Subscribe Us

header ads

400 Petaflops ရှိမည့် ဥရောပ၏ EuroExa စူပါကွန်ပျူတာ

ကမ္ဘာ့စွမ်းဆောင်ရည်အမြင့်ဆုံ Fugaku စူပါကွန်ပျူတာ (Photo: Nikkei Asia)

ဥရောပသမ္မဂဟာ 400 petaflops ရှိတဲ့ စူပါကွန်ပျူတာကို ဥရောပမြေမှာ ၂၀၂၂ခုနှစ် ၂၀၂၃ခုနှစ်အကြားတည်ဆောက်သွားဖို့ကြံရွယ်နေပါတယ်။ အဆိုပါ စူပါကွန်ပျူတာကို EuroExa က project umbrella အဖြစ်ဖန်တီးခဲ့ခြင်းဖြစ်ကာ Supercomputing နယ်ပယ်ကို ပြန်လည်ထိန်းညှိဖို့ကြံရွယ်မှာဖြစ်ပါတယ်။

ဒီဆူပါကွန်ပျူတာကို AMD ARM နဲ့ အခြားကုမ္မဏီတို့ကပစ္စည်းတွေထည့်သွင်းတည်ဆောက်မှာဖြစ်ပြီး 30MW အသုံးပြုချိန်မှာ 400 petaflopsအထိစွမ်းဆောင်ရည်ရှိမယ်လို့ဆိုပါတယ်။ စူပါကွန်ပျူတာအတွက် shipping container အလုံး ၃၀စာနေရာယူမှာဖြစ်တယ်လို့သိရပါတယ်။

ဥရောပသမ္မဂဟာ ဆီလီကွန်ထုတ်လုပ်ရေးနဲ့ high performance နယ်ပယ်မှာ ယှဉ်ပြိုင်နိုင်စွမ်းနိမ့်ကျလျက်ရှိနေပါတယ်။ TOP 500 အဆိုအရ ဥရောပမှာ စူပါကွန်ပျူတာပေါင်း ၉၂ (ဗြိတိန်မထွက်ခွာခင်က ၁၀၃ခု)သာရှိနေပါတယ်။ အမေရိကန်ပြည်ထောင်စုမှာ တော့ ၁၂၂ခု ရှိပြီး ထိပ်ဆုံး၁၀ခုမှာ ၅ခုပါဝင်နေသလို
တရုတ်နိုင်ငံမှာ ၁၈၈ခုအထိရှိပြီး ထိပ်ဆုံး၁၀ခုမှာ ၂ခုပါဝင်နေပါတယ်။

ဂျပန်နိုင်ငံကတော့ Arm နဲ့တည်ဆောက်ထားတဲ့ သူတို့ရဲ့ Fugaku ဆူပါကွန်ပျူတာဟာ ကမ္ဘာ့စွမ်းဆောင်ရည်အမြင့်ဆုံးလို့ဆိုပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် စူပါကွန်ပျူတာတွေဟာ သုတေသနတွေဘယ်လောက်အထိလုပ်နိုင်မလဲ၊ ဒီသုတေသနတွေရဲ့အရည်အသွေးဘယ်လောက်ထိကောင်းနိုင်မလဲဆိုတာဆုံးဖြတ်ပေးနိုင်ပါတယ်။ ဥပမာအနေနဲ့ စူပါကွန်ပျူတာတွေဟာ COVID-19 ကပ်ရောဂါအတွက် ကာကွယ်ဆေးတွေဖန်တီးရာမှာ အရေးပါတဲ့နေရာကနေပါဝင်နေတာဖြစ်ပါတယ်။

Source: Tom's Hardware

Post a Comment

0 Comments