ARM ဟာမနေ့က Arm Cortex-A78C CPU အသစ်ကိုကြေညာခဲ့ကာ အဆိုပါCPU မှာ 8 Cores နဲ့ compute အသားပေးအလုပ်တွေအတွက် 8MB Cache အထိအထောက်အပံ့ပေးထားတယ်လို့သိရပါတယ်။
ဒီအသစ်ထွက်ရှိလာတဲ့ CPU ဟာ Intel နဲ့ AMD က လွှမ်းမိုးထားတဲ့ စွမ်းဆောင်ရည်မြင့် CPU ဈေးကွက်အတွင်း ပထမဆုံးဝင်ရောက်လာမှုဖြစ်ပါတယ်။ Arm Cortex-A78C ဆိုတာ မေလကကြေညာခဲ့တဲ့ Cortex-A78 မျိုးဆက်တွေထဲကဖြစ်ပါတယ်။ A78 ဟာ mobile devices တွေအတွက်သာဖြစ်ပေမဲ့ A78C ကတော့ Laptop တွေအတွက်ဖြစ်ပါတယ်။
ယခင်ကြေညာထားတဲ့ Cortex-A78 တွေဟာ စမတ်ဖုန်းတွေအတွက် စနစ်ဖြစ်တဲ့ Big.LITTLE ပေါ်မှာအခြေခံထားတာဖြစ်ပြီး ပါဝါစားသက်သာတဲ့ Core အသေး ၄ခုနဲ့ စွမ်းဆောင်ရည်မြင့် Core အကြီး ၄ခုနဲ့တည်ဆောက်ထားတာပါ။
အခု Cortex-A78C မှာတော့ မူလ Big.LITTLE ပုံစံကနေခွဲထွက်လာကာ စွမ်းဆောင်ရည်မြင့်မားတဲ့ Core အကြီး ၈ခုအထိပါဝင်လာမှာပါ။
ထပ်ပြီးပြောလိုတာကတော့ Cortex-A78C မှာ 8MB L3 Cache အထိပါဝင်ပြီး thread ၈ခုလုံးတစ်ပြိုင်တည်းအလုပ်လုပ်နိုင်စွမ်းရှိပါတယ်။
Arm ရဲ့အဆိုအရ ဒီ CPU ဟာ နောက်လာမည့်မျိုးဆက်သစ် Laptop တွေအတွက်သင့်တော်ပြီး Tablet တွေနဲ့ အရွယ်အစားရော ဘက်ထရီသက်တမ်းတွေမှာပါ ယှဉ်ပြိုင်နိုင်စွမ်းရှိလာမှာပါ။
ARM အနေနဲ့ Chip တွေကို ကိုယ်တိုင်မထုတ်နိုင်တာမို့ အခြားကုမ္မဏီတွေကို လိုင်စင်နဲ့ထုတ်လုပ်ရောင်းချစေမှာပါ။
လက်ရှိမှာ Apple ဟာ Intel ကိုစွန့်ခွာခဲ့ပြီမို့ မကြာခင်အချိန်မှာ အခြားကွန်ပြူတာထုတ်လုပ်သူတွေကလည်း ARM ဆီကူးပြောင်းလာဖွယ်ရှိနေပါတယ်။
Source: Techrader
Photos Credit: Digital Trends and ARM Developer
0 Comments