Subscribe Us

header ads

ပေါ်တိုရီကိုရှိ နာမည်ကျော်အရီဆီဘိုရေဒီယိုတယ်လီစကုပ်ပျက်စီး




ပေါ်တိုရီကိုရှိ နာမည်ကျော်အရီဆီဘိုရေဒီယိုတယ်လီစကုပ် ပျက်စီးသွားပြီလို့သိရပါတယ်။
အမေရိကန်အမျိုးသားသိပ္ပံဖောင်ဒေးရှင်း NSF အဆိုအရ အဆိုပါတယ်လီစကုပ်ရဲ့ တန်၉၀၀ရှိတဲ့ Instrument platform ကြီးဟာ သူ့ရဲ့ ပေ၄၅၀အောက်မှာရှိတဲ့ reflector dish ပေါ်ကိုပြုတ်ကျပျက်စီးသွားခဲ့ပြီလို့ဆိုပါတယ်။ 

လွန်ခဲ့တဲ့ တနင်္လာညနေနဲ့ အင်္ဂါမနက်ခင်းကြားကာလမှာ ပြိုကျခဲ့တယ်လို့ဆိုပါတယ်။ ဒီတယ်လီစကုပ်ဟာ လွန်ခဲ့တဲ့လတွေအတွင်းက cable ပျက်စီးမှုတွေကြုံတွေ့ခဲ့ရပြီး အာဏာပိုင်များ လုံခြုံရေးကိစ္စတွေအတွက်ပြောဆိုခဲ့ပါတယ်။ ပြိုကျမှုမှာ ထိခိုက်ဒဏ်ရာရရှိသူမရှိဘူးလို့သိရပါတယ်။ 


ပြိုကျရတဲ့အကြောင်းကတော့ ဩဂုတ်လမှာ ပျက်စီးသွားတဲ့ cable ၂ခုကြောင့်ယူဆထားပါတယ်။ တယ်လီစကုပ်ဟာ အလွန်ကြီးမားပြီး သူ့ရဲ့ radio dish ဟာ ပေတစ်ထောင်ရှိတာမို့ ပြန်လည်ပြုပြင်မယ်ဆိုပါက ဆောက်လုပ်ရေးလုပ်သားများအတွက် အလွန်အန္တရာယ်များလို့ ပြင်ဆင်ဖို့မဖြစ်နိုင်ကြောင်းသိရပါတယ်။ 


အရီဆီဘိုတယ်လီစကုပ်ဟာ ၁၉၆၃ခုနှစ်မှာ တည်ဆောက်ပြီးစီးခဲ့ပြီး တရုတ်နိုင်ငံမှာရှိတဲ့ FAST တယ်လီစကုပ်မပေါ်ပေါက်ခင် ၂၀၁၆ခုနှစ်အထိ ကမ္ဘာ့အကြီးဆုံး single aperture တယ်လီစကုပ်ဖြစ်ခဲ့ပါတယ်။
အရီဆီဘိုရေဒီယိုတယ်လီစကုပ်ဟာ ဂြိုဟ်သိမ်ဂြိုဟ်မွှားများကိုခြေရာခံခြင်းအပါအဝင် နက္ခတ္တဗေဒဆိုင်ရာအလုပ်များအတွက်ဒီဇိုင်းပြုလုပ်ထားဖြစ်ပေမယ့် အသိဉာဏ်မြင့်ဂြိုလ်သားတွေရှိမရှိရှာဖွေရေး (Search for Extra-Terrestrial Intelligence SETI)ဘက်မှာ ပိုမိုနာမည်ကျော်ခဲ့ပါတယ်။ 


အ‌ဆိုပါတယ်လီစကုပ်ဟာ ဂျိမ်းဘွန်းရုပ်ရှင် Golden Eye(1995)၊ Contact(1997) ဇာတ်ကားတွေအပြင် Species (1995) နဲ့ ရုပ်မြင်သံကြားဇာတ်လမ်းတွဲ The X Files (1994)မှာ ပါဝင်ခဲ့ဖူးပါတယ်။
ကျနော်တို့ဂိမ်းမာတွေအတွက်ကတော့ အဆိုပါတယ်လီစကုပ်ကြီးဟာ Golden Eye (1997) ဂိမ်းနဲ့ Battlefield 4 (2014)ဂိမ်းရဲ့ Rogue Transmission ဆိုတဲ့ Map မှာပါဝင်ခဲ့ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်လို့ EA ဘက်က တရားဝင်ပြောကြားတာမရှိပေမဲ့လည်း Battlefield ဂိမ်းကိုရေးဆွဲခဲ့တဲ့ ဝန်ထမ်း developer အချို့ကတော့ အရီဆီဘိုတယ်လီစကုပ်ကြီးကို အမြဲအမှတ်ရနေမှာဖြစ်ကြောင်း ဆိုခဲ့ကြပါတယ်။ 

Source: BBC, Techspot, NSF, Flakfire
Photo Credit: Techspot, IGN, BBC, NSF, REUTERS, AFP

Post a Comment

0 Comments