Subscribe Us

header ads

Gskill ရဲ့ကမ္ဘာ့အမြန်ဆုံး DDR5 Memory Kit


အကောင်းဆုံးmemory စွမ်းဆောင်ရည်ဆိုတာ များပြားလှတဲ့ bandwidth နဲ့ နည်းပါးလှတဲ့ latency တို့တွဲဖက်မှသာရနိုင်တာပါ ဒါ့ကြောင့် PC enthusiast တွေဟာ ဒီလို memory ကိုသာအလိုရှိကြတာဖြစ်ပါတယ်။

Gskill ဟာ ကမ္ဘာ့အမြန်ဆုံး DDR5 Memory Kit ကိုပြသလိုက်ပြီး DDR5 6600MHz မှာ CL36-36-36-76 timing နဲ့ရနိုင်ပါတယ်။ အဆိုပါ memory kitကို 16GB module နဲ့ရှိနိုင်ကာ Samsung DDR5 Memory IC တွေ အသုံးပြုထား‌ပေးပါတယ်။ ဒီmemory kit ဟာ နောက်ဆုံးထွက်ရှိထားတဲ့ Trident Z5 lineup ထဲပါဝင်လာမယ်လို့ Gskill ကဆိုပါတယ်။

လက်ရှိ အစောပိုင်းထွက်ရှိလာတဲ့ DDR5 Memory Kit တွေမှာ CL40အနေနဲ့သာအများဆုံးတွေ့ရပြီး Gskill ရဲ့ CL36ဟာ gamer overclocker နဲ့ hardware enthusiast တွေအကြိုက်ဖြစ်လာဖွယ်ရှိပါတယ်။ CL36ဟာ လောလောဆယ်အမြန်ဆုံးဖြစ်နေပေမယ့် DDR5 Memory တွေပိုကောင်းလာတာနဲ့အမျှ ဒီ‌ထက်ကောင်းတာတွေထွက်ပေါ်လာဖို့ရှိနေပါတယ်။

Source: OC3D

Post a Comment

0 Comments