Bloomberg ရဲ့တင်ပြချက်တွေအရ Apple ဟာသူ့ရဲ့ Mac ကွန်ပျူတာတွေအသစ် တွေအတွက် 32 Cores အထိရှိမယ့် ARM CPU များနဲ့ထွက်ရှိလာဖွယ်ရာရှိပြီး လက်ရှိ Intel Xeon Processorတွေနေရာမှာ အစားထိုးသွားမယ်လို့သိရပါတယ်။ ဒါဟာ Intel CPU တွေဆက်အသုံးမပြုေတာ့မယ့် လမ်းကြောင်းအတိုင်းသွားနေတာဖြစ်ပါတယ်။ Apple အနေနဲ့ 64 Cores နဲ့ 128 Cores ရှိတဲ့ GPU အသစ်တွေကိုပါ ဖန်တီးနေတယ်လို့သိရပြီး သူ့ရဲ့ mobile နဲ့ desktop ကွန်ပျူတာတွေမှာသုံးနေတဲ့ AMD GPU တွေကိုအစားထိုးဖို့ ဖန်တီးနေတာလို့သိရပါတယ်။
Apple ဟာ စွမ်းဆောင်ရည်မြင့် Cores ၁၆ ခု နဲ့ ပါဝါစားသက်သာတဲ့ Cores ၄ခု (စုစုပေါင်း Cores ၂၀)ပါဝင်တဲ့ မျိုးဆက်သစ် CPU တွေကိုလည်း ဖန်တီးနေဖွယ်ရှိပါတယ်။ ဒါ့အပြင် Macbook Pro နဲ့ iMac တွေအတွက် စွမ်းဆောင်ရည်မြင့် Cores ၈ခု သို့ ၁၂ ခု နဲ့ ပါဝါစားသက်သာတဲ့ Cores ၄ခုပါတဲ့ CPU ကိုပါဖန်တီးနေတယ်လို့ဆိုပါတယ်။
ထပ်ဆောင်းပြောရရင် လက်ရှိ Apple မှာတပ်ဆင်ထားတဲ့ AMD GPU တွေထက်အများကြီးပိုမြန်တဲ့ 64 Cores နဲ့ 128 Cores ရှိတဲ့ GPU အသစ်တွေကိုပါ ဖန်တီးနေကာ GPU တွေအတွက် AMD ကိုပါလက်တွဲဖြုတ်လာဖွယ်ရှိနေပါတယ်။
Source: Tom's Hardware
0 Comments