လွန်ခဲ့တဲ့အပတ်က အမေရိကန် စတော့အိတ်ချိန်းဈေးကွက်အတွင်းရှိ အကြီးမားဆုံးကုမ္ပဏီ၅၀၀ ရဲ့ စတော့စွမ်းဆောင်ရည်ကိုတိုင်းတာတဲ့ S&P 500 သို့ဝင်ရောက်ရန် Tesla ကလက်ခံလိုက်ပြီးနောက် သူ့ရဲ့ ကြွယ်ဝမှုဟာ ၁၅ဘီလျံတိုးတက်လာခဲ့ပါတယ်။ Tesla ရဲ့ရှယ်ယာတစ်စုဟာ $408ဖြစ်လာပြီး Tesla ရှယ်ယာ၂၀ ရာခိုင်နှုန်းပိုင်ဆိုင်တဲ့ Elon Musk ရဲ့ကြွယ်ဝမှုဟာ ၁၀၇ဘီလျံသို့ခုန်တက်သွားပါတယ်။ ဒီလိုခုန်တက်သွားတာကြောင့် Facebook ပိုင်ရှင် Mack Zuckerberg ရဲ့ တတိယအချမ်းသာဆုံး နေရာကို ရယူနိုင်ခဲ့ပါတယ်။
မနေ့ကရှယ်ယာဈေးပိတ်သိမ်းချိန်မှာ Tesla ရဲ့ရှယ်ယာ ဈေးက $521.85 ရှိခဲ့တာမို့ Elon Musk ရဲ့ကြွယ်ဝမှုဟာ ၁၀၇.၉ ဘီလျံအထိတိုးတက်လာခဲ့ပြီး Bill Gates ရောက်လာကာ ကမ္ဘာ့ဒုတိယအချမ်းသာဆုံးဖြစ်လာခဲ့တာပါ။ Amazon ပိုင်ရှင် Jeff Bezosကတော့ ၁၈၂ဘီလျံနဲ့ ထိပ်ဆုံးမှာ ဦးဆောင်နေပါပဲ။
Source: Bloomberg and Techspot
#EnThueTech
#News
0 Comments