Subscribe Us

header ads

မားသားဘုတ်ထုတ်လုပ်သူများမှ Windows 11 အတွက် BIOS အသစ်များဖြန့်ချီ



ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း မားသားဘုတ်ထုတ်လုပ်တဲ့ကုမ္ပဏီတွေဟာ Windows 11 အတွက် BIOS အသစ်များဖြန့်ချီပေးခဲ့ပါတယ်။ Windows 11 အတွက် TPM ဆိုတဲ့ Trusted Platform Module ကို မရှိမဖြစ်လိုအပ်တယ်လို့ Microsoft ကပြောထားပါတယ်။ TPM ဆိုတာ သီးခြားအသုံးပြုရတဲ့ ချပ်စ်တစ်ခုဖြစ်ပြီး ကွန်ပျူတာရဲ့ လုံခြုံရေးဆိုင်ရာ ကုဒ်တွေကိုသိုမှီးထားပါတယ်။ TPM ကို စီးပွားရေးလုပ်ငန်းသုံး PC တွေမှာအသုံးပြုကြပါတယ်။ အကယ်၍ ပြင်ပကတိုက်ခိုက်မှုခံရင် TPM ကြောင့် အရေးကြီးအချက်အလက်တွေမပါသွားအောင် ပုံမှန်ထက်ပိုမိုကာကွယ်ပေးနိုင်ပါတယ်။

နောက်ပိုင်း CPU ထုတ်လုပ်တဲ့ Intel နဲ့ AMD ဟာ TPM လုပ်ဆောင်ချက်ကို CPU အတွင်းထည့်သွင်းလိုက်ပြီး firmware အခြေခံ TPM သို့ fTPM အနေနဲ့အသုံးပြုလာကြပါတယ်။ ဒါကြောင့် နောက်ပိုင်းထွက်ရှိတဲ့ Motherboard တွေမှာ fTPM တွေပါလာပြီးသားဖြစ်ပါတယ်။ ဒါပေမယ့် fTPM ကို BIOS ရဲ့ မူရင်းSetting တွေမှာတော့ disabled လုပ်ထားကြပါတယ်။ အခုအသစ်ထွက်ရှိလာတဲ့ BIOS တွေတင်လိုက်မယ်ဆိုရင် fTPM ဟာ အလိုအလျောက် enable ဖြစ်လာမှာဖြစ်ပြီး Windows 11ရဲ့ Health Check tool နဲ့ကြည့်ရင် compatible ဖြစ်မှာပါ။



BIOS အသစ်တင်ပြီးတဲ့အခါ TPM တကယ်အလုပ်မလုပ်ကို Windows 10 ရဲ့ Setting ထဲက Update & Security မှတဆင့် Windows Security > Device Security > Security Processor ဆိုပြီး TPM အလုပ်လုပ်‌နေတာကိုတွေ့နိုင်မှာဖြစ်ပါတယ်။

Source: Techspot

Post a Comment

0 Comments