GitHub မှာတင်ထားတဲ့အချက်တွေအရ version 1.2.162 မှာ Vulkan အနေနဲ့ Ray Tracing ကိုတရားဝင် အထောက်အပံ့ပေးလာတဲ့အတွက်
ခေတ်သစ်ဂိမ်း feature တစ်ခုပေါင်းစပ်ပါဝင်လာခဲ့ပါပြီ။
အခုမတိုင်ခင်က Ray Tracing ရဖို့ RTX တွေအတွက် သီးသန့်ထုတ်ထားတဲ့Nvidia ရဲ့ extension တွေမှတဆင့်သာသုံးနိုင်ခဲ့တာပါ။ အခုဆိုရင်တော့ ဘယ်Vendor ကမဆိုသုံးနိုင်ပါပြီ။
Khronos Group ရဲ့ Ray Tracing extension ဟာ အသုံးပြုရလွယ်ကူပြီး Microsoft ရဲ့ DXR API လိုမျိုး ဂိမ်း features တွေအများကြီး အထောက်အပံ့ပေးထားကာ အချို့အပိုဆောင်းfeatures တွေပါပါဝင်ပါတယ်။
ဂိမ်းရေးတဲ့ Developer တွေအနေနဲ့ Vulkan ရဲ့ Ray Tracing ကိုလွယ်ကူစွာအသုံးချနိုင်မှာဖြစ်ပြီး နောက်ပိုင်း VKD3D သို့ Proton Version တွေမှာ DXR Ray Tracing က Shaders တွေကိုအသုံးချနိုင်လိမ့်မယ်လို့ဆိုပါတယ်။ Linux OS ချစ်သူတွေအတွက်လည်း နောက်ပိုင်း Ray Tracing ဂိမ်းတွေကစားလာနိုင်လိမ့်မယ်လို့သိရပါတယ်။
Source: Phoronix and OC3D
0 Comments