Subscribe Us

header ads

စွမ်းဆောင်ရည်မြင့် GPU များကို ARC ဟုခေါ်ဆိုမည်ဟု Intel ဆို

 


ကွန်ပျူတာgraphics လောကမှာ Nvidiaရဲ့ GeForce AMD ရဲ့ Radeon တို့ကို အတော်များများသိကြမှာပါ။
ဟိုးယခင်က 3dfx(Nvidia မှဝယ်ယူ) တို့ Matrox တို့ရှိခဲ့ပေမယ့်လည်း လက်ရှိဒီလောကထဲမှာ AMD နဲ့ Nvidia ဟာ ၂ကောင်တည်းပြေးတဲ့မြင်းဖြစ်နေပါတယ်။ ဒီနယ်ပယ်ကိုဝင်လာဖို့ကြိုးစားတဲ့သူကတော့ Intel ဖြစ်ပြီး AMD Radeon ရဲ့ အကြီးအကဲ Raja Koduri ကိုခေါ်ယူမှုကအစပြုလို့ သူရဲ့ Graphics ပိုင်းကိုစိတ်ဝင်စားမှုမြင့်မားလာတာကိုတွေ့မြင်ရပါတယ်။ အဲဒီနောက်မှာ Intel ရဲ့ Xe Graphics ပေါ်ပေါက်လာခဲ့ပြီး သူ့ရဲ့ Xe HPG architecture ကိုအခြေခံထားတဲ့ DG2 အကြောင်းကိုလည်း ယခင်ကတင်ပြခဲ့ပြီးဖြစ်ပါတယ်။

Image: Videocardz

Intel ဟာ ၂၀၂၂ခုနှစ်မှာ ပထမဆုံး Alchemist Architecture ကိုအခြေခံထားတဲ့ Arc GPU တွေကိုထုတ်လုပ်သွားမှာဖြစ်ပါတယ်။ Alchemist Architecture ဆိုတာ ယခင် DG2 ကိုဆိုလိုတာပါ။ Intel ရဲ့ Roadmap အရ Alchemist အလွန်မှာ Battlemage၊ Celestial နဲ့ Druid architecture တွေရှိလာပါလိမ့်မယ်။


Intel ရဲ့ Alchemist architecture ခေတ်ပေါ် features တွေဖြစ်တဲ့ Mesh Shading, Variable Rate Shading, Real Time Ray Tracing, AI Super Sampling တွေပါဝင်မှာဖြစ်ကာ Microsoftရဲ့ Direct X12 Ultimate နဲ့ ကိုက်ညီမှုရှိမှာဖြစ်ကာ AMD နဲ့ Nvidia ကိုကောင်းစွာယှဉ်ပြိုင်နိုင်မယ်လို့ယူဆရပါတယ်။ အသေးစိတ်ကို Computex 2022 မှာ ပြသမယ်လို့ထင်ရပါတယ်။



Arc ကိုကြေညာသွားတဲ့အချိန်မှာ Intel ဟာ AI Accelerated Super Sampling နည်းပညာကိုပါပြသခဲ့ပြီး Nvidiaရဲ့ DLSS ကိုယှဉ်ပြိုင်မှာပါ။ ဘယ်ဟာပိုကောင်းမလဲဆိုတာကတော့ အချိန်ကသာအဆုံးအဖြတ်ပေးမှာဖြစ်ပါတယ်။


Intel ရဲ့ Arc Desktop နဲ့ Mobile GPU တွေဟာ ၂၀၂၂ခုနှစ် ပထမ၆လပတ်လောက်မှာ ထွက်ရှိလာမယ်လို့သိရပြီး ဂိမ်းမာတွေအတွက်အင်မတန်ထူးခြားတဲ့နှစ်ဖြစ်လာမှာပါ ပိုမိုရွေးချယ်စရာလဲရှိလာမှာပါ။

Post a Comment

0 Comments