Subscribe Us

header ads

အစ္စရေးထုတ် စပိုင်ဆော့ဝဲ၏ စောင့်ကြည့်မှုစာရင်းတွင်ပါဝင်နေသည့် တယ်လီဂရမ်တည်ထောင်သူ

Source: The Guardian


အသက် ၃၆နှစ်အရွယ် Pavel Durov ဆိုတာ ရုရှားနွယ်ဖွား နည်းပညာနဲ့အသက်‌မွေးတဲ့ ဘီလျံနာတစ်ဦးဖြစ်ပါတယ်။ သူဟာ မဖောက်ထွင်းနိုင်တဲ့ စာပို့ app လို့ကြွေးကြော်ထားတဲ့ Telegram ကိုတည်ထောင်သူဖြစ်ပါတယ်။ Telegram ဆိုတာ စာတွေကို end to end encryption လုပ်ပြီးပေးပို့တာဖြစ်သလို အသုံးပြုသူအနေနဲ့ သတင်းစကားတွေကိုလူတွေစီပိုမိုပြန့်နှံ့အောင် Channel တွေဖွင့်ထားနိုင်ပါတယ်။


မကြာသေးမှီနှစ်များအတွင်းက Durov ဟာ ပြိုင်ဘက်ကုမ္မဏီများ အထူးသဖြင့် Whatsapp ရဲ့ လုံခြုံရေးစနစ်တွေဟာ အန္တရာယ်ရှိကြောင်း လူသိရှင်ကြားဝေဖန်ခဲ့ပြီး အသုံးပြုသူရဲ့လုံခြုံရေးကိုကာကွယ်‌‌ပေးနိုင်ဖို့အတွက် Telegram ကိုတည်ထောင်ခဲ့ပါတယ်။ လက်ရှိမှာ Telegram ကိုအသုံးပြုသူပေါင်း သန်း၅၀၀ကျော်ရှိနေပါတယ်။

သူဟာ နိုင်ငံတကာအစိုးရများက ရာဇဝတ်မှုကျုးလွန်သူတွေကိုစောင့်ကြည့်‌ထောက်လှမ်းရာမှာအသုံးပြုတဲ့ အစ္စရေး အခြေစိုက်NSO ကုမ္မဏီထုတ် Pegasus spyware ရဲ့ စောင့်ကြည့်ခံရသူစာရင်းမှာပါဝင်နေတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ နိုင်ငံတကာအစိုးရတွေဟာ အဆိုပါ Spyware ကိုအသုံးပြုပြီး ရာဇဝတ်သားတွေကိုသာမက သတင်းထောက်တွေ၊ တက်ကြွလှုပ်ရှားသူတွေ၊ ဝန်ကြီးတွေ၊ နိုင်ငံအကြီးအကဲတွေကိုပါလေ့လာစောင့်ကြည့်နေကြောင်း စာရင်းတွေပေါက်ကြားလာတာဖြစ်ပါတယ်။

Durov အနေနဲ့ ဒီလိုစောင့်ကြည့်ခံရတဲ့စာရင်းထဲရှိနေတယ်ဆိုတာကို ၂၀၁၈ကတည်းကသိတယ်လို့ သူရဲ့ Telegram Channel မှာရေးသားထားပါတယ်။ အခြားရင်းမြစ်တစ်ခုကတော့ NSO အနေနဲ့ ဒိကိစ္စကိုငြင်းဆိုတယ်လို့ဆိုပါတယ်။
Source: Forbes and The Indian Express

Post a Comment

0 Comments