Subscribe Us

header ads

Battlefield 2042 တွင် Cheater များကို ညှာတာနေမည်မဟုတ်ဟု DICE ဆို

Photo: Electronic Arts

Battlefield 2042 ထွက်ရှိဖို့ရာ လပိုင်းတော့လိုပါသေးတယ် သို့ပေမယ့် developer ဖြစ်သူ DICE ဟာ toxic ဖြစ်တဲ့ player တွေနဲ့ cheater တွေကို ညှာတာမှာမဟုတ်ကြောင်း မနေ့က EA Blog post တစ်ခုမှာဆိုထားပါတယ်။

Photo: Electronic Arts

Battlefield 2042 မှာ ပုံမှန် multiplayer ဂိမ်းတွေလိုပဲ in-game မှာ player တွေကိုreport လုပ်နိုင်ပါတယ်။ ပုံမှန်မဟုတ်ပဲ ထပ်တိုးပါဝင်လာတာက လိုအပ်လာရင် သီးခြားမှတ်ချက်ပါတပါတည်းပေးနိုင်လာပါတယ်။

Battlefield 2042 မှာ အောက်ပါအတိုင်း report လုပ်နိုင်တဲ့အချက် ၅ချက်ရှိပါတယ်။
  • Abusive Text Chat
  • Abusive Voice Chat
  • Cheating/Exploiting
  • Gameplay Sabotage
  • Offensive Player Name
  • Harassment

နောက်ပိုင်းထွက်တဲ့ Battlefield ဂိမ်းတွေမှာ ပြဿနာအပေးလာဆုံးက cheater တွေပါ။ Battlefield 1 နဲ့ Battlefield V မှာဆို အခြေအနေတွေတော်တော်ဆိုးဆိုးမို့ player တွေဟာ စိတ်မချမ်းမသာဖြစ်ကြရပါတယ်။ ဒီအတွက် EA က cheater တွေကို ချက်ချင်းဘန်းမှာဖြစ်ပြီး သတိပေးချက်တွေ ဂိမ်းကိုဆိုင်းငံ့တာတွေလုပ်နေမှာမဟုတ်ပဲ သတ်မှတ်ထားတဲ့စည်းမျဉ်းအတိုင်းမကစားနိုင်ရင် ထုတ်ပယ်ခြင်းခံရမယ်လို့ဆိုပါတယ်။



Battlefield 2042 မှာ Epic Games ကပိုင်ဆိုင်တဲ့ Easy Anti-Cheat ထည့်သွင်းထားမှာဖြစ်ပြီး လက်ရှိ Apex Legends နဲ့ Star Wars Squadron တို့မှာ အသုံးပြုနေသလို နာမည်ကြီး Fortnite ဂိမ်းမှာလည်းအသုံးပြုနေတာလည်းဖြစ်ပါတယ်။ Battlefield 2042 မှာ crossplay ကစားလို့ရတာမို့ PC မှာ ဘန်းခံရရင် အခြား platform တွေမှာလည်း ဘန်းပြီးသားပါပဲ။ EA အနေနဲ့လိုအပ်ပါက IP နဲ့ Hardware ကိုပါဘန်းဖို့လိုအပ်ပါက ‌ဘန်းမှာဖြစ်ကြောင်းဆိုပါတယ်။ EA အနေနဲ့ Anti-Cheat ကိုပိုမိုတိုးတက်ကောင်းမွန်အောင်ဆက်လက်ဆောင်ရွက်မှာဖြစ်ကြောင်း player တိုင်းအတွက်မျှမျှတတကစားနိုင်အောင် ကြိုးပမ်း‌နေကြောင်းဆိုပါတယ်။

Easy Anti-Cheat ဟာ Battlefield 2042 Open Beta ကာလ (အောက်တိုဘာ ၆ရက်မှ ၁၀ရက်အထိ)နဲ့ နိုဝင်ဘာလဂိမ်းထွက်ရှိတဲ့အချိန်အထိပါဝင်လာမှာဖြစ်ပါတယ်။

Source: PC Gamer and EA

Post a Comment

0 Comments