ချစ်ပ်ထုတ်လုပ်သူကြီး TSMC ဟာ အမေရိကန်ပြည်ထောင်စု အရီဇိုးနားမှာ ချစ်ပ်ထုတ်လုပ်ရေးလက်ခွဲစက်ရုံတည်ဆောက်ဖို့ရှိနေပါတယ်။ အဆိုပါစက်ရုံအတွက် TSMC ရဲ့ ဒါရိုက်တာဘုတ်အဖွဲ့ဝင်တွေဟာ အမေရိကန်ဒေါ်လာ 3.5 ဘီလျံဖိုး ခွင့်ပြုပေးခဲ့တယ်လို့သိရပြီး TSMC အရီဇိုးနားပြည်နယ်နဲ့ အမေရိကန်အစိုးရတို့က ငွေကြေးထောက်ပံ့ပေးမယ်လို့သိရပါတယ်။
အဆိုပါ စက်ရုံမှစီးပွားဖြစ် Silicon Wafer ထုတ်လုပ်မှုကို ၂၀၂၄ လောက်မှာစတင်နိုင်မယ်လို့ မျှော်မှန်းထားပါတယ်။ စက်ရုံကို ၂၀၂၁မှာစတင်ဆောက်လုပ်သွားမယ်လို့မျှော်မှန်းထားပါတယ်။ TSMC အနေနဲ့ စက်ရုံတစ်ခုလုံးအတွက် ၂၀၂၁ကနေ ၂၀၂၉ခုနှစ်အတွင်း ဒေါ်လာ ၁၂ဘီလျံခန့် ရင်းနှီးမြှုပ်နှံသွားမယ်လို့သိရပါတယ်။
TSMC အနေနဲ့ လူပေါင်း၁၆၀၀ခန့် တိုက်ရိုက်အလုပ်ပေးနိုင်ဖွယ်ရှိပြီး တိုက်ရိုက်မဟုတ်ပေမဲ့ လုပ်ငန်းနဲ့ဆက်စပ်ပြီးထောင်ပေါင်းများအလုပ်ပေးနိုင်မယ်လို့သိရပါတယ်။ အရီဇိုးနားမှာ Intel ရဲ့ Foundries တွေရှိပြီးသားမို့ TSMC အနေနဲ့ Foundry တည်ဆောက်ပြီး supply chain အတွက်တော့ အစကနေစတင်ဆောင်ရွက်စရာမလိုအပ်ဘူးလို့သိရပါတယ်။
Source: Tom's Hardware
#EnThueTech
#News #TSMC
0 Comments