Subscribe Us

header ads

အသစ်ထွက်ရှိလာတဲ့ Maxon ရဲ့ Benchmark အသစ် Cinebench R23


Reviewer တွေ PC Enthusiast တွေအတွက် Maxon ကနေ Cinema 4D စွမ်းဆောင်ရည်ကိုတိုင်းတာနိုင်မယ့် Cinebench R23 ကိုထုတ်ပေးလိုက်ပါပြီ။ ယခင် Cinebench တွေအတိုင်းပဲ Cinebench R23 ဟာ CPU ကိုသာအဓိကထားတိုင်းတာတဲ့ Benchmark tool တစ်ခုဖြစ်ပါတယ်။ Cinebench R23 မှာ နောက်ဆုံးထွက်ရှိထားတဲ့ Apple M1 စနစ်တွေကိုပါ အထောက်အပံ့ပေးလာပါတယ်။


ပိုမိုတိကျတဲ့ အဖြေတွေရရှိဖို့အတွက် Cinebench R23 ဟာ အနည်းဆုံး၁၀မိနစ်လောက်runမှာဖြစ်ပြီး long term CPU workload တွေအတွက် looping လုပ်ကာတိုင်းတာမှာဖြစ်ပါတယ်။ throttle ဖြစ်တဲ့အထိတိုင်းမှာဖြစ်တဲ့အတွက် spec တွေထပ်တူညီနေစေကာမူ cooling စနစ်ပိုကောင်းတဲ့စက်ဟာ results ပိုမိုကောင်းမွန်မှာပါ။

ယခင်ကကျနော့်အနေနဲ့ Laptop တွေreview လုပ်တဲ့အခါ တိကျတဲ့ Result ရဖို့ Cinebench R20 ကို အကြိမ်ပေါင်းများစွာ Looping လုပ်ပြီးစမ်းခဲ့ရပါတယ် ဘာလို့ဆို Laptop အေးနေချိန်မှာ Cinebench Score ကအမြဲမြင့်မားနေလေ့ရှိလို့ပါပဲ။

Cinebench R23 မှာ မတူညီတဲ့ compiler တွေကို အသုံးပြုထားတာကြောင့် ရရှိတဲ့အမှတ်တွေဟာ Cinebench R20 နဲ့ နှိုင်းယှဉ်လို့မရနိုင်ပါဘူးလို့ Maxon ကဆိုပါတယ်။ ကျနော့်ရဲ့ AMD Ryzen 7 3700X ကိုစမ်းသပ်ကြည့်ရာမှာတော့။
Single Core 1263 pts
Multi Core 11774 pts ရရှိတာတွေ့ရပါတယ်။

သင့်အနေနဲ့ Cinebench R23 ကိုစမ်းသပ်လိုတယ်ဆိုရင်တော့ Maxon ရဲ့ Website ကနေ ရယူအသုံးပြုနိုင်ပါပြီ။ မိတ်ဆွေတို့လည်း R23 ကိုစမ်းထားတယ်ဆိုရင် result လေးကိုအောက်မှာရေးခဲ့ပါဦး။

Download Cinebench R23
https://http.maxon.net/pub/cinebench/CinebenchR23.zip

#EnThueTech
#CPU #Benchmark

Post a Comment

0 Comments