AMD ဟာ အမေရိကန်အခြေစိုက် Xilinx ကုမ္မဏီ ကို အမေရိကန်ဒေါ်လာ ၃၅ဘီလျံနဲ့ဝယ်ယူလိုက်တယ်လို့သိရပါတယ်။ Xilinx ဆိုတာ FPGA၊ SoC နဲ့ ACAP နည်းပညာတွေကိုတီထွင်ခဲ့တဲ့ကုမ္မဏီဖြစ်ပါတယ်။ ဒီလို ဝယ်ယူမှုကြောင့် Xilinx နဲ့ AMD ရဲ့ စုစုပေါင်းဈေးကွက်တန်ဖိုးဟာ ၁၁၀ဘီလျံဖြစ်လာပါတယ်။ Xilinx ကိုဝယ်ယူမှုဟာ ၂၀၂၁လောက်မှာပြီးပြတ်မယ်လို့သိရပြီး Xilinx ရဲ့ ဒါရိုက်တာ၂ဦးဟာလည်း AMD ဒါရိုက်တာဘုတ်အဖွဲ့ထဲဝင်ရောက်လာမှာဖြစ်တယ်လို့သိရပါတယ်။ ကုမ္မဏီ၂ခုပူးပေါင်းခြင်းကြောင့် AMDရဲ့ လုပ်ငန်းလည်ပတ်မှုစွမ်းဆောင်ရည်တိုးလာမှာဖြစ်ပြီး ဒေါ်လာသန်း၃၀၀ဖိုးလောက် ချွေတာနိုင်မယ်လို့သိရပါတယ်။
Source: OC3D
0 Comments