DLSS အထောက်အပံ့ရလာမည့် Red Dead Redemption 2
ဂိမ်မာတွေအတွက်သတင်းကောင်းပါပဲ နောက်အပတ်မှာ Red Dead Redemption 2 ဟာ DLSS အထောက်အပံ့ပါဝင်လာတော့မှာဖြစ်ပါတယ်။ RTX GPU ပိုင်ရှင်တွေဟာ DLSS ကြောင့် ဂိမ်းကိုပိုမိုများပြားတဲ့ fps နဲ့ ကစားနိုင်တော့မှာဖြစ်ပါတယ်။ DLSS ဟာ ဇူလိုင်လ၁၃ရက်နေ့မှာ ထွက်ရှိမယ့် Read Dead Online Blood Money update မှာ ပါဝင်လာမှာဖြစ်ပါတယ်။
Source: Techspot
သင် စားပွဲမှာ ၅မိနစ်လောက်ထိုင်လိုက်ပြီဆိုရင် ကတောင့်သက်သာရှိမှုကအရေးပါတယ်ဆိုတာကိုသတိထားမိလာမှာပါ။ သက်တောင့်သက်သာရှိမှုကိုလိုလားသူတွေအတွက် ပြီးခဲ့တဲ့နှစ်တွေမှာ Gaming Chair ပေါင်းများစွာကို manufacturer များစွာကထုတ်လုပ်ခဲ့ပါတယ်။
Quantum computer chip တွေဟာ ပကတိသုည အပူချိန် (273.15°C)နီးပါးအအေးခံထားရသလို အပူချိန်ကိုလည်းအမြဲစောင့်ကျပ်ပေးဖို့ရာလိုအပ်တဲ့အတွက် တည်ဆောက်ရတာအလွန်ခက်ခဲပါတယ်။
Source: Tom's Hardware
ဒီကတ်ဟာ Crypto အတွက် hash rate အထွက် နည်းအောင်လုပ်ထားတဲ့ LHR Model ဖြစ်ကာ model အပြည့်အစုံက RTX 3070 LHR 8GB SUPRIM SE x Godzilla ဖြစ်ပါတယ်။
အဆိုပါကတ်ကို ဂျပန်မှာသာရောင်းချဖွယ်ရှိပြီး Amazon Japan ကနေတဆင့်တော့ ဝယ်ယူလို့ရနိုင်ပါတယ်။
Source: Videocardz
The Block ဆိုတဲ့ website မှာဆိုရင် များပြားလှတဲ့ RTX 3060 ကတ်တွေကို ယွမ် ၂၂၀၀ ကနေ ယွမ် ၂၈၉၉ ($336~$450)အထိ ရောင်းချနေတာ တွေ့ရပါတယ်။ ဝယ်တဲ့ သူက ဈေးများတယ်ထင်ရင် ၁၇၆၀ယွမ် ($270) အထိဈေးချထားတယ်လို့ Block မှာတွေ့ရပါတယ်။
ဒီအပတ်မတိုင်ခင်ကဆိုရင် miner တွေဟာ mining rig တွေကနေ မဖြုတ်ရသေးတဲ့ Graphics card တွေကိုပါ ဒီအတိုင်းရောင်းချနေတာကိုတွေ့ရပြန်ပါတယ်။
Second Hand Graphics Card ဝယ်တယ်ဆိုတာ အလောင်းအစားလုပ်သလိုပါပဲ။ Mining Rig တွေထဲက Graphics Card တွေဆိုတာ ၂၄နာရီပတ်လုံး fan တွေအပြည့်လည်နေရပြီး အချို့ဆို overclock ပါလုပ်ထားကြပါသေးတယ်။ ကတ်အဟောင်းဝယ်မယ်ဆိုရင် Warranty ရှိမရှိ၊ ဘူးခွံ သို့ Display Connector တွေက capတွေလုံးဝမဖြုတ်ထားရသေးတာလားဆိုတာ စစ်ဆေးဖို့အကြံပြုပါတယ်။
Source: Vidoecardz
Setonix supercomputer ဟာ ကိုရိုနာဗိုင်းရပ်စ် ရောဂါစမ်းသပ်လေ့လာဖို့နဲ့ နောက်နှစ်မှာစတင်လည်ပတ်မယ့် Square Kilometer Array တယ်လီစကုပ်ကရရှိတဲ့ အချက်အလက်တွေကိုတွက်ချက်ဖို့အသုံးပြုမှာဖြစ်ပါတယ်။
Source: Tom's Hardware and Hot Hardware
Source: Techspot
BMW နဲ့ Rivalworks ရဲ့ AI Gaming Chair
အခုဆိုရင် BMW နဲ့ Rivalworks ပူးပေါင်းကာ AI Gaming Chair ကိုပြသလိုက်ပြီး အပူဒဏ်သက်သာစေမယ့် ပန်ကာတွေပါထည့်သွင်းတည်ဆောက်ထားသလို အပူချိန်ကိုအလိုအလျောက်တုန့်ပြန်မယ့် စနစ်တွေတပ်ဆင်ထားတယ်လို့ဆိုပါတယ်။
Source: OC3D
Source: OC3D
ကမ္ဘာ့အမြန်ဆုံး ကွန်တမ်ကွန်ပျူတာဖြစ်ကြောင်း တရုတ်ပညာရှင်များဆို
တရုတ်နိုင်ငံကသုတေသီတွေဟာ ကမ္ဘာ့အမြန်ဆုံး ကွန်တမ်ကွန်ပျူတာကိုတည်ဆောက်နိုင်ခဲ့ပြီဆို ကြေညာလိုက်ပါတယ်။ ကွမ်တမ်ကွန်ပျူတာတွေရဲ့အမြန်နှုံးကို ပုံမှန်စူပါကွန်ပျူတာတွေတွက်ချက်ဖို့ ၈နှစ်ကြာတဲ့ ပုဒ်စာကို ၁နာရီကျော်နဲ့တွက်ချက်ပေးနိုင်ပါတယ်။ZME Science အဆိုအရ Zuchongzhi quantum computer မှာ 66 Qubit ပါဝင်တယ်လို့ဆိုပါတယ်။ ကွမ်တမ်ကွန်ပျူတာတွေမှာ Qubit များလေ စွမ်းဆောင်ရည်ပိုကောင်းလေပါပဲ။ နှိုင်းယှဉ်ကြည့်မယ်ဆိုရင် Google Cycamore chip မှာ 53 Qubit နဲ့ IBM Q System One chip မှာ 20 Qubit ရှိတာကိုတွေ့ရပါတယ်။ Qubit တွေကို chip တွေထဲထည့်ဖို့ကမလွယ်ကူသလို အမှားအယွင်းမရှိပဲအလုပ်လုပ်ကပိုပြီးခက်ခဲပါတယ်။ ဒါကြောင့် Qubit 66 ခုရှိတယ်ဆိုတာ တကယ်ကိုအံ့ဩဖွယ်ဖြစ်ပါတယ်။
Quantum computer chip တွေဟာ ပကတိသုည အပူချိန် (273.15°C)နီးပါးအအေးခံထားရသလို အပူချိန်ကိုလည်းအမြဲစောင့်ကျပ်ပေးဖို့ရာလိုအပ်တဲ့အတွက် တည်ဆောက်ရတာအလွန်ခက်ခဲပါတယ်။
Source: Tom's Hardware
Godzilla တံဆိပ်နဲ့ MSI RTX 3070 Graphics Card
MSI ဟာ ဂေါ်ဇီလာကိုပိုင်ဆိုင်တဲ့ Toho Co., Ltd နဲ့ပူပေါင်းပြီး သူတို့ရဲ့ RTX 3070 Graphics card ကို ဂေါ်ဇီလာပုံအသုံးပြုပြီးထုတ်လုပ်သွားမှာဖြစ်ပါတယ်။ဒီကတ်ဟာ Crypto အတွက် hash rate အထွက် နည်းအောင်လုပ်ထားတဲ့ LHR Model ဖြစ်ကာ model အပြည့်အစုံက RTX 3070 LHR 8GB SUPRIM SE x Godzilla ဖြစ်ပါတယ်။
အဆိုပါကတ်ကို ဂျပန်မှာသာရောင်းချဖွယ်ရှိပြီး Amazon Japan ကနေတဆင့်တော့ ဝယ်ယူလို့ရနိုင်ပါတယ်။
Source: Videocardz
Second Hand Graphics Card များ တရုတ်ဈေးကွက်အတွင်းသို့ အများအပြားဝင်ရောက်လာ
ဂိမ်မာတွေအတွက်ကတော့ Graphics Card တွေကို အသစ်မဟုတ်တောင်မှ သင့်တင့်တဲ့ဈေးနဲ့ရနိုင်ဖို့မျှော်မှန်းနေကြမှာ အသေအချာပါပဲ။ ပြီးခဲ့တဲ့လက တရုတ်နိုင်ငံမှာ အာဏာပိုင်တွေက Bitcoin အပေါ် ပိတ်ပင်နှိမ်နင်းခဲ့ဝာာကြောင့် စီချွမ်ဒေသတဝိုက် Mining Farm တွေဟာ သူတို့ရဲ့ ပစ္စည်းတွေကိုရွေ့ပြောင်းဖို့ ဒါမှမဟုတ် ရောင်းချဖို့ဖိအားပေးခြင်းခံရပါတယ်။The Block ဆိုတဲ့ website မှာဆိုရင် များပြားလှတဲ့ RTX 3060 ကတ်တွေကို ယွမ် ၂၂၀၀ ကနေ ယွမ် ၂၈၉၉ ($336~$450)အထိ ရောင်းချနေတာ တွေ့ရပါတယ်။ ဝယ်တဲ့ သူက ဈေးများတယ်ထင်ရင် ၁၇၆၀ယွမ် ($270) အထိဈေးချထားတယ်လို့ Block မှာတွေ့ရပါတယ်။
ဒီအပတ်မတိုင်ခင်ကဆိုရင် miner တွေဟာ mining rig တွေကနေ မဖြုတ်ရသေးတဲ့ Graphics card တွေကိုပါ ဒီအတိုင်းရောင်းချနေတာကိုတွေ့ရပြန်ပါတယ်။
Second Hand Graphics Card ဝယ်တယ်ဆိုတာ အလောင်းအစားလုပ်သလိုပါပဲ။ Mining Rig တွေထဲက Graphics Card တွေဆိုတာ ၂၄နာရီပတ်လုံး fan တွေအပြည့်လည်နေရပြီး အချို့ဆို overclock ပါလုပ်ထားကြပါသေးတယ်။ ကတ်အဟောင်းဝယ်မယ်ဆိုရင် Warranty ရှိမရှိ၊ ဘူးခွံ သို့ Display Connector တွေက capတွေလုံးဝမဖြုတ်ထားရသေးတာလားဆိုတာ စစ်ဆေးဖို့အကြံပြုပါတယ်။
Source: Vidoecardz
128GB Memory ပါဝင်လာတဲ့ AMD Instinct MI200 GPU
AMD ရဲ့ မျိုးဆက်သစ် MI GPU တွေမှာ ယခင်ထက်ပိုမိုများပြားလှတဲ့ Memory တွေပါဝင်လာပါတယ်။ ဒီအကြောင်းကို ISC 2021 virtual ပွဲမှာပြသခဲ့ပါတယ်။ အဆိုပါပွဲမှာ Pawsey Supercomputing Center ရဲ့ CTO ဖြစ်သူ Ugo Varetto က သူတို့ရဲ့ 50-petaFLOP ရှိမယ့် Setonix supercomputer အကြောင်းပြောပြရင်းသိရတာဖြစ်ပါတယ်။ အဆိုပါစူပါကွန်ပျူတာမှာ AMD Hardwareတွေနဲ့တည်ဆောက်ထားမှာဖြစ်ပါတယ်။AMD အနေနဲ့ MI200 ကိုမကြေညာရသေးပေမယ့် Varettoအဆိုအရ Setonix မှာ EYPC 7003 Milan CPU Cores ပေါင်း ၂သိန်းကျော်နဲ့ မျိုးဆက်သစ် MI GPU ၇၅၀ကျော်တပ်ဆင်ထားမှာဖြစ်ပါတယ်။ Linux Driver တွေအရ MI200 မှာ 128GB HBM2E Memory ပါဝင်မှာဖြစ်ကာ ယခင် M100ထက် memory ၄ဆပိုမိုလာတာပဲဖြစ်ပါတယ်။
Source: Tom's Hardware and Hot Hardware
0 Comments