Subscribe Us

header ads

AMDမှ Precision Boost Overdrive PBO2 ကိုမိတ်ဆက်



သင့်အနေဖြင့် Ryzen 5000 CPU တစ်ခုခုအသုံးပြုနေတာ သို့ အသုံးပြုဖို့ကြံရွယ်နေတာဆိုရင် AMD ကသင့်ကိုပိုပြီးကျေနပ်စေမှာပါ။ AMD ရဲ့ Precision Boost Overdrive PBO ဟာ Ryzen CPU ရဲ့ Clock Speed ကို Click တစ်ချက်တည်းနဲ့တိုးမြှင့်ပေးနိုင်တာသိကြမှာပါ။ သို့ပေမဲ့ PBO ဟာ Multicore ရလဒ်ကိုသာတိုးတက်စေပြီး Single Core ရလဒ်တွေမကောင်းစေပါဘူး။ လာမယ့်ဒီဇင်ဘာမှာတော့ AMD ရဲ့ PBO2 ထွက်လာမှာဖြစ်ပြီး Multicore ကိုတိုးမြှင့်ပေးစဉ် Single Core ကိုပါထိန်းသိမ်းထားမှာဖြစ်ပါတယ်။ 


PBO2 ဟာ Ryzen 5000 series CPU တွေနဲ့သာအလုပ်လုပ်မှာဖြစ်ပြီး ပိုကောင်းမဲ့ undervolt နည်းလမ်းကိုပါယူဆောင်ခဲ့မှာပါတယ်။ AMO demo ပြတဲ့ Benchmark မှာတော့ အားရစရာစွမ်းဆောင်ရည်ကိုမြင်ခဲ့ရပါတယ်။


ဥပမာပြောရမယ်ဆိုရင် PBO2 ဟာ Ryzen 5800X ရဲ့ Single Core စွမ်းဆောင်ရည်ကို Ryzen 9 5900X လိုဖြစ်လာအောင်လုပ်နိုင်ပါတယ်။ PBO ဆိုတာ Overclocking လုပ်တာပဲမို့လို့ သင့် CPU ရဲ့ Warrenty ကိုပျက်ပျယ်စေနိုင်ပါတယ်။ 

အချို့သော motherboard တွေဖြစ်တဲ့ MSI X570 Godlike နဲ့ Gigabyte X570 Aorus Master တို့ဟာ လက်ရှိမှာ PBO2 ကို လက်ရှိ BIOS patch တွေအရ အထောက်အပံ့ပေးနေပြီဖြစ်ပြီး တရားဝင်ကတော့ AGESA 1.1.8.0 နဲ့အတူပါရှိလာမယ့် BIOS နဲ့အတူဒီဇင်ဘာမှာ ရောက်ရှိလာမှာပါ။ 

Silicon အရည်အသွေးဟာ chip တစ်ခုနဲ့တစ်ခု မတူညီကြတဲ့အတွက် ထွက်ရှိလာတဲ့ အဖြေတွေက CPU တစ်ခုနဲ့တစ်ခုတူညီမှာမဟုတ်ပါဘူး။ PBO2 ကို စစခြင်း BIOS မှာသာ ထည့်သွင်းမယ်ဆိုပေမဲ့ AMD ဟာနောက်နှစ်အစပိုင်းမှာ Ryzen Master မှာပါထည့်သွင်းလာမယ်လို့ဆိုပါတယ်။ 


PBO2 ဟာ Ryzen 5000 နဲ့ နောက်ထွက်မဲ့ Processor ‌‌တွေမှာသုံးနိုင်မှာဖြစ်ပြီး Ryzen 3000 series လို ယခင်ထွက်ရှိပြီးသား CPU တွေမှာသုံးလို့မရနိုင်ပါဘူး။ PBO2 အတွက် 500 Series နဲ့ 400 Series motherboard တွေမှာ AGESA 1.1.8.0 ပါဝင်တဲ့ BIOS တင်ထားဖို့လိုအပ်ကာ ဒီဇင်ဘာလထဲမှာသုံးနိုင်မှာပါ။
Source: Tom's Hardware
#News
#AMD #Ryzen

Post a Comment

0 Comments