Subscribe Us

header ads

SK Hynix ၏ ကမ္ဘာ့ပထမဦးဆုံး DDR5 DRAM kits


Memory ဈေးကွက်ဟာ အရွေ့တခုကိုချီတက်နေပါပြီ Desktop နဲ့ Server ဈေးကွက်မှာ ကာလရှည်ကြာအသုံးပြုလာတဲ့ DDR4 အစား ပိုမိုမြန်ဆန်တဲ့ DDR5 ကိုကူးပြောင်းတော့မှာပါ။ အနာဂတ် PC နဲ့ Enterprise ဈေးကွက်ရဲ့လိုအပ်ချက်တွေဟာ များပြားလှတဲ့ဒေတာ၊ AI နဲ့ Machine Learning စတဲ့အရာအားလုံးဟာ ကြီးမားလှတဲ့ Bandwidth နဲ့ Data set တွေကိုလိုအပ်လျက်ရှိပါတယ်။ အဆိုပါလိုအပ်ချက်တွေကိုဖြည့်ဆည်းဖို့ရာ ပိုမိုမြန်ဆန်တဲ့ DRAM နဲ့ ကြီးမားတဲ့ DIMM တွေလိုအပ်ပါတယ်။ ဒီလိုအပ်ချက်တွေကို DDR5 ကဖြည့်ဆည်းပေးမှာပါ။

SK Hynix က အနာဂတ်ဈေးကွက်လိုအပ်ချက်အတွက် သူတို့ရဲ့ကမ္ဘာ့ပထမဦးဆုံး DDR5 DRAM kits ကိုဈေးကွက်အရလိုအပ်လာရင် ဖြည့်ဆည်းပေးနိုင်ဖို့အဆင်သင့်ရှိနေပါပြီ။ ဆိုလိုတာက Intel နဲ့ AMD အထောက်အပံ့ပေးလာပြီဆိုတာနဲ့ အသုံးပြုနိုင်မှာပါ။ SK Hynix က သူတို့အနေနဲ့ Intel ရဲ့ product validation အတွက် နမူ‌နာတွေပါထောက်ပံ့ပေးခဲ့တယ်လို ဆိုပါသေးတယ်။
DDR5 ဟာ စစထွက်ခြင်းမှာ 4800-5600Mbps မြန်နှုန်းရှိမှာဖြစ်ပြီး လက်ရှိ DDR4 တွေထက်ပိုမိုမြန်ဆန်ပါတယ်။ DDR5 ရဲ့ အလုပ်လုပ်တဲ့ Voltage ဟာလည်း 1.1V သာရှိလို့ 1.2V အနည်းဆုံးရှိတဲ့ DDR4 ထက်ပိုမိုနည်းပါးပါတယ်။

DDR5 မှာ ECC-Error Correcting Code လို့ခေါ်တဲ့ ECC Protection လည်းတပါတည်းပါဝင်လာမှာဖြစ်ပါတယ်။ ယခင်ကတော့ ECC ကို workstation နဲ့ server တွေမှာသာသုံးနိုင်ခဲ့ပါတယ်။ DDR5 အသုံးပြုသူအားလုံးဟာ 1bit level error correctionရရှိမှာဖြစ်ပြီး program reliability အဆ၂၀တိုးတက်လာမယ်လို့ဆိုပါတယ်။ DDR5 Module တွေမှာ အများဆုံး 256GB DIMM အထိရှိမယ်လို့သိရပါတယ်။

SK Hynix က DDR5 ကို ၂၀၂၁မှာ စတင်သုံးစွဲလာလိမ့်မယ်လို့ မျှော်လင့်ထားပါတယ်။ DDR5 ဟာ ၂၀၂၂မှာတော့ DRAM ဈေးကွက်ရဲ့ ၂၀%နဲ့ ၂၀၂၄မှာ ၄၃%အထိကြီးထွားလာလိမ့်မယ်လို့မျှော်လင့်ပါတယ်။ AMD နဲ့ Intel တို့အထောက်အပံ့ပေးလာတာနဲ့တပြိုင်နက် DDR5 ကိုသုံးစွဲသူတွေများပြားလာမှာပါ။ ဘယ်တော့လဲဆိုတာကိုတော့မသိရသေးပါဘူး။

DDR5 ဟာ user တွေအတွက် ကြီးမားတဲ့bandwidth၊ ECC အထောက်အပံ့နဲ့ ပိုမိုများပြားတဲ့ DIMM capacity ကိုယူဆောင်လာမှာပါ။ ပိုမိုမြန်ဆန်တဲ့ DRAM လိုအပ်သူတွေအတွက် 6400Mbps DRAM ကိုလည်းဖန်တီးနေပြီလို့သိရပါကြောင်း.....

Micron DDR5 အကြောင်း ဖတ်ရှုရန်
https://enthuetech.blogspot.com/2020/07/bandwidth-micron-ddr5.html

Source: OC3D

#EnThueTech
#News
#SKHynix #DDR5


Post a Comment

0 Comments