လွန်ခဲ့တဲ့အပတ်က AMD ရဲ့ CEO ဖြစ်သူ Dr.Lisa Su ဟာ သူမရဲ့ ဆီမီးကွန်ဒတ်တာနယ်ပယ်မှ အောင်မြင်မှုများကြောင့် ၂၀၂၀ ခုနစ်အတွက် Robert N. Noyce Award ကိုရရှိခဲ့ပါတယ်။ အဆိုပါဆုဟာ ဆီမီးကွန်ဒတ်တာနယ်ပယ်မှာ ဂုဏ်သိက္ခာအကြီးမားဆုံးဆုတွေထဲကတစ်ခုဖြစ်ပါတယ်။
Robert Noyce ဆုကို ၁၉၉၀ခုနှစ်မှာ Semiconductor Industry Association (SIA) ရဲ့ဒါရိုက်တာတွေက ထိုအချိန်ကကွယ်လွန်သွားဝာာမကြာသေးတဲ့ Fairchild Semiconductor နဲ့ Intel ကိုပူးတွဲတည်ထောင်ခဲ့သူ၊ SIA ကိုတည်ထောင်သူ Robert Noyce ကိုဂုဏ်ပြုဖို့ SIA ဒါရိုက်တာဘုတ်အဖွဲ့ဝင်တွေက စတင်ဖန်တီးပေးခဲ့တာပါ။
Lisa Su အနေနဲ့ Robert Noyce ဆုကို Semiconductor လုပ်ငန်းနဲ့လက်ခံရရှိတဲ့ ၃၀ဦးမြောက် CEO ဖြစ်ပြီး ၁၉၉၈မှာ Jerry Sandersရရှိပြီးနောက် ဒီဆုကိုရရှိတဲ့ AMD ရဲ့ ဒုတိယမြောက် CEO ဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ်တွေအတွင်း Intel ရဲ့ CEO၄ဦး၊ IBM ရဲ့ CEO ၂ဦး၊ Applied Material ရဲ့ CEO ၂ဦးနဲ့ Micron ရဲ့ CEO ၂ဦးတို့ဟာ Robert Noyce ဆုကိုရရှိခဲ့ပါတယ်။ အခြားကုမ္မဏီတွေကတော့ တစ်ကြိမ်သာရဖူးတယ်လို့ဆိုပါတယ်။
Dr.Lisa Su ဟာ ၂၀၁၂ခုနှစ်မှာ AMD ကိုစတင်ရောက်ရှိခဲ့ကာ ၂၀၁၄ခုနှစ်ကစပြီး CEO နဲ့ ဥက္ကဌရာထူးကိုယူခဲ့တာပါ။ Lisa Su ရောက်ရှိပြီးနောက် သူမဟာ ကုမ္မဏီရဲ့ လုပ်ဆောင်ပုံတွေကို သိသိသာသာပြောင်းလဲခဲ့ပြီး အောင်မြင်လာတဲ့ CPU မျိုးဆက်တွေနဲ့ Architecture တွေကြောင့် ရုန်းကန်နေရာတဲ့အနေအထားကနေ အောင်မြင်လာခဲ့ပါတယ်။ နောက်ဆုံးအောင်မြင်မှုကတော့ Xilinx ကိုဝယ်ယူနိုင်လိုက်ခြင်းပဲဖြစ်ပါတယ်။
AMD မတိုင်ခင် Dr.Lisa Su ဟာ Freescale Semiconductor၊ IBM နဲ့ Texas Instruments စတဲ့ကုမ္မဏီတွေရဲ့ထိပ်တန်းရာထူးတွေမှာ တာဝန်ထမ်းဆောင်ခဲ့ပါတယ်။
Source: Tom's Hardware and Reddit
0 Comments