Subscribe Us

header ads

ရှားပါးသတ္တုများဈေးခေါင်ခိုက်လာသဖြင့် လျှပ်စစ်ပစ္စည်းများဈေးတက်လာနိုင်ဖွယ်ရှိ

Source: physikinstrumente

လွန်ခဲ့တဲ့ ၁၂လအတွင်းမှာ ရှားပါးသတ္တု(rare earth minerals)ရဲ့ဈေးနှုန်းဟာ မြင့်မားလာခဲ့ပါတယ်။ ဒီလိုမြင့်တက်လာတာဟာ လာမယ့်လ‌ တွေအတွင်း သုံးစွဲသူတွေအဖို့ လျှပ်စစ်ပစ္စည်းတွေဝယ်ယူတဲ့အခါ ဈေးပိုပေးရဖွယ်ရှိနေပါတယ်။ ဒီကိစ္စကို တရုတ်နိုင်ငံနဲ့အမေရိကန်ပြည်ထောင်စုတို့ဟာ တစ်ယောက်တစ်ယောက်သာလက်ညိုးထိုးနေကြပြီး နိုင်ငံရေးအရအဖြေရှာလို့မရကြသေးပါဘူး။

Nikkei Asia ရဲ့အဆိုအရ ဒီအကြပ်အတည်းဟာ ပြီးဆုံးဦးမှာမဟုတ်ပါဘူး။ လွန်ခဲ့တဲ့တစ်နှစ်ကျော်က ရှားပါးသတ္တု‌ဈေးတွေမြင့်တက်လာပြီး လာမယ့်လတွေအတွင်းထပ်မံမြင့်တက်လာဖွယ်ရှိတာကြောင့် အီလက်ထရောနစ်ပစ္စည်းထုတ်လုပ်သူတွေဟာ စိန်ခေါ်မှုတွေနဲ့ရင်ဆိုင်နေရတာပါ။



ဈေးနှုန်းမြင့်တက်လာရတဲ့အကြောင်းအရာကတော့ အဆုံးသတ်ဖွယ်မရှိတဲ့ တရုတ်နိုင်ငံနဲ့ အမေရိကန်ပြည်တောင်စုတို့ရဲ့ ကုန်သွယ်ရေးစစ်ပွဲကြောင့်ဖြစ်ပါတယ်။ အခုချိန်မှာတော့ ဒီကိစ္စဟာ အီလက်ထရောနစ်ပစ္စည်းတွေထုတ်လုပ်ရာမှာ လိုအပ်တဲ့ပါဝင်ပစ္စည်းတွေကို တင်ပို့ရာမှာအခက်အခဲတွေဖြစ်လာစေပါတယ်။

ဘက်ထရီ၊ အနုမြူစွမ်းအင် နဲ့ အာကသယာဉ်သုံးစက်ပစ္စည်းတွေမှာ အသုံးပြုတဲ့ လစ်သီယမ်ဟာ ၂၀၂၀ခုနှစ်စက်တင်ဘာလနဲ့နှိုင်းယှဉ်ကြည့် သိသိသာသာ ၁၅၀ရာခိုင်နှုန်း လောက်မြင့်တက်လာတာတွေ့ရပါတယ်။ ဒုတိယလိုက်နေတာက ဟိုလ်မီယမ်ဖြစ်ကာ မနှစ်ကထက် ၂ဆကျော်မြင့်တက်လာပါတယ်။

Source: ABC


ဟိုလ်မီယမ်ကို ဆင်ဆာတွေ actuatorတွေအတွက် သံလိုက်နဲ့အထူးပြုလုပ်ရတဲ့သတ္တုစပ်တွေဖန်တီးရာမှာ အသုံးပြုပါတယ်။ Neodymium နဲ့ praseodymium တွေကတော့ အားကောင်းတဲ့ သံလိုက်တွေအသုံးပြုဖို့ရာလိုအပ်တဲ့ စပီကာတွေ၊ မော်တာတွေ၊ လေတာဘိုင်တွေနဲ့အခြားနေရာတွေမှာသုံးကြပါတယ်။ ဒီသတ္တု၂မျိုးဟာ တစ်နှစ်ထက်တစ်နှစ် ၇၃ရာခိုင်နှုန်းကျော်ဈေးမြင့်မားလာတာတွေ့ရပါတယ်။



ကြေးနီ၊ သံဖြူ၊ အလူမီနီယံ၊ ကိုဘော့ နဲ့ တာဘီယမ်အောက်ဆိုဒ်ဈေးနှုန်းတွေဟာလည်းမြင့်တက်လာပြီး ၃၇ ကနေ ၈၂ရာခိုင်နှုန်းအထိရှိလာနေပါတယ်။ လျှပ်စစ်ပစ္စည်း‌ထုတ်လုပ်သူတွေဟာ အဆိုပါသတ္တုတွေကို chip packagingပြုလုပ်ခြင်း၊ တပ်ဆင်ခြင်းနဲ့ အီလက်ထရောနစ်ပစ္စည်းတွေကို PCB ပေါ်တပ်ဆင်ခြင်း၊ စက်ပစ္စည်းအစိတ်အပိုင်းတွေ၊ casing တွေနဲ့ အခြားနေရာတွေမှာ အသုံးပြုကြပါတယ်။

လူအများစုအတွက်ကတော့ ဒီလိုကုန်ကြမ်းတွေကနေ အမျိုးမျိုးသော လျှပ်စစ်ပစ်စည်းတွေအဖြစ်ပြောင်းလဲတဲ့အဆင့်ကို မြင်နိုင်မှာမဟုတ်သလို စိတ်လည်းဝင်စားကြမှာမဟုတ်ပါဘူး။ အခုဆိုရင်ဒီကိစ္စဟာ ကျနော်တို့ အီလတ်ထရောနစ်ပစ္စည်းတွေကိုဝယ်ယူတဲ့ဈေးနှုန်းနဲ့ ရှုပ်ထွေးပွေလီလှတဲ့ကမ္ဘာ့ထောက်ပံ့ရေးလမ်းကြောင်းပေါ်ရောက်ရှိလာပြီဖြစ်ပါတယ်။

လက်ရှိအချိန်မှာ နိုင်ငံတကာအစိုးရတွေဟာ အရာအားလုံးကို အီလက်ထရောနစ်စနစ်နဲ့ကူးပြောင်းဖို့ကြံရွယ်နေကြသလို ရာသီဥတုပူနွေးလာတာကိုလျော့ချဖို့ချမှတ်ထားတဲ့ရည်မှန်းချက်‌တွေကြောင့်လည်း အီလက်ထရောနစ်နဲ့မော်တော်ယာဉ်ထုတ်လုပ်ရေးလုပ်ငန်းတွေဟာ အလျင်မီအောင်ဆောင်ရွက်နေကြရပါတယ်။ ကုန်ကြမ်းတွေဟာ အဆက်မပျက်လိုအပ်နေပြီး ကျွမ်းကျင်တဲ့ပညာရှင်တွေရဲ့ခန့်မှန်းချက်တွေဟာလည်းကွဲလွဲနေကြပြန်ပါတယ်။

YearUS production (metric tons)China production (metric tons)Rest of the World (metric tons)US share of global outputChina share of global output
198513,4288,50017,15734%21%
199022,71316,48020,91738%27%
199522,20048,0009,70028%60%
20005,00073,0005,5006%87%
20050119,0003,0000%98%
20100120,00011,0000%92%
20155,900105,00019,1005%81%
202038,000140,00062,00016%58%

အချို့ပညာရှင်တွေကတော့ တရုတ်နိုင်ငံမှာ ကမ္ဘာ့ရှားပါးသတ္တုတူး‌ဖော်ထုတ်လုပ်‌ရေးရဲ့ ၅၅ရာခိုင်နှုန်းရှိပြီး ရှားပါးသတ္တုတွေရဲ့ ၈၅ရာခိုင်နှုန်းထက်မနည်း သန့်စင်ပေးနိုင်တယ်လို့ယုံကြည်ကြပါတယ်။ ဇွန်လထဲမှာ ဘိုင်ဒင်အစိုးရဟာ ဘေဂျင်းအစိုးရရဲ့ တင်းကျပ်တဲ့ပို့ကုန်ထိန်းချုပ်မှုကိုရှုတ်ချခဲ့ပြီး "အဓမ္ဓအခွန်ကောက်ခံနေကြကြောင်း" ခေါ်ဆိုခဲ့ပါတယ်။

ကယ်လီဖိုးနီးယားပြည်နယ်ရှိ MP Minerals ၏ Mountain Pass သတ္တုတွင်း (Source: VOA)

ဒီပြဿနာကိုဖြေရှင်းနိုင်ဖို့ အမေရိကန်ပြည်ထောင်စုမှာ ရှားပါသတ္တုတွေထုတ်လုပ်နိုင်စွမ်းကိုမြှင့်တင်ဖို့ဖြစ်ပြီး အရေးကြီးကုန်ကြမ်းတွေအတွက် တရုတ်နိုင်ငံအပေါ်မှီခိုနေရမှုကိုလျော့ချဖို့ အဆိုပြုထားပါတယ်။ ရယ်စရာကောင်းတဲ့အချက်က တရုတ်နိုင်ငံပိုင်ရှားပါးသတ္တုတူးဖော်ရေးကုမ္ပဏီကြီး Shenghe Resources ဟာ အမေရိကန် MP Minerals ရဲ့ရှယ်ယာအနည်းစုကိုပိုင်ဆိုင်ထားပါတယ်။ ဒီအမေရိကန်ကုမ္ပဏီဟာ မကြာသေးခင်က ကယ်လီဖိုးနီးယားပြည်နယ်မှာပြန်လည်ဖွင့်လှစ်ခဲ့တဲ့ Mountain Pass သတ္တုတွင်းဟာ တရုတ်နိုင်ငံရဲ့ ရှားပါးသတ္တုဈေးကစားမှုကိုခုခံဖို့ရည်ရွယ်ထားတာဖြစ်ပါတယ်။


ရှားပါးသတ္တုတွေကိုများစွာထုတ်လုပ်နိုင်ဖို့ အမေရိကန်အစိုးရဟာ သတ္တုတူးဖော်ရေးကုပ္မဏီတွေကို ဒေါ်လာသန်းပေါင်းများစွာ အကူညီပေးသွားမယ်လို့ကမ်းလှမ်းခဲ့ပါတယ်။ ဘယ်လိုပဲဖြစ်ပါစေ အမေရိကန်မှာတူဖော်ရရှိတဲ့ရှားပါးသတ္တုတွေကို တစ်နှစ်မှာတန်ချိန် ၅၀၀၀၀လောက်ကို သန့်စင်ဖို့အတွက်တရုတ်နိုင်ငံကိုတင်ပို့ပေးဖို့ရာလိုအပ်နေပါသေးတယ်။

တစ်ချိန်ထဲမှာ တရုတ်ကုမ္ပဏီ‌တွေနဲ့ စာချုပ်ချုပ်ဆိုထားတဲ့ Apple၊ Amazon၊ Dell၊ Facebook၊ Logitech နဲ့ Sennheiser တို့ရဲ့အမြတ်ဟာ ကျဉ်းမြောင်းလာပြီး စံသတ်မှတ်ချက် ၂၀ရာခိုင်နှုန်းအောက်ကိုကျဆင်းလာတာတွေ့ရပါတယ်။ လက်ရှိမှာသူတို့ခံနိုင်ရည်ရှိနေပေမယ့် မကြာခင်မှာ အပိုကုန်ကျစားရိတ်တွေကို သုံးစွဲသူတွေထံကျခံခိုင်းတော့မှာပါ ဆိုလိုတာက အီလက်ထရောနစ်နဲ့ဘက်ထရီပါဝင်ထုတ်ကုန်တွေဟာပိုဈေးကြီးလာတော့မှာပါ။

ဒီစာကိုရေးနေချိန်မှာ အမေရိကန် အော်ဒီယိုပစ္စည်းထုတ်လုပ်တဲ့ Sonos ကုမ္ပဏီဟာ သူ့ထုတ်ကုန်တွေကို ဒီလကစပြီး ကုန်ပစ္စည်းအ‌ပေါ်မူတည်ပြီး ၁၀ဒေါ်လာကနေ ဒေါ်လာ၁၀၀အထိ ဈေးတင်သွားမယ်လို့ဆိုလာပါတယ်။ ဒီလိုဈေးတင်လိုက်တာ ရေပန်းစားလာမလား မစားလာဘူးလားဆိုတာတော့ အချိန်ကသာအဆုံးဖြတ်ပေးနိုင်မှာပါ။

Source: Techspot and Nikkei Asia

Post a Comment

0 Comments