Subscribe Us

header ads

TSMC မှ ဒေါ်လာ ၇ဘီလီယံတန် ချပ်စ်ထုတ်လုပ်ရေးစက်ရုံကို ဆိုနီနှင့်ပူးပေါင်းတည်ဆောက်မည်


Taiwan Semiconductor Manufacturing Co. (TSMC) ဟာ ဂျပန်နိုင်ငံ Kumamoto Perfecture မှာ ‌အမေရိကန်ဒေါ်လာ ၇ဘီလီယံတန်ချပ်စ်ထုတ်လုပ်ရေးစက်ရုံကို ဆိုနီနဲ့ အခြားကုမ္ပဏီတွေပူးပေါင်းပြီး တည်ဆောက်သွားမယ်လို့ဆိုပါတယ်။

ဒီစက်ရုံဟာ နောက်ဆုံးပေါ်အဆင့်မြင့် ချပ်စ်တွေထုတ်လုပ်သွားမှာမဟုတ်ပဲ 20nm ဝန်းကျင်လောက်သာရှိတဲ့ ချပ်စ်တွေထုတ်လုပ်မှာပါ အများစုက image sensorတွေ မော်တော်ကားတွေနဲ့ အခြားလျှပ်စစ်ပစ္စည်းတွေအတွက်ဖြစ်ပါတယ်။ TSMC ရဲ့ စက်ရုံသစ်ဟာ ကမ္ဘာ့ချပ်စ်ပြတ်လပ်မှုကြောင့် ဂျပန်နိုင်ငံရဲ့စက်မှုလုပ်ငန်းတွေမှာ အခက်ကြုံနေရမှုကိုကုစားပေးနိုင်ပါလိမ့်မယ်။

TSMC စက်ရုံသစ်ကြောင့် ဂျပန်နိုင်ငံဟာနိုင်ငံရပ်ခြားက ချပ်စ်တွေမှီခိုနေရမှုကိုလျော့ချပေးနိုင်လာပါလိမ့်မယ်။ ဒါ့အပြင် ဂျပန်မှာ ဆီမီးကွန်ဒတ်တာတွေထုတ်လုပ်မှုကိုပံ့ပိုးပေးလာနိုင်သလို ပြည်တွင်းမှာထုတ်လုပ်ဖို့ပိုအားသန်လာစေပါတယ်။ ဒီလိုအပြောင်းအလဲတွေကြောင့် ဂျပန်နိုင်ငံက စက်ပစ္စည်း‌တွေနဲ့ဆီမီးကွန်ဒတ်တာထုတ်လုပ်သူတွေဟာ နိုင်ငံရပ်ခြားကိုပြောင်းရွေ့ရမှုကိုလျော့နည်းစေပါလိမ့်မယ်။

ကံဆိုးတာက ဒီစက်ရုံက TSMC ရဲ့ နောက်ဆုံးပေါ် 7nm၊ 5nm နဲ့ 3nm တို့လိုချပ်စ်တွေထုတ်လုပ်မပေးနိုင်သလို စက်ရုံပြီးစီးဖို့ကလည်း ကာလတစ်ခုကြာဦးမှာဖြစ်ပါတယ်။

Source: OC3D

Post a Comment

0 Comments