တစ်ပတ်အတွင်း နည်းပညာသတင်းတိုတွေကိုစုစည်းတင်ပြပေးလိုက်ပါတယ်။
Valve မှ Handheld PC ဖြစ်သည့် Steam Deck ကိုကြေညာ
ဒီနှစ်အစောပိုင်းမှာ Valve ကနေ console တစ်ခုကို ဖန်တီးနေတယ်လို့ ကောလာဟာလတွေထွက်ရှိခဲ့ပေမယ့် chip တွေပြတ်လပ်နေတာကြောင့် သိပ်အရေးမစိုက်မိခဲ့ပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ်ပါ Valve ကနေ Handheld PC ဖြစ်တဲ့ Steam Deck ကိုကြေညာခဲ့ပါပြီ။ Steam Deck Specifications
CPU: AMD Zen 2 4c/8t, 2.4-3.5GHz (up to 448 GFlops FP32)
GPU: 8 RDNA 2 CUs, 1.0-1.6GHz (up to 1.6 TFlops FP32)
Node: 7nm TSMC
RAM: 16 GB LPDDR5
Storage: 64GB, 256GB, 512GB models; expandable with MicroSD cards
Display: 7" diagonal, 1280x800 (16:10), 60Hz LCD touchscreen
Audio: Stereo speakers that "pack a punch," says Valve, 3.5mm stereo jack, dual mics, multichannel USB-C/Bluetooth output
Controls: Two analog sticks with capacitive touch, D-pad, face buttons, analog triggers, bumpers, assignable grip buttons, "view" and "menu" buttons, gyro
Trackpads: There's two of them, and Valve says that they have "55% better latency compared to Steam Controller."
Wireless connectivity: Wi-Fi and Bluetooth
Wired connectivity: USB-C with DisplayPort 1.4 Alt-mode support; up to 8K @60Hz or 4K @120Hz, USB 3.2 Gen 2
Battery: 40Whr, "2-8 hours of gameplay"
Size: 11.7" x 4.6" x 1.8" (298mm x 117mm x 49mm)
Weight: Approximately 1.47 lbs (669 grams)
Steam Deck မှာ low power CPU တွေထဲအားအကောင်းဆုံးဖြစ်တဲ့ AMD ရဲ့ 4 Cores 8 Threads custom CPU တပ်ဆင်ထားပြီး 3.4GHz အထိတွန်းတင်ပေးနိုင်ကာ RDNA 2 CU ပါတပါတည်းပါဝင်ပါတယ်။ Memory ပိုင်းအတွက် 16GB ရှိတဲ့ LPDDR5 ကိုသုံးထားပါတယ်။
OS ကတော့ အခြားသော Handheld PC တွေဖြစ်တဲ့ GPDWin, Smach Z နဲ့ Alienware UFO တို့လို Windows OS မသုံးထားပဲ ယခင်မအောင်မြင်ခဲ့တဲ့ Steam Machine တုန်းက သုံးဖူးတဲ့ Linux အခြေခံ Steam OS ကို ပြန်လည်အဆင့်မြှင့်ကာ အသုံးပြုထားပါတယ်။ သူ့မှာ Proton ဆိုတဲ့ layer ပါပြီး PC မှာလို ဂိမ်းတွေကောင်းကောင်းကစားနိုင်အောင်ဖန်တီးထားတယ်လို့ဆိုပါတယ်။ ဒါပေမယ့် PC Gamer အဆိုအရ Destiny 2, Apex Legends, PUBG နဲ့ Rainbow Six တို့ကိုမကစားနိုင်ပါဘူး။ ဒီလိုမကစားနိုင်တာကလဲ ဂိမ်းတွေရဲ့ anti-cheat စနစ်ဟာ ဂိမ်းဖွင့်လိုက်တဲ့အခါ တပါတည်းမတက်လာနိုင်တာကြောင့် multiplayer servers တွေထဲဝင်လို့မရတာလို့ဆိုပါတယ်။ Valve အနေနဲ့ကတော့ ဂိမ်းတွေပိုကစားလာနိုင်အောင် လုပ်ဆောင်နေတယ်လို့ဆိုပါတယ်။
နောက်ဆုံးသိရှိရသလောက် Gabe Newell ဟာ Steam Deck ကို ယခင် Steam Machine တုန်းကလို အခြား Manufacturer တွေကနေပါထုတ်ဝေစေလိုတယ်လို့ IGN ရဲ့သတင်းအရသိရပါတယ်။
Source: Hot Hardware, OC3D, IGN, PC Gamer and Valve
Company of Heroes 3 ထွက်ရှိလာမည်
Relic Entertainment ဟာ Company of Heroes 3 ကိုကြေညာခဲ့ပါတယ်။ Company of Heroes ဂိမ်းစီးရီးဟာ နာမည်ကျော်ကြားလှတဲ့ RTS ဂိမ်းအမျိုးအစားဖြစ်ပြီး ယခုအသစ်ကြေညာတဲ့ဂိမ်းဟာ စီးရီးရဲ့၃ခုမြောက်ဖြစ်ပါတယ်။Company of Heroes 3 ဟာ ၂၀၂၂လောက်မှသာထွက်ရှိလာမယ်လို့သိထားရပြီး ဂိမ်းရဲ့ Demo ကိုတော့ Steam မှာ ကစားခွင့်ပြုထားပြီဖြစ်ပါတယ်။
Source: Steam
Red Dead Redemption 2 ရဲ့ DLSS စွမ်းဆောင်ရည်ဘယ်လောက်ရှိမလဲ
Red Dead Redemption 2 မှာ DLSS အထောက်အပံ့ပါလာပါပြီ FPS ဘယ်လိုတိုးတက်လာလဲဆိုတာ Benchmark လေးကိုတစ်ချက်ကြည့်လိုက်ပါ။တကျော့ပြန်လည်ပေါ်ထွက်လာမည့် World War 3
World War 3 ဟာ Battlefield ဂိမ်းနဲ့ဆင်တူတဲ့ Indie shooter ဂိမ်းဖြစ်ပါတယ်။ ဒီဂိမ်းကို Chernobylite ကိုဖန်တီးတဲ့ The Farm 51က ရေးဆွဲထားပါတယ်။ သို့ပင်သော်ငြား World War 3 ဂိမ်းဟာ Early Access အနေနဲ့ပေါ်ထွက်လာခဲ့ပေမယ့် ပြဿနာပေါင်းများစွာရှိခဲ့လိုအောင်မြင်မှုမရခဲ့ပဲ ဂိမ်းကိုရပ်နားထားရပါတယ်။Source: vg247
Richard Branson ကို အာကာသထဲပို့ဆောင်ပေးနိုင်ခဲ့တဲ့ Virgin Galactic
ဗြိတိန်စွန့်ဦးတီထွင်သူ Richard Branson ဟာ သူရဲ့ Virgin Galactic ကုမ္မဏီကတည်ဆောက်ထားတဲ့ Space Ship Two အာကာယာဉ်ကိုစီးနင်းကာ အာကာသအစပ်ကို ရောက်ရှိနိုင်ခဲ့ကာ ပုဂ္ဂလိကအာကာသခရီးသွားလုပ်ငန်းကို အစပျိုးနိုင်ခဲ့ပြီဖြစ်ပါတယ်။Source: The Guardian
ပြိုင်ဘက်များကို အသာစီးရရန် Netflix မှ ဂိမ်းနယ်ပယ်သို့ဝင်ရောက်လာမည်
တီဗီရှိုးတွေနဲ့ရုပ်ရှင်တွေကို Streaming လုပ်ရင်းနဲ့ အောင်မြင်မှုတွေရယူလာတဲ့ Netflix ဟာ ဂိမ်းနယ်ပယ်ကိုခြေဆန့်နိုင်ဖို့ EA နဲ့ Facebook က အရာရှိဟောင်းတစ်ဦးဖြစ်တဲ့ Mike Verdu ကိုငှားရမ်းလိုက်တယ်လို့သိရပါတယ်။Verdu ဟာ Netflix game development ရဲ့ vice president ဖြစ်လာမှာဖြစ်ပြီး COO Greg Peter ကို အစီရင်ခံရမှာပါ။ သူ့အနေနဲ့ Facebook မှာရှိစဉ်ကာလက Oculus VR အတွက် ဂိမ်းတွေ အခြား content တွေထည့်သွင်းဖို့ရာ developer တွေကိုဦးဆောင်ပေးခဲ့တယ်လို့ဆိုပါတယ်။
နောက်နှစ်မှာ Netflix ပေါ်ဂိမ်းတွေရောက်လာမှာဖြစ်ပြီး ဂိမ်းတွေကြောင့် Subscription ဈေးတင်မှာမဟုတ်သေးကြောင်းသိရပါတယ်။
Source: Bloomberg
Battlefield 2042 တွင် cross play ကစားနိုင်မည်
အသစ်ထွက်လာမည့် Battlefield ဂိမ်း Battlefield 2042 မှာ Cross Play ပါဝင်လာမယ်လို့သိရပါတယ်။ သို့ပင်သော်ငြား ယခင်မျိုးဆက်ဟောင်းဂိမ်းစက်တွေရဲ့ စက်မှုပိုင်းဆိုင်ရာအကန့်အသက်ကြောင့် PS4 နဲ့ Xbox One console အခြင်းခြင်းသာ cross play ကစားနိုင်မှာဖြစ်ပါတယ်။ PC PS5 နဲ့ Xbox Series X/S တို့မှာတော့ အခြင်းခြင်း Cross Play ကစားနိုင်ပါတယ်။Source: Eurogamer
Epic Games မှာ Obduction နဲ့ Offworld Trading Company ကိုရယူပါ
ဒီအပတ်အတွက် Epic Games မှာ Obduction ဆိုတဲ့ Indie Puzzle Adventure ဂိမ်းလေးနဲ့ RTS ဂိမ်းတစ်ခုဖြစ်တဲ့ Offworld Trading Company ကို အခမဲ့ပေးနေပြီး ဇူလိုင်လ၂၂ရက်နေ့အထိရယူနိုင်ပါတယ်။
နောက်အပတ်မှာတော့ ပထမကမ္ဘာစစ်အခြေခံ FPS ဂိမ်းထဲက Verdun ဂိမ်းနဲ့ Defense Grid: The Awakening ကိုရယူခွင့်ပေးသွားမှာပါ။
0 Comments