Subscribe Us

header ads

Second Hand Graphics Card များ တရုတ်ဈေးကွက်အတွင်းသို့ အများအပြားဝင်ရောက်လာ

ဂိမ်မာတွေအတွက်ကတော့ Graphics Card တွေကို အသစ်မဟုတ်တောင်မှ သင့်တင့်တဲ့ဈေးနဲ့ရနိုင်ဖို့မျှော်မှန်းနေကြမှာ အသေအချာပါပဲ။ ပြီးခဲ့တဲ့လက တရုတ်နိုင်ငံမှာ အာဏာပိုင်တွေက Bitcoin အပေါ် ပိတ်ပင်နှိမ်နင်းခဲ့ဝာာကြောင့် စီချွမ်ဒေသတဝိုက် Mining Farm တွေဟာ ‌သူတို့ရဲ့ ပစ္စည်းတွေကိုရွေ့ပြောင်းဖို့ ဒါမှမဟုတ် ရောင်းချဖို့ဖိအားပေးခြင်းခံရပါတယ်။




The Block ဆိုတဲ့ website မှာဆိုရင် များပြားလှတဲ့ RTX 3060 ကတ်တွေကို ယွမ် ၂၂၀၀ ကနေ ယွမ် ၂၈၉၉ ($336~$450)အထိ ရောင်းချနေတာ တွေ့ရပါတယ်။ ဝယ်တဲ့ သူက ဈေးများတယ်ထင်ရင် ၁၇၆၀ယွမ် ($270) အထိဈေးချထားတယ်လို့ Block မှာတွေ့ရပါတယ်။



ဒီအပတ်မတိုင်ခင်ကဆိုရင် miner တွေဟာ mining rig တွေကနေ မဖြုတ်ရသေးတဲ့ Graphics card တွေကိုပါ ဒီအတိုင်းရောင်းချနေတာကိုတွေ့ရပြန်ပါတယ်။

Second Hand Graphics Card ဝယ်တယ်ဆိုတာ အလောင်းအစားလုပ်သလိုပါပဲ။ Mining Rig တွေထဲက Graphics Card တွေဆိုတာ ၂၄နာရီပတ်လုံး fan တွေအပြည့်လည်နေရပြီး အချို့ဆို overclock ပါလုပ်ထားကြပါသေးတယ်။ ကတ်အဟောင်းဝယ်မယ်ဆိုရင် Warranty ရှိမရှိ၊ ဘူးခွံ သို့ Display Connector တွေက capတွေလုံးဝမဖြုတ်ထားရသေးတာလားဆိုတာ စစ်ဆေးဖို့အကြံပြုပါတယ်။

Source: Vidoecardz

Post a Comment

0 Comments