Subscribe Us

header ads

RTX 3090 အပြည့်ထည့်ထားသော MSI Cargo Container များအခိုးခံရ


Aurich Lawson / Dr. Seuss / GettyImages


တရုတ်နိုင်ငံမှာရှိတဲ့ MSI စက်ရုံတစ်ခုမှ RTX 3090 ကတ်တွေထည့်ထားတဲ့ Cargo Unit Container ၄၀ဟာ မသမာသူတွေကခိုးယူခြင်းခံခဲ့ရတယ်လို့ ArsTechica ကဆိုပါတယ်။ Container ဆိုတာ ဂျပ်ဖာစက္ကူဘူးတွေနဲ့ထည့်ထားတာကိုဆိုလိုတာပါ Cargo Unit တစ်ခုမှာ graphics card ၅ကတ် ၆ကတ်လောက်ပါပါတယ်။

OCR Scan and Google Translate/ArsTechinca


ခိုးယူခြင်းခံခဲ့ရတယ့် အဆိုပါgraphics card တွေရဲ့တန်ဖိုးဟာ MSRP တရုတ်ယွမ် ၂.၂သန်း သို့မဟုတ် $336,500 တန်ကြေးရှိတယ်လို့ဆိုပြီး အကြမ်းအားဖြင့် RTX 3090 graphics card ပေါင်း ၂၂၄ကတ်လောက်ရှိပါတယ်။ အဆိုပါကတ်တွေဟာ လက်ရှိအချိန် GPU ရှားပါးမှုကြောင့် မှောင်ခိုဈေးကွက်မှာ ဒီထက်ပိုတန်ကြေးရှိမှာပါ။ MSI အနေနဲ့ အခိုးခံရတဲ့ Cargo Unit အကြောင်း ရဲတပ်ဖွဲ့ထံသတင်းပေးနိုင်သူကို ဆုငွေ ယွမ်၁သိန်းချီးမြှင့်မယ်လို့ သိရပါတယ်။

Source: Techpowerup

Post a Comment

0 Comments