Subscribe Us

header ads

AMD CPU အသစ်များတွင်ပါဝင်လာမည့် 3D V-Cache နည်းပညာ

AMD

AMD ဟာ ပြီးခဲ့တဲ့ Computex 2021နဲ့ Hot Chips 33ပွဲတွေမှာ 3D V-Cache ဆိုတဲ့နည်းပညာကိုမိတ်ဆက်ခဲ့ပါတယ်။ ဒီနည်းပညာဟာ နောက်ထွက်ရှိမယ့် CPU တွေမှာအသုံးပြုလာမှာမို့သိထားသင့်ပါတယ်။

V-Cache ဆိုတာဘာလဲ

V-Cache ဆိုတာက TSMC ရဲ့ SoIC (System on Integrated Chips) chip stacking ချပ်စ်တွေမှာ silicone ကိုအလွှာလိုက်ထပ်နိုင်တဲ့နည်းပညာကိုအသုံးပြုပြီး Zen 3 Ryzen CPU တွေရဲ့ CCD compute dies တစ်ခုခြင်းစီမှာ SRAM L3 cache ကို 64MB ထပ်မံတိုးမြင့်ဖို့ ဖန်တီးထားတဲ့နည်းပညာကို ဆိုလိုတာဖြစ်ပါတယ်။ ဒါကြောင့် CCD ၂ခုပါတဲ့ 12 Cores နဲ့ 16 Cores AMD CPU တွေမှာ L3 Cache ဟာ 192MB အထိ များပြားလာမှာဖြစ်ပါတယ်။

AMD

V-Cache ကိုဘယ်လိုချိတ်ဆက်ထားလဲ

64MB SRAM cache ကိုဘယ်လိုချိတ်ဆက်ထားလဲဆိုတော့ compute die တွေရဲ့ မူလရှိပြီးသား L3 Cache နေရာ‌ပေါ်မှာ TSV (Through Silicone Via) ဆိုတဲ့ နည်းပညာကိုအသုံးပြုပြီး လှိုင်ခေါင်းလိုစနစ်နဲ့ချိတ်ဆက်ပေးလိုက်မှာဖြစ်ပါတယ်။

Source: Techpowerup

TSV ကို ပထမဆုံး AMD အသုံးပြုဖူးတာမဟုတ်ပဲ မူလ Vega GPU မှာကတည်းက HBM Memory နဲ့ ချိတ်ဆက်ရာမှာအသုံးပြုခဲ့တာပါ။

AMD

V Cache ကဘယ်လောက်မြန်သလဲ

AMD ကတော့ V-Cache ဟာ bandwidth 2TBps နဲ့ အထက်ရနိုင်တယ်လို့ဆိုပြီး အရမ်းမြန်တယ်လို့ပြောနိုင်ပါတယ်။ နှိုင်းယှဉ်ကြည့်မယ်ဆိုရင် ၂၀၁၃ခုနှစ်လောက်က Intel Core i7 4770R မှာ 128MB eDRAM L4 ပါဝင်ပြီး bandwidth 100GBps ရှိခဲ့ပါတယ်။

V-Cache ကြောင့် CPU ရဲ့အပူချိန်ထိန်းသိမ်းရတာပိုခကခက်ခဲလာမှာလား

အပူချိန်များတဲ့ CPU ပေါ်မှာ V-Cache အလွှာထပ်ပေါင်းထည့်လိုက်တဲ့အခါ CPU die နဲ့ CPU Die ‌အပေါ်က TIM ဆိုတဲ့ thermal paste နဲ့ Heat Spreader သတ္တုတို့ထိစပ်ဖို့ရာ တားဆီးထားသလိုဖြစ်လာနိုင်မလားဆိုပြီး တွေးမိနိုင်ပါတယ်။ ဒါပေမယ့် AMD ကတော့ SRAM L3 cache က CPU die ရဲ့ မူလ L3 cache နေရာမှာသာ ထပ်ဆင့်ထားမှာဖြစ်တာမို့ စိတ်ပူစရာမလိုကြောင်းပြောပါတယ်။ SRAM L3 Cache ကြောင့် CPU ရဲ့ မျက်နှာပြင်ဟာ ပိုမိုထူထဲလာတာကြောင့် CPU Die ကိုတစ်ပြေးညီဖြစ်အောင် Cores တွေအပေါ်မှာ structural silicone အလွှာလေးပါထပ်အုပ်ထားပေးပါတယ်။ မျက်နှာပြင်တစ်ပြေးညီဖြစ်လာတာကြောင့် အပူအများဆုံးထုတ်လွှတ်တဲ့ CPU Cores က အပူတွေကို TIM နဲ့ Heat Spreader တို့ဆီကူးပြောင်းသွားစေမှာပါလို့ဆိုပါတယ်။

Developer တွေဘာလုပ်ပေးဖို့လိုသလဲ

V-Cache ဟာ ဂိမ်းတွေ application တွေမှာ အကြားအလပ်မရှိလုပ်ဆောင်နိုင်တာမို့ developer တွေအနေနဲ့ သီးခြား update တွေ patch တွေထပ်မံဖန်တီးပေးဖို့မလိုအပ်ဘူးလို့ဆိုပါတယ်။

V-Cache ဘယ်လိုအလုပ်လုပ်သလဲ

V-Cache ဟာ အလုပ်၂ခုလုပ်ပေးပါတယ်။ ပထမတစ်ခုက chip ပေါ်မှာ dataတွေပိုမိုသိမ်းဆည်းထားခြင်းနဲ့ ဒုတိယတစ်ချက်ကတော့ L3 Cache ရဲ့ bandwidth ကိုသိသိသာသာတိုးလာစေတာပါ။ V-Cache ပါဝင်လာတဲ့ processors တွေဟာ DRAM ကို မကြာခဏလိုအပ်ခြင်းမရှိတော့ပဲ chip ပေါ်က data တွေကို မြန်မြန်ဆန်ဆန်ကိုင်တွယ်နိုင်သလို အခြားအလုပ်တွေအတွက် bandwidth တွေလည်းပိုထွက်လာစေမှာပါ။

V-Cache ကဘာတွေကိုပိုကောင်းလာစေမှာလဲ

AMD အနေနဲ့ကတော့ V-Cache CPU နဲ့ ပုံမှန် Ryzen CPU ကို Clock Speed 4GHz မှာ lock လုပ်ပြီး စမ်းသပ်ပြသွားရာမှာတော့ ပုံမှန် Ryzen CPU ထက် FPS တွေသိသိသာသာတိုးလာတာတွေ့ရပါတယ်။ ဂိမ်း၅ခုကို 1080Pမှာစမ်းသပ်တဲ့အခါ ပျမ်းမျှ ၁၅% လောက် FPS တိုးလာတယ်လို့ဆိုပါတယ်။ အခြား နေရာတွေကိုတော့မပြသသွားပါဘူး။

AMD

V-Cache ပါဝင်တဲ့ Ryzen 5000 Series CPU တွေကို ဒီနှစ်ကုန်ပိုင်းမှာရောင်းချသွားမယ်လို့ AMD ကဆိုထားပါတယ်။

Source: PC World, OC3D and Tom's Hardware

Post a Comment

0 Comments