Intel က Arc Alchemist ဆိုတဲ့ gaming graphics card ကိုဖန်တီးဖို့ကြိုးစားနေတယ်ဆိုတာကို သိပြီးလောက်ပြီလို့ထင်ပါတယ်။
Arc Alchemist GPU တွေအတွက် Intel ဟာ TSMC ရဲ့ 6nm node ကိုသုံးမှာဖြစ်ပြီး AIB partner တွေကိုထုတ်ခွင့်ပေးမယ်လို့ဆိုပါတယ်။ ဒါကြောင့် ဒီလမ်းကြောင်းထဲမှာ Asus၊ Gigabyte နဲ့ MSI တို့အပြင် အခြားကုမ္ပဏီတွေလည်းပါဝင်လာဖွယ်ရှိပါတယ်။ဂျပန်သတင်းဌာနတွေနဲ့တွေ့ဆုံချိန်မှာ Intel graphics အကြီးအကဲ Raja Koduri က
" AIB partner တွေနဲ့ ODM ကွဲပြားခြားနားမှုတွေက ဒီကတ်တွေကို လူတွေအရမ်းစိတ်ဝင်စားလာလိမ့်မယ် " လို့ဆိုပါတယ်။
Alchemist GPU တွေမှာ overclocking အထောက်အပံ့ပါလာမှာဖြစ်ပြီး Asus၊ Gigabyte နှင့် MSI တို့က custom model တွေ သို့ model အချို့မှာ factory overclock လုပ်ထားပေးမှာဖြစ်ပါတယ်။
Spec အတိအကျမသိရသေးပေမယ့် ပေါက်ကြားထားတဲ့သတင်းတွေအရ GeForce RTX 3070 နဲ့ Radeon RX 6700XT လို စွမ်းဆောင်ရည်ရှိဖို့ရည်မှန်းထားတယ်လို့ဆိုပါတယ်။ အကောင်းဆုံးမဟုတ်ပေမယ့် တော်တော်များများတက်နိုင်တဲ့ အခြေအနေရှိတဲ့ကတ်ပါ။
CEO Pat Gelsinger ကလည်း ကုမ္ပဏီဟာ Nvidia ကို ပထမဆုံးအကြိမ်ဖိအားပေးလာနိုင်မယ့် အခြေအနေကိုအစပြိုးလာနိုင်ခဲ့ပြီလို့ယူဆကြောင်းပြောဆိုခဲ့ပါသေးတယ်။
Source: Hot Hardware
0 Comments