Subscribe Us

header ads

RGB Lighting ကို Software တစ်မျိုးတည်းမှ ထိန်းချုပ်‌နိုင်သည့် Signal RGB


Image: Whirlwindfx

ဒီ‌နေ့ခေတ်ကျနော်တို့ PC တွေဆင်ကြတဲ့အချိန်မှာ အလှအပပိုင်းဟာ အရေးပါလာပါတယ်။ Casing တွေဟာ အတွင်းဘက်ကိုအတိုင်းသားမြင်ရတဲ့ Temperglass တွေဖြစ်လာသလို ကွန်ပျူတာအစိတ်အပိုင်း အများစုမှာလည်း RGB Lighting တွေပါလာပါတယ်။ RGB Lighting တွေပါလာတာဟာ ကွန်ပျူတာကိုပိုမိုလှပလာစေပေမယ့် ပြဿနာတစ်ခုလည်းတွဲပါလာပါတယ် ဘာလဲဆိုတော့ RGB Software တွေပါ။ ဒီ RGB software တွေဟာ ထုတ်လုပ်တဲ့ကုမ္ပဏီအလိုက် ecosystem အလိုက်သာ သုံးလို့ရပြီး သူတို့ရဲ့ပစ္စည်း ဒါမှမဟုတ် သူတို့နဲ့မိတ်ဖက်တွေရဲ့ ပစ္စည်းတွေလောက်သာ အထောက်အပံ့ပေးကြတာပါ။ ဆိုလိုတာက Asus Aura Sync ဟာ Gskill Memory ရဲ့ RGB ကိုထိန်းချုပ်နိုင်ပေမယ့် MSI Graphics Card ရဲ့ RGB ကို‌‌တော့ထိန်းချုပ်မပေးနိုင်ပါဘူး။

ဒီလိုပြဿနာကို WhirlwindFX က ဖြေရှင်းလိုပြီး Signal RGB ဆိုတဲ့ Software ကိုဖန်တီးလိုက်ပါတယ်။ WhirlwindFX ဆိုတာ အမေရိကန်ပြည်‌ထောင်စုကယ်လီဖိုးနီးယားပြည်နယ်အခြေစိုက် ကုမ္မဏီ‌လေးတစ်ခုဖြစ်ပါတယ်။ WhirlwindFX ဟာ Mechanical Keyboard တွေဖြစ်တဲ့ Element V2 နဲ့ ATOM အပြင် ကမ္ဘာ့ပထမဦးဆုံး ဂိမ်းကစားမှုအပေါ်မူတည်ပြီး လေပူလေအေးတွေထုတ်ပေးနိုင်တဲ့ Vortx desk fan ကိုထုတ်လုပ်ထားပါတယ်။

Signal RGB လိုအခြား third party RGB Software တွေဖြစ်တဲ့ JackNet RGB တို့ Open RGB တို့ရှိပေမယ့် သူတို့ကိုသုံးကြည့်ရသလောက်က Signal RGB လိုအဆင်မပြေလှပါဘူး။



Signal RGB software ဟာ အခြား third party RGB software တွေထက်ရှင်းလင်းလွယ်ကူပေမယ့်ကို ဒီတိုင်းတော့သုံးမရပဲ အကောင့်ဖွင့်ပြီးမှသုံးလို့ရပါတယ်။ သူ့ကိုစမ်းသပ်သုံးကြည့်တဲ့အခါ Signal RGB ဟာ လက်ရှိမှာ Device အကုန်လုံးကိုမသိနိုင်ပေမယ့် ကျနော့်စက်မှာဆို Gskill Memory, Logitech G512 Keyboard, ROG Strix Flare keyboard, Corsair M65 Elite Mouse နဲ့ MSI Graphics Card ရဲ့ RGB တွေကိုကိုင်တွယ်နိုင်တာကိုတွေ့ရပါတယ်။


ဘယ်device တွေကိုအထောက်အပံ့ပေးလဲသိချင်ရင် အောက်ကလင့်မှာကြည့်နိုင်ပါတယ်။
https://www.whirlwindfx.com/pages/supported-devices

သူ့မှာ Lighting Effect presets တွေအများကြီးပါဝင်သလို ပေးထားတဲ့ presetsက အရောင်တွေကိုပါ စိတ်ကြိုက်ပြန်ချိန်လို့ရပါတယ်။ သီချင်းအလိုက် RGB တွေကခုန်မယ့် Music Visualization အတွက် Audio Spectrum ဆိုတဲ့ preset တစ်ခုပါဝင်ပါတယ်။

Layouts ပိုင်းမှာဆိုရင် ကိုယ့်ရဲ့ device တွေ ဘယ်လိုပုံစံနဲ့နေရာချထားမှာလဲဆိုတာကြည့်လို့ရပါမယ်။ ကိုယ့်ဘာသာ lightscript တွေကိုဖန်တီးပြီးတော့လည်း ထည့်သွင်းနိုင်တာကိုလည်းတွေ့ရပါတယ်။

Signal RGB ကို အောက် Download မှာရယူနိုင်ပါတယ်။

Download 

Signal RGB Pro



Signal RGB ကို ဒီထက်ပိုမိုက်တဲ့ effect တွေနဲ့သုံးချင်တယ်ဆိုရင်တော့ Signal RGB Proကို လစဉ် $4.99 သို့ နှစ်စဉ် $35.88 ပေးသွင်းကာသုံးနိုင်ပါတယ်။ Pro versionမှာတော့ in-game lighting effect တွေနဲ့ Screen Ambience effectတွေပါဝင်ပြီး နောက်ပိုင်းမှာ Macro တွေပါထည့်သွင်းလာမယ်လို့သိရပြီး Pro အတွက်လား Free ရောရမှာလားဆိုတာမသိရသေးပါဘူး။


Signal RGB Pro ရဲ့ in-game lighting effect တွေကို လက်ရှိမှာ ဂိမ်းပေါင်း ၈၀နဲ့အထက်ထောက်ပံ့ပေးထားပြီး နာမည်ကြီးဂိမ်းတွေအတော်များများပါပါတယ်။ အပတ်စဥ်တိုင်း ဂိမ်းတွေအတွက် in-game lighting effect အသစ်တွေကိုထည့်သွင်းပေးနေတယ်လို့ဆိုပါတယ်။

အကယ်၍ ကိုယ်က WhirlwindFX ရဲ့ Device တစ်ခုခု (ဥပမာ WhirlwindFX ATOM keyboard )ကိုဝယ်ယူအသုံးပြုသုံးမယ်ဆိုရင် ကိုယ်သုံးတဲ့ keyboard တစ်ခုတည်းသာ Signal RGB Pro ကို အလိုအလျောက်ရရှိမှာဖြစ်ပြီး ကျန်တဲ့ကိုယ့်ရဲ့ အခြား device တွေမှာတော့ Signal RGB နဲ့သာ အလုပ်လုပ်မှာဖြစ်ပါတယ်။

#EnThueTech
#TechTips

Post a Comment

0 Comments