Subscribe Us

header ads

Nvidia မှ Memory ပိုမိုများပြားသော 80GB A100 GPU ကို ကြေညာ


Nvidia


AMD ရဲ့ Radeon Instinct MI100 GPU အသစ် ကြေညာပြီးတာနဲ့ Nvidia ဟာလည်း သူ့ရဲ့ A100 upgraded version ကိုထုတ်ဖော်ပြသလိုက်ပါတယ်။ A100 အသစ်မှာ 80GB HBM2e Memory နဲ့ 2TB/s memory bandwidth ရှိကာ ယခင်ထက် Graphics Memory ၂ဆနဲ့ memory bandwidth 25%တိုးတက်လာတယ်လို့ဆိုပါတယ်။ ဒီလိုပြောင်းလဲမှုဟာ A100 Model အသစ်တွေ အနေနဲ့ ပိုမိုကြီးမားတဲ့ datasetတွေ dataအကူးအပြောင်းတွေ ပိုမိုမြန်ဆန်လာမယ်လို့ဆိုပါတယ်။
ယခင် A100 chip နဲ့နှိုင်းယှဉ်မယ်ဆိုရင် 80GB model အသစ်ဟာ ကျန်တဲ့ specifications တွေအတူတူပဲလို့ဆိုပါတယ်။
AMD အနေနဲ့ ဈေးကွက်မှာပိုမိုယှဥ်ပြိုင်လာနိုင်စွမ်းရှိလာပြီဆိုပေမဲ့ Nvidia ကိုယှဉ်နိုင်ဖို့အတော်ကြီးကြိုးပမ်းရဦးမှာပါ။ အင်ဂျင်နီယာတွေနဲ့သိပ္ပံပညာရှင်တွေဟာ Nvidia Optimize ဖြစ်တဲ့ software တွေ အသုံးပြုလာခဲ့တာနှစ်ပေါင်းများစွာကြာနေပြီဖြစ်သလို AMD ရဲ့ Radeon Instinct MI100 GPU ဟာ 32GB Memory ကိုသာအထောက်အပံ့ပေးထားတာမို့ ပိုမိုကြီးမားတဲ့ dataset ‌တွေအတွက် A100 80GB ကိုယှဉ်ပြိုင်နိုင်မှာမဟုတ်ပါဘူး။

Source: OC3D

Post a Comment

0 Comments