တရုတ်နိုင်ငံကသုတေသီတွေဟာ ကမ္ဘာ့အမြန်ဆုံး ကွမ်တမ်ကွန်ပျူတာကိုတည်ဆောက်နိုင်ခဲ့ပြီဆို ကြေညာလိုက်ပါတယ်။ ကွမ်တမ်ကွန်ပျူတာတွေရဲ့အမြန်နှုံးကို ပုံမှန်စူပါကွန်ပျူတာတွေတွက်ချက်ဖို့ ၈နှစ်ကြာတဲ့ ပုဒ်စာကို ၁နာရီကျော်နဲ့တွက်ချက်ပေးနိုင်ပါတယ်။
ZME Science အဆိုအရ Zuchongzhi quantum computer မှာ 66 Qubit ပါဝင်တယ်လို့ဆိုပါတယ်။ ကွမ်တမ်ကွန်ပျူတာတွေမှာ Qubit များလေ စွမ်းဆောင်ရည်ပိုကောင်းလေပါပဲ။ နှိုင်းယှဉ်ကြည့်မယ်ဆိုရင် Google Cycamore chip မှာ 53 Qubit နဲ့ IBM Q System One chip မှာ 20 Qubit ရှိတာကိုတွေ့ရပါတယ်။ Qubit တွေကို chip တွေထဲထည့်ဖို့ကမလွယ်ကူသလို အမှားအယွင်းမရှိပဲအလုပ်လုပ်ကပိုပြီးခက်ခဲပါတယ်။ ဒါကြောင့် Qubit 66 ခုရှိတယ်ဆိုတာ တကယ်ကိုအံ့ဩဖွယ်ဖြစ်ပါတယ်။
Quantum computer chip တွေဟာ ပကတိသုည အပူချိန် (273.15°C)နီးပါးအအေးခံထားရသလို အပူချိန်ကိုလည်းအမြဲစောင့်ကျပ်ပေးဖို့ရာလိုအပ်တဲ့အတွက် တည်ဆောက်ရတာအလွန်ခက်ခဲပါတယ်။
Source: Tom's Hardware
0 Comments