ 2800X ဆိုပြီးမရှိခဲ့ပါဘူး။ 5th Gen Ryzen 7 ဟာ 3rd Gen ထက်ဈေးပိုကြီးပေမဲ့ 1st Gen တုန်းကလောက် ဈေးမကြီးသေးသလို သူပေးတဲ့ Performance က ပြောသလောက်နီးနီးရခဲ့မယ်ဆိုတန်တယ်လို့ပြောလို့ရပါတယ်။
ဈေးကြီးရတဲ့နောက်တစ်ချက်က Architecture ပိုင်းမှာ အပြောင်းအလဲတွေဖြစ်လာလို့ထင်ပါတယ်။ Ryzen 3000 တုန်းက CCD တစ်ခုမှာ CCX ၂ခုကို Infinity Fabric နဲ့ဆက်ထားပါတယ်။ Infinity Fabric နဲ့ CCX တွေပြန်ဆက်ရတယ်ဆိုတာက ဈေးပိုသက်သာအောင်လို့ပါ။ CPU တွေထုတ်တဲ့အချိန်မှာ Defect တွေပါလာတက်ပါတယ်။ Defect များရင် တကယ်သုံးရမဲ့ Silicon Yield နည်းသွားပါတယ်။
နောက်ဆုံးတစ်ချက်ကတော့ AMD ဟာ Intel ကိုအနောက်ကနေလိုက်ကစားဖို့မလိုတော့တဲ့အတွက် ဈေးကွက်ကိုဦးဆောင်မဲ့သူဖြစ်လာတာကြောင့် ကိုယ့်စိတ်ကြိုက်ဈေးကိုသတ်မှတ်တာလည်းဖြစ်နိုင်ပါတယ်။
ကယ်တင်ရှင် B450 Motherboard များ
CPU တွေဘယ်လိုထုတ်လုပ်ထားတယ်ဆိုတာကို အောက်ကလင့်မှာဖတ်နိုင်ပါတယ်။
0 Comments