Subscribe Us

header ads

XeSS သို့ Nvidia DLSS အတွက် Intel ရဲ့ တုန့်ပြန်မှု



ဂိမ်းတွေမှာ high resolutions high/frame rate နဲ့ renderingလုပ်ရတာ အင်မတန်ခက်ခဲပါတယ်။ resolution တိုးလိုက်တိုင်း GPU ရဲ့ စွမ်းဆောင်ရည်ကိုသိသိသည်သာသာပိုလိုအပ်လာပါတယ် ဒါကြောင့် ဂိမ်းရေးဆွဲတဲ့သူတွေဟာ resolution မြင့်မားတဲ့ဂိမ်းတွေမှာ မြင့်မားတဲ့ hardware ကိုလိုအပ်ခြင်းမရှိရလေအောင် လိမ္မာပါးနပ်စွာဖန်တီးပေးရပါတယ်။

4K နဲ့ ဒီထက်ပိုတဲ့ Gaming ခေတ်ကို တဖြည်းဖြည်းကူးပြောင်းလာတဲ့အခါ ဂိမ်းရေးဆွဲသူတွေဟာ AI ကိုအသုံးပြုခြင်းနဲ့ ပုံရိပ်တွေပြန်လည်တည်ဆောက်ခြင်းတို့ကိုသုံးပြီး ဂိမ်းမာတွေကို မြင့်မားတဲ့ resolution/frame rate တွေကိုခံစားနိုင်အောင် ဖန်တီးပေးလာကြပါတယ်

ဒီလိုနည်းပညာတွေဟာ Nvidiaမှာ Deep Learning Super Sampling (DLSS) အနေနဲ့ရှိပြီး AMD ကတော့ Fidelity FX Super Resolution (FSR)ဆိုပြီးရှိပါတယ်။ Graphics လောကထဲကို တိုးဝင်လာတဲ့ Intel ဟာလည်း XeSS လို့ခေါ်တဲ့နည်းပညာကိုဖန်တီးလိုက်ပါတယ်။ ဒီနည်းပညာတွေအားလုံးဟာ မြင့်မားတဲ့ resolution/frame rate တွေမှာ မြင့်မားတဲ့ စွမ်းဆောင်ရည်လိုအပ်ချက်နည်းပါးစေရန်သာဖြစ်ပါတယ်။


Architecture Day 2021 မှာ Intel ဟာ သူတို့ရဲ့ AI ကိုအသုံးပြုထားတဲ့ Super Sampling နည်းပညာကိုပြသသွားပါတယ်။ အဆိုပါ Super Sampling နည်းပညာကို Xe Super Sampling (XeSS)လို့ခေါ်ဆိုမှာပါ။ XeSS မှာ Intel ရဲ့ hardware နဲ့ပိုမိုကောင်းမွန်စွာအလုပ်လုပ်မယ့်ပုံစံနဲ့ နောက်တစ်ခုက AMD Nvidia တို့ရဲ့ integrated graphics တွေမှာပါအလုပ်လုပ်မယ့် ပုံစံတွေပါဝင်ပါတယ်။



Intel ဟာ XeSS ကို 1080P ကနေ 4K ကို upscale လုပ်ထားတဲ့ real-time demo တစ်ခုနဲ့ပြသသွားပါတယ်။ ဒီ demo ဟာ ဂိမ်းတစ်ခုခုသုံးပြထားတာမဟုတ်သလို frame rate တွေကိုလည်းမပြသထားပေမယ့် native 4K နဲ့ အတူကြီးကိုဆင်တူပါတယ်။ Intel ရဲ့ အဆိုအရ 1080P ကနေ Upscale လုပ်ထားတဲ့ ဂိမ်းဟာ frame time အနေနဲ့ native 1080P ထက်ပိုနှေးမှာဖြစ်ပြီး 4K ထက်တော့ အများကြီးပိုမြန်မှာပါ။ ဒါကလည်းမဆန်းပါဘူး Nvidia ရဲ့ DLSS မှာလည်း ဒီအတိုင်းပဲဖြစ်ပါတယ်။



Intel အဆိုအရ XeSS ရဲ့စွမ်းဆောင်ရည်ဟာ 4K မှာ native ကိုယှဉ်နိုင်မှာဖြစ်သလို frame rate လည်း ၂ဆပိုရမယ်လို့ဆိုပါတယ်။ XeSS ဟာ XMX instructions mode မှာဆိုရင် Arc GPU တွေမှာပါတဲ့ Xe Matrix Extension (XMX) Cores တွေကို အသုံးချနိုင်ကာအကောင်းဆုံးစွမ်းဆောင်နိုင်မှာဖြစ်ပါတယ်။ XMX Cores မပါတဲ့ hardware တွေမှာဆိုရင် XeSS ဟာ DP4a mode နဲ့အလုပ်လုပ်မှာဖြစ်ပြီး သိသာတဲ့ စွမ်းဆောင်ရေတိုးတက်မှု ရရှိနိုင်တယ်လို့ဆိုပါတယ်။ DP4a instructionsဟာ integrated graphics အပါအဝင် hardware အများစုမှာအလုပ်လုပ်မှာဖြစ်ပါတယ်။

Developer တွေဟာ ဒီလထဲမှာ XMX instructions အတွပ် SDK တွေကိုရရှိနိုင်ကာ DP4a instructions အတွက်တော့ ဒီနှစ်နှောင်းပိုင်းမှာရရှိမယ်လို့ Intel ကဆိုပါတယ်။ XeSS ပိုမိုကောင်းမွန်လာတဲ့အခါ tools တွေ SDK တွေကို open-sourceအနေနဲ့ဆောင်ရွက်ပေးမယ်လို့ Intel အနေနဲ့ကြံရွယ်ထားပါတယ်။

Source: OC3D and Techspot

Post a Comment

0 Comments