၂၀၂၀ခုနှစ် နိုဝင်ဘာလဟာ AMD Radeon division အတွက် ပြီးပြည့်စုံတဲ့လတစ်လဖြစ်ခဲ့ပြီး AMDရဲ့ RDNA 2 နဲ့ CDNA architecture တွေဟာ Gaming နဲ့ HPC ဈေးကွက်အတွက် ဝေစုတွေထိန်းသိမ်းထားနိုင်ခဲ့ပါတယ်။
CDNA graphics architecture ဟာ AMDကို exascale computing လမ်းကြောင်းပေါ်ကို ရောက်ရှိစေမှာဖြစ်ပါတယ်။ AMD အနေနဲ့ exascale supercomputer တွေတည်ဆောက်ရာမှာ ပါဝင်ခဲ့ပြီးဖြစ်ကာ EPYC Processor တွေနဲ့ CDNA graphics တွေရဲ့အစွမ်းကြောင့် AMD နဲ့ သူ့ရဲ့မိတ်ဖက်တွေအတွက် ပိုမိုမြင့်မားတဲ့စွမ်းဆောင်ရည်တွေရရှိစေမှာပါ။
CDNA architecture အသစ်ဟာ Nvidia နဲ့နှိုင်းယှဉ်ပါက ပါဝါစားသုံးမှုပိုမိုနည်းပါးကာ raw performance ပိုမိုကောင်းမွန်တယ်လို့ဆိုပါတယ်။ Developer တွေအတွက်လည်း AMD ရဲ့ ROCm 4.0 Software က ကောင်းစွာအထောက်အပံ့ပေးမယ်လို့ဆိုပါတယ်။ AMD အနေနဲ့ Dell၊ Gigabyte၊ HP Enterprise နဲ့ SuperMicro တို့နဲ့လက်တွဲကာ Radeon Instinct MI100 System တွေကိုဖြန့်ချီသွားမှာပါ။
Source: Videcardz and OC3D
#EnThueTech
#AMD
#Radeon
0 Comments