Subscribe Us

header ads

GeIL မှ ကမ္ဘာ့ပထမဦးဆုံး DDR5 Memory Kit ကိုမိတ်ဆက်

Image: GeIL

ထိုင်ဝမ်အ‌ခြေစိုက် Golden Emperor International Ltd. အမည်ရတဲ့ GeIL ဟာ ကမ္ဘာ့ပထမဦးဆုံး DDR5 Memory Kitဖြစ်တဲ့ Polaris RGB ကိုမိတ်ဆက်ပေးလိုက်ပါတယ်။ ဒီ DDR5 Memory Kit တွေဟာ 12th Gen Alder Lake CPU တွေနဲ့ Z690 Motherboard တွေနဲ့တွဲဖက်နိုင်မှာဖြစ်သလို Zen 4 ထွက်ရှိလာရင်လည်းအသုံးပြုနိုင်ပါတယ်။


Image: OC3D

Polaris RGB ဟာ 4800MHz ကနေ 5600MHzအထိမြန်နှုန်းရှိမှာဖြစ်ပြီး OCလုပ်နိုင်သလိုmodule အနေနဲ့ 8GB၊ 16GB ကနေ 32GB အထိ capacity ရှိမှာဖြစ်ပါတယ်။ ဒီ memory kit တွေမှာ heat Spreader နဲ့ RGB lighting တွေပါဝင်မှာလည်းဖြစ်ပါတယ်။ Heat Spreader ကို Racing Red၊ Titanium Greyနဲ့ Glacier White ဆိုပြီး အရောင်၃မျိုးနဲ့ရနိုင်ပါတယ်။

Image: GeIL

ဒါ့အပြင် ဒီ kit တွေမှာ current monitoring အတွက် PMIC၊ threshold protection ပါဝင်ကာ voltage tweaking ဖို့နဲ့ ချိန်ညှိဖို့ရာ intelligence voltage နဲ့ power management စနစ်တွေလည်းပါဝင်ပါတယ်။ တိကျတဲ့တွက်ချက်မှု‌တွေအတွက် ECC functionလည်း ထည့်သွင်းပေးထားပါတယ်။

Source: GeIL and OC3D


Post a Comment

0 Comments