Subscribe Us

header ads

Intel မှ 10nm wafer များကို 14nm wafer များထက်ပိုမိုထုတ်လုပ်နိုင်ပြီ

Intel ရဲ့ 10nm နည်းပညာဟာ အတိတ်ကာလမှာ ပြဿနာပေါင်းစုံကြုံတွေ့ခဲ့ရပါတယ်။ 10nm chip တွေကို စရောင်းတာ ၄နှစ်ကျော်လာခဲ့ပေမယ့် mainstream desktop တွေအတွက် 10nm CPU တွေကိုမတွေ့ရသေးပါဘူး။

Q&A

အခုဆိုရင် Intel ဟာ 10nm ဘက်ကိုကောင်းစွာအာရုံစိုက်နိုင်လာခဲ့ပြီး 10nm wafer များကို 14nm များထက်ပိုမိုထုတ်လုပ်နိုင်ပြီလို့ဆိုလာပါတယ်။ ဒါဟာ အသစ်ထွက်လာမယ့် CPU အများစုမှာ 10nm node တွေကို အဓိကထားသုံးလာမယ်လို့ အရိပ်အရောင်ပြလိုက်တာပဲဖြစ်ပါတယ်။ ဒါ့အပြင် Intel ရဲ့ CEO ဖြစ်သူ Pat Gelsinger က 10nm node တွေထုတ်လုပ်မှုစားရိတ်ဟာ ယခင်နှစ်ထက် ၄၅ရာခိုင်နှုန်းပိုမိုသက်သာလာပြီး ယခင်ထက်စားရိတ်နည်းပါးစွာနဲ့ထုတ်လာနိုင်ပြီလို့ပြောကြားခဲ့ပါတယ်။




Intel ဟာ လက်ရှိမှာ ကုမ္ပဏီရဲ့ပထမဆုံး 10nm CPU ဖြစ်တဲ့ 12th Gen Alder Lake မျိုးဆက် CPU Laptop နဲ့ Desktop ဈေးကွက်၂မျိုးစလုံးမှာ ဖြန့်ချီဖို့ပြင်ဆင်နေပါတယ်။ Alder Lake CPUတွေဟာ ဒီနှစ်နှောင်းပိုင်းမှာထွက်ရှိလာမှာဖြစ်ပြီး hybrid x86 architecture နဲ့အတူ ကြေနပ်လောက်စရာ single နဲ့ multi thread စွမ်းဆောင်ရည်တွေရှိနေမှာပါ။

Intel ဟာ chip တွေထုတ်တဲ့ Foundries တွေအကြောင်းကို ၂၆ရက်နေ့မှာကျင်းပမယ့် Intel Accelerated ပွဲမှာ ဆွေးနွေးမှာဖြစ်ပြီး ရှေ့ဆက်သွားမည့်မူဝါဒလမ်းစဉ်တွေနဲ့ IDM 2.0 ဗျူဟာအကြောင်းကိုလည်းဆွေးနွေးသွားမှာပါ။

အတိုချုပ်ပြောရရင်တော့ Intel ဟာ TSMC၊ Samsung နဲ့ Globalfoundries တို့လို third party foundries တွေမှာ chip တွေထုတ်လုပ်စေမှာဖြစ်ပါတယ်။ လာမယ့် ၂၆ရက်နေ့မှာ Intel ဟာ ပြိုင်ဆိုင်မှုပြင်းထန်တဲ့ဈေးကွက်အတွင်းအောင်မြင်မှုရဖို့ သက်သေပြရမှာဖြစ်ပြီး ကုမ္မဏီရဲ့အနာဂတ်ဟာလဲ ဒီကိစ္စအပေါ်မှာတည်မှီနေပါတယ်။

Source: OC3D

Post a Comment

0 Comments