Credit: DIGITIMES |
Digitimes Asia တင်ပြချက်အရ မလေးရှားနိုင်ငံမှာရှိတဲ့ Chemi-Con နဲ့ Nichicon ဆိုတဲ့ ဂျပန်ကုမ္ပဏီတွေဟာ ဇူလိုင်နဲ့ဩဂုတ်လမှာချမှတ်ခဲ့တဲ့ lockdown တွေကြောင့် စက်ရုံတွေကိုပိတ်ထားခဲ့ရပါတယ်။ လော့ဒေါင်းပြီးဆုံးသွားတဲ့အချိန်မှာလည်း ယခင်လုပ်အားနှုန်းရဲ့ ၆၀ရာခိုင်နှုန်းကိုသာ ပြန်လည်ပတ်နိုင်ခဲ့ပြီး ထုတ်လုပ်မှုတွေကိုအကန့်အသတ်နဲ့သာဆောင်ရွက်နိုင်ခဲ့တယ်လို့ဆိုပါတယ်။
အခြားကုမ္ပဏီ Rubycon နဲ့အတူ Chemi-Con နဲ့ Nichicon တို့ဟာ ကမ္ဘာလုံးဆိုင်ရာ အလူမီနီယမ် capacitor ဈေးကွက်ဝေစုရဲ့ အရေးပါတဲ့အစိတ်အပိုင်း ကိုရရှိထားပါတယ်။ အလူမီနီယမ် capacitor တွေဟာ လျှပ်စစ်ကား၊ ကွန်ပျူတာ နဲ့ အခြားပစ္စည်းတွေမှာ အရေးကြီးတဲ့အစိတ်အပိုင်းတစ်ခုအဖြစ်ပါဝင်နေတာပါ။Digitimes ကရရှိတဲ့ သတင်းရင်းမြစ်တွေအရ ကပ်ရောဂါကြောင့် ထုတ်လုပ်မှု ၃၀ရာခိုင်နှုန်းကနေ ၆၀ရာခိုင်နှုန်းအကြား ကျဆင်းသွားနိုင်ဖွယ်ရှိတယ်လို့ဆိုပါတယ်။ ကျဆင်းချိန်ဟာ ၆လလောက်အထိဖြစ်နိုင်တယ်လို့ဆိုပါတယ်။ အဆိုပါဂျပန်ကုမ္ပဏီတွေကိုအမှာစာတင်ထားသူအချို့ဟာ ထိုင်ဝမ်နဲ့ တရုတ်အခြေစိုက် suppliers တွေဆီကနေ ပြောင်းလဲမှာယူနေကြပြီလို့ဆိုပါတယ်။
ဒါတွေဟာ ကမ္ဘာလုံးဆိုင်ရာထောက်ပန့်ရေးကွင်းဆက်ပြဿနာတွေထဲမှာ အီလက်ထရောနစ်ပစ္စည်းတွေနဲ့ဆိုင်တဲ့ နောက်ဆုံးသိရှိရတဲ့အပိုင်းဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ်မှာ ရှားပါးသတ္တုတွေ ဈေးတက်လာကြောင့် လျှပ်စစ်ပစ္စည်းတွေလဲဈေးတက်လာဖို့ရှိနေပါတယ်။
မလေးရှားနိုင်ငံမှချမှတ်ခဲ့တဲ့ လော့ဒေါင်းတွေကြောင့် ဆားကစ်ဘုတ်ထုတ်လုပ်ရာမှာအရေးပါတဲ့ ceramic capacitor တွေကိုပါထိခိုက်မှုရှိနေပါတယ်။ ထိုင်ဝမ်က TSMC ကုမ္ပဏီကတော့ ချပ်စ်တွေပြတ်လပ်မှုဟာ ၂၀၂၂ခုနှစ်အထိရှိနေနိုင်တယ်လို့မှန်းဆထားပါတယ်။
Source: Techspot
0 Comments