Subscribe Us

header ads

မျိုးဆက်သစ် CPU များအတွက် AMD မှအတည်ပြုချက် ၅ချက်


မနေ့က AMD ရဲ့ Digital Marketing ဒါရိုက်တာ Robert Hallock နဲ့ ဆွေးနွေးမှု သိရှိရသလောက်က AMD AM4 Socket ရဲ့ သက်တမ်းဟာ ကုန်ဆုံးတော့မှာဖြစ်ကာ မျိုးဆက်သစ် platform တစ်ခုထွက်ပေါ်လာပါလိမ့်မယ်။

၁။ ၂၀၂၂ခုနှစ်မှာထွက်ရှိမည်

AMD ရဲ့ မျိုးဆက်သစ် CPU တွေဟာ လာမယ့်နှစ်ထဲ socket အသစ်နဲ့ထွက်ရှိလာမှာဖြစ်ပြီး ၂၀၂၂ခုနှစ် ဒုတိယနှစ်ဝက်အတွင်းဖြစ်နိုင်ပါတယ်။

ကောလာဟလတွေအရတော့ AM5 ဖြစ်ပြီး LGA Socket သုံးလာမှာပါ။

၂။ DDR5 Memory

မျိုးဆက်သစ် CPUတွေဟာ DDR5 Memory နဲ့လာမှာဖြစ်ပြီး bandwidth နဲ့ capacity လည်း DDR4 တွေထက်ပိုမိုများပြားမှာပါ။

Micron အဆိုအရ clock speed အတူတူမှာ DDR5 ရဲ့ bandwidth က ၁.၃၆ဆ ပိုမိုတယ်လို့ဆိုပါတယ်။
https://enthuetech.blogspot.com/2020/07/bandwidth-micron-ddr5.html?m=1

၃။ PCIE 5.0

မျိုးဆက်သစ် CPUတွေ PCIE 4.0 ထက် bandwidth ၂ဆပိုတဲ့ PCIE 5.0 ကိုအသုံးပြုလာမှာဖြစ်ပါတယ်။

အချို့သော Manufacturer တွေက PCIE 5.0 SSD ကိုဖန်တီးနေကြပါပြီ။

၄။ မျိုးဆက်သစ် platform မှာ AM4 Cooler တွေဆက်သုံးနိုင်

မျိုးဆက်သစ် platform ဖြစ်သွားလို့စိတ်ပူစရာမလိုပါဘူးလို့ Robert Hallock ကဆိုပါတယ်။ AM4 လိုမျိုးmounting style နဲ့ ပြန်လာမှာဖြစ်သလို လက်ရှိ AM4 Cooler တွေလည်း Upgrade Kit မလိုပဲ အဆင်သင့်တပ်သုံးနိုင်တယ်လို့ဆိုပါတယ်။
https://enthuetech.blogspot.com/2021/08/lga-1617-am5-socket-am4-cooler.html?m=1

၅။ AMD 3D V-Cache ပါဝင်သည့် Zen 3 တွေဟာ မျိုးဆက်သစ် motherboard အတွက်မဟုတ်

AM4 ဟာ Zen 3 နဲ့တင်အဆုံးမသတ်သေးပဲ AMD 3D V-Cache နည်းပညာနဲ့ Enhanced လုပ်ထားတဲ့ Zen 3 CPU တွေနောက်နှစ်ဆန်းပိုင်းမှာထွက်ပေါ်လာပါလိမ့်မယ်။ V-Cache က ဂိမ်းစွမ်းဆောင်ရည်ကို ၁၅%အထိမြှင့်တင်ပေးနိုင်တယ်လို့ဆိုပါတယ်။ V-Cache အကြောင်းကို အောက်ပါလင့်မှာဖတ်နိုင်ပါတယ်
https://enthuetech.blogspot.com/2021/09/amd-cpu-3d-v-cache.html?m=1

Source: OC3D

Post a Comment

0 Comments