Subscribe Us

header ads

Windows Store တွင် Amazon နှင့် Epic အပါအဝင် Third Party Developer များ၏ App များမြင်တွေ့ရမည်

Credit: Windows Blog

Microsoft ဟာ သူတို့ရဲ့ Microsoft Store ကို open store for open platform အဖြစ်အသွင်ပြောင်းဖို့ဆောင်ရွက်နေပါတယ်။ ဆိုလိုတာက Third Party Store တွေဟာ Microsoft Store ပေါ်မှာတွေ့မြင်ရမှာဖြစ်ပါတယ်။ ဒါကြောင့် third party app တွေကို search ထဲမှာရှာနိုင်သလို install လည်းလုပ်လာနိုင်ပါတယ်။

Microsoft ရဲ့ဒီလိုမူဝါဒပြောင်းလဲမှုကြောင့် လက်ရှိမှာ Amazon နဲ့ Epic Games ဟာ Microsoft Store ပေါ်ရောက်ရှိလာမယ်လို့ကြေညာထားပြီး နောက်လအနည်းငယ်အတွင်းရရှိမယ်လို့ဆိုပါတယ်။ Steam အကြောင်းတော့ဘာမှမပြောခဲ့ပေမယ့် Steam အနေနဲ့ ဒီကိစ္စကိုစိတ်ဝင်စားတယ်လို့ ဇွန်လတုန်းက The Verge သတင်းအရသိရပါတယ်။

Microsoft Store မှာ သူ့ရဲ့ payment platform ကိုသာအသုံးပြုခဲ့မယ်ဆိုရင် developer တွေကို သူတို့ရဲ့ app တွေရောင်းချတဲ့အမြတ်တန်ဖိုးရဲ့ ၁၀၀ရာခိုင်နှုန်းပေးမယ်လို့ဆိုပါတယ်။

Microsoft ရဲ့ ဒီမူဝါဒဟာ Apple နဲ့ Epic တို့ရဲ့ တိုက်ပွဲကြားက လေပြေညှင်းတိုက်ခတ်သလိုခံစားရစေပါတယ်။ တရားရင်ဆိုင်နေတဲ့တိုက်ပွဲမှာ Epic အနေနဲ့ အယူခံတင်ထားတာကြောင့် ပွဲကရှည်ကြာဖို့ရှိနေပါတယ်။

ဒီလိုဆိုပေမယ့်လည်း Microsoft ကြီးဟာ အရမ်းစိတ်စေတနာကောင်းတယ်လို့တော့ အချို့ကမယူဆပြန်ပါဘူး။ အချို့ကတော့ PR အတွက်သပ်သပ်အကွက်ရွေ့တာလို့ယုံကြည်ကြပါတယ်။

Credit: Windows Blog


အခုဆိုရင် Windows 11 Insider Previews ထဲမှာဆိုရင် Discord, Zoom, Lumina AI, VLC အပြင် productivityအတွက် TeamViewer, Adobe Acrobat Reader DC နဲ့ Libre Office တွေရှိနေပါတယ်။ Web Application တွေဖြစ်တဲ့ Reddit, Wikipedia, TikTok, နဲ့ Tumblr တို့လဲရှိနေပါပြီ။ ယခင်ကBrowser ဆိုရင် Microsoft ရဲ့ Edge သာရှိပေမယ့် ဒီနေ့မှာ Opera နဲ့ Yandex Browser တွေရောက်လာပါပြီ။

Microsoft Store အသစ်ဟာ Windows 11 နဲ့အတူ အောက်တိုဘာ ၅ရက်နေ့မှာ စတင်အသုံးပြုနိုင်မှာဖြစ်ပါတယ်။

Source: Techspot and Windows Blog

Post a Comment

0 Comments