Subscribe Us

header ads

ပေါက်ကြားချက်များအရ AM5 Socket တွင် AM4 Cooler များဆက်လက်အသုံးပြုနိုင်

 




မျိုးဆက်သစ် Ryzen Desktop CPU နဲ့ APU တွေမှာ LGA 1718 ကိုအသုံးပြုမယ့် AMD AM5 Socket အကြောင်းပေါက်ကြားလာခဲ့ပါတယ်။




ပေါက်ကြားလာတဲ့ ဒီဇိုင်းအရ AM5 မှာ PGA ကနေ LGA လိုဒီဇိုင်းဘက်မှာ ကြီးကြီးမားမားပြောင်းလဲသွားပေမယ့် AM4 heatsink တွေ cooler တွေနဲ့ဆက်လက်အသုံးပြုလို့ရဦးမှာပါ။ ဘာလို့လဲဆိုတော့ bracket တွေနဲ့ တပ်ဆင်ရမယ့် အပေါက်တွေက နေရာတူတူမှာပဲရှိလို့ပါ။

AM5 Socket Layout နှင့် TDP

TDP အနေနဲ့ AM5 မှာ ၆မျိုးခွဲခြားထားပါတယ်။ 45W 65W 95W 105W 120W နဲ့ 170W အထိရှိနေတာတွေ့ရပါတယ်။ 170W ဆိုတာက overclock လုပ်ဖို့အတွက်သာဖြစ်ဖွယ်ရှိပြီး 280mm radiator သို့ ဒီထက်ပိုကောင်းတာလိုအပ်ပါတယ်။ 120W ကိုတော့ mid size air-cooler လိုအပ်တယ်လို့ဆိုပါတယ်။




Kopite7kimi အဆိုအရ AM5 မှာ IO Die ပုံစံ၂မျိုးနဲ့လာမှာလို့ဆိုပါတယ်။ platform specific IO dies (PCH)လား Ryzen Specific IO Dies (IOD) လား မသိရသေးပါဘူး။ ကျနော်တို့သိထားတာက Raphael က CPU ဖြစ်လို့ chiplet design ကိုသုံးမှာဖြစ်ပြီး Rembrandt APU ကတော့ monolithic design ကိုသာသုံးဖွယ်ရှိပါတယ်။


မျိုးဆက်သစ် Zen 4 CPU တွေကို AMD က Raphael လို့နာမည်ပေးထားပါတယ်။ Raphael ကို chiplet design နဲ့ထုတ်မှာဖြစ်ပြီး 5nm Zen 4 Core Architecture နဲ့ 6nm I/O Dies ပါဝင်မယ်လို့သိထားရပါတယ်။ Core အရေအတွက်ဟာလည်း လက်ရှိ 16 Cores 32 Threads ထက်ပိုလာနိုင်ပါတယ်။ IPC အနေနဲ့ Zen 3 ထက် ၂၅% ပိုများလာသလို Clock Speed က 5GHz ဝန်းကျင်ရှိမယ်လို့ ကောလဟာလထွက်နေပါတယ်။

Zen 4 တွေဟာ Intel ရဲ့ 13th Gen Raptor Lake Desktop CPU တွေနဲ့ယှဉ်ပြိုင်မှာဖြစ်ပါတယ်။

Source: wccftech and OC3D

Post a Comment

0 Comments